မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 november 2010

မဲမသမာမှုအတွက်ပါတီ၂ခုရဲစခန်းတွင်အမှုဖွင့်

မင်းနိုင်သူ Thursday, 25 November 2010 18:20 
ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းများအတွင်း မမှန်မကန် လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပါတီ ၂ ခု က သက်ဆိုင်ရာ ရဲစခန်းများတွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲဆို နေပြီဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်(UMFNP)နှင့်အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီတို့ကယခုသတင်းပတ်အတွင်းသက်ဆိုင်ရာရဲစခန်းများတွင်အမှုဖွင့်တိုင်ကြားခဲ့ရာ ယမန်နေ့မှစတင်၍ အမှုကို လက်ခံစစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။
“ပေါက်ခေါင်း၊ ပြည်၊ ရွှေတောင်၊ အင်းမ ရဲစခန်းတွေမှာ တင်ထားတဲ့ အမှုတွေကို မနေ့က စတင် စစ်ဆေးနေပါပြီ။ ကျနော်တို့ တင်ပြတဲ့ သက်သေတွေကို စ စစ်ပါတယ်”ဟုUMFNPပါတီခေါင်းဆောင် ဦးအေးလွင်က ပြောသည်။
ရန်ကုန်တိုင်း သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်း စသည့် ၃ မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် NDFပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးသိန်းဇော်ညွန့်၏ တိုင်တန်း ချက်ကိုလည်း သုံးခွမြို့နယ် ရဲစခန်းက ယမန်နေ့က စတင်စစ်ဆေးနေကြောင်း သိရသည်။
NDFပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဦးသိန်းဇော်ညွန့် တင်ထားတဲ့ အမှုတွေကို စစ်ဆေးနေပါပြီ။ ကျနော်တို့ ပါတီရဲ့ တခြား လွှတ်တော် ကိုယ်စားလှယ် လောင်းတွေလည်း သူတို့ ဆန္ဒသဘောအရ ရဲစခန်းမှာ အမှုဖွင့်ချင်တယ်ဆိုရင် ရုံးချုပ်ကနေ ဥပဒေ အကြံပေးမှုတွေ ပြုလုပ်ပေးဖို့ ရှိပါတယ်”ဟု ဆိုသည်။
NDF ပါတီ၏ တခြားသော လွှတ်တော် ကိုယ်စားလှယ်လောင်း ၅ ဦး ခန့်ကလည်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကြမည့် အလားအလာ ရှိနေကြာင်း သိရသည်။
ယခုပါတီ ၂ ခုက ရွေးကောက်ပွဲဥပဒေ အခန်း (၁၃)ပါ ပြစ်မှုပုဒ်မခွဲ ၅၉၊ ပုဒ်မခွဲ ၆၄ တို့အရ အမှုဖွင့်နေ ကြခြင်းဖြစ်သည်။ ပြစ်မှု ထင်ရှားပါက မသမာမှုပြုလုပ်ခဲ့သူများအနေနှင့် ၁ နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ် (သို့မဟုတ်) ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရမည်ဖြစ်သည်။
သို့သော် အဆိုပါ ဥပဒေများဖြင့် အမှုဖွင့် တိုင်ကြားပါက ရွေးကောက်ပွဲ ကျင်းပနေစဉ်နှင့် ကျင်းပအပြီး ၁၅ ရက် အတွင်း၌သာ တိုင်တန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မတရား မှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပအပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ငွေ ၁၀ သိန်းတင်၍ ကန့်ကွက်လွှာ တင်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၅ တွင် ဖော်ပြထားသည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် အများစုက ယင်းနည်းလမ်းကို ဆောင်ရွက်လိုခြင်း မရှိကြပေ။

Geen opmerkingen: