မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 november 2010

ပထမဆုံး ပြိုင်ကား ပြပွဲ ကျင်းပမည်

လွင်ကို Thursday, 25 November 2010
မြန်မာနိုင်ငံ၌ ပထမဆုံး ပြိုင်ကား ပြပွဲကို ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံ အနီးရှိ Top Ruby Land Racing Karts Club တွင်၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
TopRubyLandRacingKartsClub(ယခင်ကGalaxyပြိုင်ကားမောင်းကွင်း)တွင်တွေ့ရသည့်ကလေး ပြိုင်ကားများ(ဓာတ်ပုံ-weeklyeleven)
အဆိုပါ ပြိုင်ကားပြပွဲတွင် ဂျပန်နိုင်ငံနှင့် အီတလီနိုင်ငံတို့မှ ထုတ်လုပ်သော ပြိုင်ကားများကို ပြသသွားမည် ဖြစ်ကြောင်း Top Ruby Land Racing Karts Club တာဝန်ရှိသူ တဦးက ပြောသည်။
“ကားပြပွဲမှာ အီတလီနဲ့ ဂျပန်နိုင်ငံထုတ် ကားတွေ ပြသွားမှာပါ။ ဂျပန်နိုင်ငံထုတ် YAMAHA၊KAWASAKI ၊ HOMAR ဆိုတဲ့ ပြိုင် ကားတွေ ပြသွားမယ်။ ပြသမယ့်ကား အစီးရေက ၁၅စီးလောက်ရှိမယ်”ဟု TopRuby LandRacingKartsClub မှ ဦးအောင်နိုင်ဦး က ပြောဆိုသည်။
အဆိုပါပြိုင်ကားပြပွဲတွင် ပြပွဲလာရောက်သူများ ဝယ်ယူနိုင်ရန်လည်း စီစဉ်ထားပြီး ဈေးနှုန်းများမှာ အနည်းဆုံး ကျပ် ၃၅ သိန်းမှ ကျပ် သိန်း ၁၀၀ အထိ သတ်မှတ်ထားကြောင်းလည်း ၎င်းက ဆိုသည်။
ယင်း ကားပြပွဲကို ယခုလ ၂၇ ရက်နေ့တွင် ခင်းကျင်းပြသနိုင်ရန် စီစဉ်ထားသော်လည်း ပြည်တွင်းသို့ ပြိုင်ကားများ ရောက်ရှိမှု နှောင့်နှေးနေသည့်အတွက် ရက်ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ပြိုင်ကားပြပွဲတွင် ဒုတိယအကြိမ် ကလေး ကားမောင်းပြိုင်ပွဲ ကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း TopRubyLandRacingKartsClub မှ သင်တန်း ဆရာတဦးက ဆိုသည်။
ကလေး ကားမောင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မည့် ကလေးများကို အသက် ၆ နှစ် မှ ၁၄ နှစ် ကြား သတ်မှတ်ထားပြီး ပြိုင်ပွဲ ဝင်ကြေးကို ကျပ် သုံးသောင်း သတ်မှတ် ထားကြောင်း ၎င်းက ပြောသည်။
“ဒီလိုပြိုင်ပွဲတွေကို ဝင်ပြိုင်မယ့်သူက နေ့စဉ် အလေ့အကျင့်ရှိပြီး သူတယောက်ဖြစ်ရမယ်။ သာမန် လူတန်းစားတွေ အတွက်တော့ ဝင်ပြိုင်ဖို့မလွယ်ပါဘူး။ ဒီပြိုင်ကားကွင်းက ပိုက်ဆံရှိ သူတွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ထားတာပါ။ ပြိုင်ကားကွင်း က ကားတွေ ကတော့ နည်းနည်းညံ့တယ်”ဟု အဆိုပါ ပြိုင်ကားကွင်းတွင် လေ့ကျင့်မောင်းနှင်ဖူးသူ တဦးက ဆိုသည်။
ကားပြိုင်ပွဲများကို၂၀၁၀ ပြည့်နှစ်အတွင်း ဖေဖော်ဝါရီ ၁၄ ရက်၊ ဧပြီ ၁၈ ရက်၊ ဇွန် ၂၀ ရက်၊ သြဂုတ် ၂၂ ရက်၊ အောက်တိုဘာ ၂၄ ရက်နှင့် ဒီဇင်ဘာ ၁၉ ရက် စုစုပေါင်း ၆ ကြိမ် ကျင်းပရန် စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလ အတွင်းတွင်သာ ကျင်းပနိုင်ခဲ့သည်။
TopRubyLandRacingKartsClubသည် ယခင်ကGalaxyပြိုင်ကားမောင်းကွင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကွင်းအရှည်မီတာ၁၂၅၀ကျော် ရှည်လျားကာ ဧရိယာ ၆.၅ ဧက ကျယ်ဝန်းပြီး 2strokeကား ၁၅ စီး၊4strokeကား ၅ စီးတို့ဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် TopRubyLandRacingKartsClub အဖြစ် အမည် ပြောင်းလဲ ခဲ့ကြောင်း သိရသည်။

Geen opmerkingen: