မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 november 2010

ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်သူများပြားနေ

ဧရာဝတီ Saturday, 13 November 2010 11:14 သတင်း
.မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆို၍ ရန်ကုန်မြို့ ဗဟန်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်နှင့် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး၌ ယမန်နေ့က ကဲ့သို့ပင် ယနေ့ နံနက်ပိုင်းက စပြီး သတင်းထောက်များ အပါအ၀င် လူအများ လာရောက်စောင့်မျှော်နေကြကြောင်း သတင်းရရှိသည်။
NLD ရုံးချုပ်ရှေ့တွင် ယနေ့နံနက်ပိုင်း နာရီမှ စ၍ လူအုပ်မှာ တဖြည်းဖြည်းများလာကာ လူ ထောင်ဂဏန်း ၀န်းကျင်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အနီးဝန်းကျင်တွင်လည်း လူ ၂၀၀ ၀န်းကျင်အထိ ရှိလာကြောင်း သတင်းထောက်များနှင့် မျက်မြင် များက ပြောဆိုသည်။
“တချို့တွေက ကားနဲ့ လာလှည့်ကြည့်သွားကြတယ်၊ သတင်းသမားတွေကတော့ ၁၀၀ ၀န်းကျင်လောက် ရှိတယ်”ဟု နိုင်ငံခြား သတင်းဌာန သတင်းထောက် တဦး က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယနေ့ ပြည့်ပြီ ဖြစ်သည်။
“ဥပဒေကြောင်းအရဆက်လက်ထိန်းသိမ်းလို့မရပါဘူး၊ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမှုနဲ့ ကျခံနေရတာ မဟုတ်ဘူး၊ ရာဇ၀တ်မှုနဲ့ကျခံနေရတာ ဖြစ်တယ်၊ အကယ်၍ မလွတ်ခဲ့ဘူးဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသတာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

Geen opmerkingen: