မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 november 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်ရွေးကောက်ပွဲဝင်ပါတီခေါင်းဆောင်များတွေ့ဆုံ

ရန်ပိုင် Thursday, 25 November 2010 18:01
ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ခေါင်းဆောင်များ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်တွင် တွေ့ဆုံ ဆွေးနွေးကြောင်း သိရ သည်။
              ယနေ့ရန်ကုန်ရွှေဂုံတိုင်ရှိNLDရုံးချုပ်သို့ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်(ဓာတ်ပုံ-အေပီ)
ထိုသို့တွေ့ဆုံရာတွင် ခိုင်မာသည့် ဒီမိုကရေစီ နိုင်ငံအဖြစ် ပေါ်ထွန်းလာရန် NLDပါတီတခုတည်း လုပ်ဆောင်၍ မဖြစ်နိုင်ကြောင်း၊ဒီမိုကရေစီ ကွန်ရက်အသွင်ဖြင့် နိုင်ငံရေးပါတီအားလုံး အတူလက်တွဲ ဆောင်ရွက်ရမည်ဆိုသည့် အခြေခံပေါ်တွင် ဆွေးနွေးကြ ကြောင်း NLDပါတီ ဗဟို အလုပ်အမှုဆောင် တဦး ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
“ဒီမိုကရေစီဆိုတာ အဓိကကတော့ ပြည်သူလူထုပဲ၊ အဲ့ဒီ သဘောတရားတွေ ပြည့်ဝမှ ခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံပေါ် လာမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ၎င်းက ဆိုသည်။
လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်လူမှုရေး၊ပညာရေး၊ယဉ်ကျေးမှုနယ်ပယ်များမှ စတင်ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ ကြ ကြောင်း ဦးအုန်းကြိုင်ကပြောပြသည်။
ဆွေးနွေးပွဲသို့NLDပါတီမှဒုဥက္ကဋ္ဌဦးတင်ဦး၊အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၊ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၊ဦးအုန်းကြိုင်၊ဗိုလ်ကြီးဝင်းထိန်တို့ တက်ရောက်ပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှဥက္ကဋ္ဌဦးသုဝေ၊အတွင်းရေးမှူးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ၊ ဦးနေဖူးဘဆွေ တို့ ပါဝင်ကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ခေါင်းဆောင်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှုများကို သဘောတူကြောင်း၊ ရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြည်သူလူထု လက်ရှိဖြစ်ပေါ်ခံစားနေရသည့် အခက်အခဲ အနေအထားကို သဘော ပေါက်ကြောင်း ပြောသည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကလည်း“ပူးပေါင်းဆောင်ရွက်ရေးမှာ လွယ်ကူတဲ့နည်းလမ်းတွေက စဖို့ ဆွေးနွေးတယ်၊ ပြီးရင်ကျမတို့က ပါတီမှာ ချပြမယ်၊ ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ဆီကို အကြောင်းပြန်မယ်”ဟု ဆိုသည်
မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေးပိုင်းတွင် နိမ့်ကျနေသည့်အပြင် စာပေ၊ ယဉ်ကျေးမှုများ ပျောက်ကွယ်နေကြောင်း၊ ရှင်သန်စေ ရန် ပြန်လည် လုပ်ဆောင်ရေး ဆွေးနွေးကြောင်း၊ ထို့အပြင် လူငယ်များ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ၎င်းကပြော သည်။
ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍မူ အများသိပြီးသော ကိစ္စရပ်များ ဖြစ်၍ ပါတီနှစ်ရပ်စလုံး အနေဖြင့် အသေးစိတ် ဆွေး နွေးခြင်းမရှိဘဲ ယေဘုယျ အားဖြင့်သာ ဆွေးနွေးကြောင်း ဒေါ်သန်းသန်းနုက ဆက်ပြောသည်။
မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးသည် နိုင်ငံရေးသမားများ အားလုံး၊ ပါတီများအားလုံး စုစည်းညီညွတ်ရမည်ဖြစ်သည် ကို သဘောတူကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မည်နည်း ဆို သည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းကလည်း ဆိုသည်။
“အားလုံးက၀ိုင်းဝန်းလုပ်ဆောင်ဖို့၊အကြံဉာဏ်ပေးဖို့၊နိုင်ငံရေးသမားတွေကိုပြည်သူတွေက အားကိုးတယ်ဆိုတဲ့ အကြောင်း လည်း ဆိုတယ်”ဟု ၎င်းကပြောသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လွှတ်တော် သုံးရပ်တွင် ၄၇ နေရာဝင်ရောက် ယှဉ်ပြိုင်ရာ ၃ နေရာသာ အနိုင်ရရှိခဲ့သည်။
ဒေါ်သန်းသန်းနု၊ဒေါ်ချိုချိုကျော်ငြိမ်း၊ဒေါ်နေရီဗဆွေတို့၏ ဖခင်များသည် တချိန်က မြန်မာ့လွတ်လပ်ရေးတွင် ဒေါ်အောင်ဆန်း စုကြည် ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကြိုးပမ်းဆောင်ရွက်ခဲ့သူများ ဖြစ်သည်။ ထိုအမျိုးသမီး ၃ ဦးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း စစ်အာဏာ မသိမ်းခင်အထိ နိုင်ငံရေးလောကတွင် ၀န်ကြီးချုပ်၊ ဒု ၀န်ကြီးချုပ် လုပ်ခဲ့သည့် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့၏ သမီးများဖြစ်သည်။
ယခု ရွေးကောက်ပွဲတွင် မီဒီယာများက“မင်းသမီး သုံးပါး”ဟု တင်စားဖော်ပြခဲ့သည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ရာတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)အပြင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ ကိုတင်မောင်အေး၊ ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုမှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်၊ ကိုကျော်ထွေး တို့ လည်း လာရောက် ဆွေးနွေးကြ ကြောင်း သိရသည်။

Geen opmerkingen: