မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 november 2010

မြကျွန်းသာ ဥယျာဉ် ပုဂ္ဂလိကသို့ လွှဲပြောင်း

လွင်ကို Wednesday, 24 November 2010 15:23
.ရန်ကုန်မြို့ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို အာဏာပိုင်များက ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီငါးခု သို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ၄၄ဒသမ၅၀၆ဧကကျယ်ဝန်းသောဥယျာဉ်ကိုစစ်အစိုးရနှင့်နီးစပ်သည့်ဦးဇော်ဇော်ပိုင်၏ မက်စ်မြန်မာ အပါအ၀င်ဧဒင်အုပ်စု၊ဒိုင်းမွန်း၊ရူဂျီ၊MagicLandကုမ္ပဏီများကိုBOTစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
                  မြကျွန်းသာအပန်းဖြေဥယျာဉ်ညဘက်ရှုခင်းကိုတွေ့မြင်ရစဉ်(ဓာတ်ပုံ-mmdailynews.com)
“ဒီဥယျာဉ်ကိုလွှဲပေးလိုက်တယ်။ကုမ္ပဏီငါးခုကသူ့အပိုင်းနဲ့သူပြန်လည်ပြင်ဆင်ကြမှာ။ဦးဇော်ဇော်ဆို ကျွန်းသုံးကျွန်းကိုလုပ်ကိုင်ခွင့်ရထားတယ်”ဟုမြကျွန်းသာဥယျာဉ်အတွင်းစားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ တဦးက ဆိုသည်။
မက်စ်မြန်မာ အနေဖြင့် ဥယျာဉ်အတွင်းရှိ ပင်မကျွန်း၊ ဆိတ်ငြိမ်ကျွန်းနှင့် ကျောက်စိမ်းကျွန်း တို့တွင် စားသောက်ဆိုင်များ၊ စီးပွားရေး အဆောက်အအုံများ၊ အပန်းဖြေ အားကစားကွင်းများကို တည်ဆောက်မည်ဖြစ်ကြောင်း ဦးဇော်ဇော်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
ထိုကဲ့သို့ စီးပွားရေးကုမ္ပဏီများကို လွှဲပြောင်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက် အောက် ရှိ ပန်းဥယျာဉ်ဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခွင့်မရှိကြောင်း ပြောသည်။
MagicLandကုမ္ပဏီတာဝန်ရှိသူတဦးက“အခုရတဲ့ကုမ္ပဏီတွေအနေနဲ့လုပ်ကိုင်ခွင့်ရတဲ့ ကာလအပိုင်းအခြား ကို အခုထိမသိ သေး ပါဘူး။ နောက်ပြီး အစိုးရProjectတွေဆိုကုမ္ပဏီအကြီးကြီးတွေကိုပဲ ချပေးတော့တယ်။ အသေးစားလေးတွေ အလုပ်မဖြစ် တော့ဘူး”ဟု ဆိုသည်။
ဦးတေဇပိုင် ထူးထရေးဒင်း ကုမ္ပဏီကလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် နှင့် ရန်ကုန်တိုင်း အတွင်းရှိ လှော်ကား သဘာဝ ဥယျာဉ် စသော အထင်ကရ နေရာများကို နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည်။
ယခု လွှဲပြောင်းပေးလိုက်သော မြကျွန်းသာဥယျာဉ်တွင် ရေပေါ်ဂေါက်ကွင်း၊ မီနီ ရုပ်ရှင်ရုံ၊ActivitiesZone၊ RecrestionZoneစသည်တို့ပါဝင်သောအဆင့်မြင့်အပန်းဖြေစခန်းတခုအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
စစ်အာဏပိုင်များက ယခုနှစ် နှစ်ဆန်းပိုင်း ကလည်း ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို ပြည်တွင်း ကုမ္ပဏီတခုဖြစ်သည့် Natural World ကုမ္ပဏီသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးခဲ့သေးသည်။

Geen opmerkingen: