မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 16 november 2010

နယ်စပ်တိုက်ပွဲများကြောင့် ဆေးဈေးနှုန်း မြင့်တက်

နရီလင်းလက် Tuesday, 16 November 2010 16:14 သတင်း
.ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲများကြောင့်နယ်စပ်မှတင်သွင်းလာသည့်ဆေးဝါးဈေးနှုန်းများမြင့်တက်သွား
ကြောင်း ရန်ကုန် ဆေးဝါး လက်လီ လက်ကား ဖြန့်ဖြူးရောင်းချ သူများက ပြောသည်။
နိုဝင်ဘာ၈ရက်နေ့ကထိုင်း-မြန်မာနယ်စပ်မြဝတီမြို့အတွင်းDKBAခွဲထွက်တပ်သားများနှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်နေစဉ်(ဓာတ်ပုံ-အေပီ)
နယ်စပ်မှ တင်သွင်းလာသော လိုင်းပစ္စည်းဟု ခေါ်ဝေါ်ကြသည့် တရားမ၀င်ဆေးဝါး များသည် အိန္ဒိယနိုင်ငံ မှ အများဆုံး ၀င်ရောက်သော်လည်း ဈေးကွက်အရ ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် ဆေးဝါးများမှာ ပိုမိုအရောင်း တွင်ကျယ်ပြီး စိတ်ချစွာ သုံးစွဲသူ ပိုများကြောင်း သိရသည်။
မြဝတီ -မဲဆောက် တံတားပိတ်ထားချိန်မှ စတင်၍ ကုန်စည်စီးဆင်းမှု ခေတ္တ ရပ်တန့်သွားခဲ့သော်လည်း ဒေသခံ လက်နက်ကိုင် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ပိုင် ကားများဖြင့် ကုန်စည်များ ဆက်လက် စီးဆင်းနေခဲ့ကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲနောက်ပိုင်း နယ်စပ် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ကုန်စီးဆင်းမှု အခက်အခဲဖြစ်ကာ ဈေးနှုန်း မြင့်တက် လာကြောင်း မင်္ဂလာဈေးတွင် တင်သွင်းရောင်းချနေသည့် ဆေးကုန်သည်များက ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုင်းရင်းသားများနှင့် စစ်အစိုးရတပ်များ၏ တိုက်ပွဲများကြောင့် ကားများ သွားလာခွင့် မရခြင်း၊ ရရှိပါကလည်း နှောင့်နှေးမှုများ ဖြစ်ပေါ်နေခြင်း တို့ကြောင့် ဆေးဈေးကွက်တွင် တဘူး၊ တပုလင်းလျှင် ကျပ် ၃၀၀ မှ ၁၀၀၀ ကျပ်အထိ ဆေးအမျိုးအစားပေါ် မူတည်၍ ဈေးနှုန်း မြင့်တက်သွားသည်ဟု မင်္ဂလာဈေးတွင် ဆေးဝါး လက်လီ လက်ကား ရောင်းချနေသူ ဆိုင်ရှင်တဦးက ပြောသည်။
“ပြည်တွင်းထုတ် ဆေးတွေက လောက်မှ မလောက်တာ။ ဒီတော့ အခုလို နယ်စပ်က တရားမ၀င် ၀င်လာတာတွေ အကုန် သွင်းပြီး ရောင်းကြတာပဲ။ လူတွေကလည်း ဒါတွေပဲ သုံးနေတာပဲ။ ဘယ်သူမှ လိုက်ပြီး အောက်လမ်းက ၀င်တာလား၊ ကုမ္ပဏီက ၀င်တာလား မေးမနေဘူး။ ဒီလိုမျိုး လိုင်းပစ္စည်းက မရှိလို့လည်း မဖြစ်ဘူး။ နယ်စပ် တိုက်ပွဲတွေ ဖြစ်နေတော့ ကုန်ကားတွေလည်း မသွားတော့ဘူး” ဟု သူက ရှင်းပြသည်။
၎င်းက ဆက်လက်၍ ထိုင်းနယ်စပ်မှ ၀င်ရောက်လာသည့် ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန် ပစ္စည်းများ အားလုံး ဈေးတက် သွားကြောင်း၊ ပြည်သူလူထုအတွက် ဆေးဝါးနှင့် စားသောက်ကုန်သည် အဓိကဖြစ်သောကြောင့် ရောင်းချသူသာမက၊ စားသုံး သူပါ အခက်အခဲ ဖြစ်နေရာ နယ်စပ် ကုန်သွယ်ရေးကို အဆင်ပြေစေရန် ဖန်တီးပေးသင့်ကြောင်း ပြောသည်။
“နယ်စပ်တံတား ပိတ်တုန်းကလည်း ဈေးတက်တယ်။ ရခိုင် မုန်တိုင်းဖြစ်တော့လည်း အဲဒီမှာ လိုတဲ့ဆေးတွေ အကုန် ဈေး တက်တယ်။ အခုလည်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ လိုင်းဆေးရော၊ ကုမ္ပဏီက လာချတဲ့ ဆေးတွေပါ ဈေးတက်တယ်။ လိုင်းဆေး ကတော့ ၃၀၀ လောက်တက်တယ်။ မနေ့က ကုမ္ပဏီက လာချပေးတဲ့ ဆေးဆိုရင် အရင် တကတ်ကို ကျပ် ၂၉၀၀ ကနေ အခု ၃၉၀၀ အထိ ဖြစ်သွားတယ်။ ဈေးတက်ပေမယ့် ၀ယ်လိုအားက ရှိနေတော့ ယူရောင်းရတာပဲ”ဟု ဗိုလ်ချုပ်ဈေးသစ် တွင် ဆေးဝါးရောင်းချနေသူ တဦးက ပြောသည်။
မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း စက်ရုံမှ ဈေးကွက် လိုအပ်ချက် ရှိသလောက် ဖြန့်ဖြူး ပေးနိုင်ခြင်းမရှိသောကြောင့် နယ်စပ်မှတဆင့် ၀င်ရောက်လာသည့် ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေရကြောင်း ဆေးဆိုင်များ၏ ပြောပြချက်အရ သိရသည်။
“လူသုံးများတဲ့ ဆေးဝါးတွေဆို ပိုဈေးတက်တယ်။ နောက်တခုက ကုန်သည်တွေဆီမှာ ဆေးတွေ လှောင်ထားတာ ရှိတယ်။ သူတို့က မထုတ်ဘဲ ဈေးကစားနေတာမျိုးတွေပေါ့။ အဲဒီလို မျိုးတွေကြောင့်လည်း ဆေးဈေးက တက်ပြန်ရော” ဟု လသာ မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
ဆေးကုမ္ပဏီများမှ တရားဝင်သွင်းသည့် ဆေးများရှိသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ ဆေးဈေးကွက်ထဲတွင် နယ်စပ်မှ ၀င် ရောက်လာသည့် လိုင်း ဆေးများသည် ဈေးနှုန်း ပိုမို သက်သာခြင်းကြောင့် သုံးစွဲသူသာမက၊ ရောင်းချသူပါ အဆင်ပြေ သဖြင့် လိုင်း ပစ္စည်းဈေးကွက် သီးသန့် ဖြစ်ပေါ်နေကြောင်း အဆိုပါ ဆေးဆိုင်ပိုင်ရှင်က ပြောသည်။
“လိုင်းဆေး ဆိုတာကလည်း နယ်စပ်က လာတာဆိုတော့ နယ်စပ်မှာ တခုခုဖြစ်တာနဲ့ ဒီဘက်က စီးပွားရေး သမား တွေကလည်း ဈေးတက်မယ်ဆိုပြီး စောင့်နေတာမျိုးရှိတယ်။ ဒီလိုမဖြစ်အောင် ပြည်တွင်းမှာ ဆေးဝါး လုံလောက်အောင် ထုတ်ဖို့လိုတယ်။ နယ်စပ်အရေး တည်ငြိမ်မှ နယ်စပ်ကုန်သွယ်ရေးပါ တွဲလျက် ငြိမ်မှာပါ” ဟု ဆေးကုမ္ပဏီတခုမှ ဖြန့်ချိရေး မန်နေဂျာတဦးက ပြောသည်။
လက်ရှိ ဈေးကွက် အတွင်း ရောင်းချနေသည့် နိုင်ငံခြားဆေးဝါး တချို့သည် မှတ်ပုံတင်ထားခြင်း မရှိဘဲ တရားမ၀င်ရောင်း ချနေသော်လည်း ပြည်တွင်းထုတ်လုပ်မှု စွမ်းအား တိုးမြင့်နိုင်ခြင်း မရှိသည့်ပြင် အဘက်ဘက်မှ အားနည်းချက်များ ရှိနေသောကြောင့် အာဏာပိုင်များ အနေဖြင့် ယင်းတရားမဝင် ရောင်းချမှုများကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်းမရှိဟု သူက ဆိုသည်။

Geen opmerkingen: