မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 november 2010

ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ်

ဧရာဝတီ Friday, 12 November 2010 19:42 သတင်း
.ကရင်ပြည်နယ်မြ၀တီမြို့တွင်ရွေးကောက်ပွဲကျင်းပသည့်နိုဝင်ဘာ၇ရက်နေ့ကစတင်ဖြစ်ပွားသည့် တိုက်ပွဲအတွင်းဖမ်းဆီးခဲ့သောနအဖဘက်မှဗိုလ်ကြီးသက်နိုင်ကိုတိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)ဗိုလ်မှူးကြီးစောလားပွယ်တပ်ဖွဲ့မှယနေ့မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
                                                                                                          ဗိုလ်ကြီးသက်နိုင်
စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ)(၈)လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBAတပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။
"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်၊ကျနော့်မှာအမေပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။
ဗိုလ်ကြီးသက်နိုင်ကိုDKBAကမြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။
ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။
ယင်းDKBAနှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။
နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ DKBA နှင့် စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲနှင့် ပတ်သက်၍ “စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုကမဲမပေးချင်ဘူး။ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာကျနော်တို့တပ်တွေနေရာစယူခဲ့တာပါ”ဟု ဗိုလ်မှူးကြီး စောလားပွယ် က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
စစ်အစိုးရ သတင်းစာများ၌ ကရင်ပြည်နယ် မြ၀တီမြို့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)က လက်နက်ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံး၍ ၂၀ ဒဏ်ရရှိ ကြောင်းရေးသား ဖော်ပြသည်။

Geen opmerkingen: