မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 november 2010

မြောက်ဥက္ကလာနှင့် သင်္ဃန်းကျွန်း မြို့နယ်များကို ရေဖြတ်

လွင်ကို Monday, 22 November 2010 17:19 သတင်း
.၂၀၁၀ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအင်အားစု(NDF)အနိုင်ရရှိထားသောမြောက်ဥက္ကလာပ မြို့နယ်နှင့်သင်္ဃန်းကျွန်း မြို့နယ်များကိုအာဏာပိုင်များက အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း NDF ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။
ယင်းမြို့နယ်နှစ်ခုသည် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မဲ ရလဒ် ရှုံးနိမ့်ခဲ့ပြီး NDF က အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်များ ဖြစ်ကြောင်း သိရသည်။
"ရွေးကောက်ပွဲပြီး သုံးရက်မှာ ရေပြတ်တယ်။ ရွေးကောက်ပွဲ အပြီးမှာ မြောက်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းမြို့နယ်ကို အမည်းရောင် နယ်မြေ သတ်မှတ်ထားတယ်လို့ ကျနော်ကြားတယ်"ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် က ဆိုသည်
ထိုသို့ရေပြတ်ခြင်းမှာမြို့နယ်စည်ပင်မှ ရေဖြတ် ခြင်းကြောင့် ဖြစ်သည်ဟု သတင်းများထွက်ပေါ်လာကြောင်း သင်္ဃန်းကျွန်းဒေသခံ များကလည်း ပြောသည်။
ရေပြတ်တောက်မှုကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများအနေဖြင့် သောက်သုံးရေရရှိရန် ရေ၀ယ်ယူ သုံးစွဲနေရကြောင်း သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ် ရပ်ကွက်မှ ဒေသခံတဦးက ဆိုသည်။
“ကျမတို့မြို့နယ်မှာ သူတို့တွေ(ကြံ့ဖွံ့ပါတီ) ရှုံးတယ်လေ၊ အဲဒါနဲ့ ပတ်သက်ပြီး ရေဖြတ်တာပါ"ဟု ၎င်းက ပြောသည်။
NDF ပါတီက သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ နှင့် ၂၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ စသည့် လွှတ်တော် သုံးရပ်စလုံးတွင် အနိုင်ရရှိထားကြောင်း သိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်NDFပါတီမှပါတီဝင်တဦးကလည်း“ဒီလုပ်ရပ်ကကျနော်တို့ပါတီ အနေနဲ့ လွှတ်တော်သုံးရပ်လုံးမှာ အနိုင် ရရှိခဲ့တယ်။ ကြံ့ခိုင်ရေးကို အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့အတွက် အခုလိုလုပ်တယ်လို့ မြင်တယ်”ဟု ဆိုသည်။
“သူတို့တွေအနေနဲ့ရာခိုင်နှုန်း တော်တော်များများလည်း အနိုင်ရထားပြီးပြီ၊ အခုလိုသူတို့ရှုံးတဲ့မြို့နယ်တွေကို ရေဖြတ်တာ မီးဖြတ်တာ တွေ မလုပ်သင့်ဘူးလို့ ထင်တယ်”ဟု မြောက်ဥက္ကလာပမြို့နယ် ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ရှိ နေရာပေါင်း ၁၁၅၄ နေရာတွင် ကြံ့ဖွံ့ပါတီက ၈၈၃ နေရာ အနိုင်ရပြီး ရာခိုင်နှုန်း အားဖြင့် ၇၆.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ NDF က ၁၆ နေရာ အနိုင်ရရှိကြောင်း တရုတ် People Daily အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာ ၁၈ ရက်နေ့က ရေးသားထားသည်။
NDF သည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၆၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၆ နေရာတွင်သာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ၂၀ ရက်နေ့က ၎င်း၏နေအိမ်၌ ကျင်းပသည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဂုဏ်ပြုပွဲတွင် ပြည်သူများ လက်ရှိကြုံတွေ့ နေရသော ရေ အခက်အခဲကို စတင်ဖြေရှင်းပေးနေကြောင်း ဦးသိန်းညွန့်က ပြောဆိုထားသည်။
ဦးသိန်းညွှန့်ကို ပြင်ပမီဒီယာများနှင့် တာဝန်မဲ့ပြောဆိုသည်ဟူသော အကြောင်းပြချက်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့မှ စတင်၍ NDF ပါတီက ထုတ်ပယ်ထားသည်။

Geen opmerkingen: