မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 november 2010

NLD ရပ်တည်ခွင့် နောက်ဆုံး အထူးအယူခံ တင်မည်

မင်းနိုင်သူ Wednesday, 24 November 2010 17:19
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆက်လက် ရပ်တည်ခွင့် အယူခံကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်သော်လည်း အထူးအယူခံ ဆက်တင်သွားမည် ဖြစ်ကြောင်း သတင်းရ ရှိသည်။
နိုဝင်ဘာလ၁၆ရက်နေ့တွင်ရန်ကုန်ဗဟိုတရားရုံးချုပ်သို့NLDဆက်လက်ရပ်တည်ရေးကျမ်းကျိန်ပြီး ပြန်ထွက်လာသောဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်။(ဓာတ်ပုံ-AP)
ပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ကျနော်တို့လူတယောက် ဒီကနေ့ပဲ နေပြည်တော် တရားရုံးချုပ်ကို မိတ္တူသွားကူးနေပါပြီ။ အထူးအယူခံ ထပ်တင်သွားမှာပါ။ ဒီတကြိမ်ထူးခြားတာက ရန်ကုန် တရားရုံးချုပ်မှာ အမိန့်ချမယ်လို့သာ ထုတ်ပြန်စာကပ်ခဲ့ပြီး ပယ်ချတယ်လို့ မပါခဲ့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါအမှုအတွက် နိုဝင်ဘာ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရန်ကုန် ဗဟိုတရားရုံးချုပ်တွင် ကျမ်းကျိန်ခဲ့ပြီးနောက် နေပြည်တော်တရားရုံးက ၂၂ ရက်နေ့တွင် ပယ်ချလိုက်ခြင်းဖြစ်သည်။
ယခု နောက်ဆုံးအကြိမ်တင်ရမည့် အထူးအယူခံတွင်လည်း ပယ်ချခံရမည့် အလားအလာရှိနေသည့်တိုင် NLD ပါတီအနေဖြင့် ဥပဒေလမ်းကြောင်းကို အဆုံးတိုင် လျှောက်မည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
စစ်အစိုးရက ယခုနှစ် မတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၌ တည်ဆဲ တရားဝင် နိုင်ငံရေး ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် ပါတီဆက်လက် တည်ထောင်ခွင့်လျှောက်ရန်နှင့် မလျှောက်ထားပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဖော်ပြခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLDပါတီကစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ဖွဲ့စည်းပုံကိုလည်းလက်မခံနိုင်ဟုဆိုကာနိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
ထို့နောက် NLDအပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ယခင်ပါတီဟောင်းများအား ဖျက်သိမ်းရန် ဥပဒေ အခွင့်အာဏာ မရှိကြောင်း၊ လက်ရှိ မှတ်ပုံတင်ထားသည့် ပါတီကိုသာ ဖျက်သိမ်းခွင့်ရှိသည့်အတွက် ဥပဒေနှင့် မကိုက်ညီကြောင်း၊NLDပါတီသည် ၁၉၈၈ ခုနှစ်က စစ်အစိုးရ ပြဌာန်းထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း (၄/၈၈)ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားသည့် ပါတီဖြစ်ပြီး ပယ်ဖျက်နိုင်သည့် ဥပဒေ အချက်များနှင့်လည်း ငြိစွန်းမှု မရှိကြောင်း ထောက်ပြကာ ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် နေပြည်တော် တရားရုံးချုပ်တွင် တရားရင်ဆိုင်နေခြင်းဖြစ်သည်။
“သီးခြားသက်သာခွင့်ဥပဒေ၄၅နဲ့၅၅အရပါတီရပ်တည်ခွင့်မရှိတော့ဘူးဆိုတဲ့ပြောဆိုချက်၊ ပြဌာန်းချက်တွေဟာ မှားတယ်ဆိုတာကို အမြဲတမ်း တားမြစ်မိန့် ထုတ်ပေးဖို့ လျှောက်ထားနေတာပါ။ ပြီးတော့ ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့၊ ဒီ၂ခုအတွက်ဥပဒေလမ်းကြောင်းအတိုင်းလုပ်နေတာပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ပါတီရပ်တည်ခွင့်အတွက် နောက်တကြိမ်တင်မည့် အထူးအယူခံတွင် ပယ်ချခံရလျှင်လည်း NLDသည် ပါတီတရပ်အသွင်ဖြင့်သာ နိုင်ငံရေး ဆက်လုပ်သွားမည်ဟု ဦးဉာဏ်ဝင်းက အတိအလင်း ပြောဆိုလိုက်သည်။

Geen opmerkingen: