မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 15 november 2010

ရွေးကောက်ပွဲရလဒ် လက်မခံကြောင်း RCCSS က ကြေညာ

မင်းနိုင်သူ Monday, 15 November 2010 18:23 သတင်း
.စစ်အစိုးရ၏၂၀၁၀ရွေးကောက်ပွဲရလဒ်ကိုလုံးဝလက်ခံမည်မဟုတ်ကြောင်းရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဗဟိုဦးစီးကော်မတီ(RCCSS)ကနိုဝင်ဘာ၁၁ရက်နေ့ရက်စွဲဖြင့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲသည် စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် ရွေးကောက်ပွဲ ကော်မရှင်များက ပြည်သူလူထုအား အဓမ္မ မဲပေးစေခြင်း၊ မဲလိမ်၊ မဲခိုးခြင်း၊ ကြိုတင်မဲ ကောက်ယူခြင်း၊ ကျေးရွာနှင့် ရပ်ကွက် လူကြီးများအား ကိုယ်စား မဲပေးစေခြင်း စသည့် မတရားသည့် နည်းပေါင်းစုံ သုံးခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ပါရှိကြောင်း သျှမ်းသံတော်ဆင့် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ကြံ့ဖွံ့ပါတီက အနိုင်ရ၍ အစိုးရဖွဲ့နိုင်သည် ဆိုသည့် တိုင် ပြည်ထောင်စု ပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာ များကိုလည်း ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း၊ ပြည်တွင်း စစ်မီးကိုသာ ပိုမို တောက်လောင် စေမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်တို့ ကျူးလွန်နေသော စစ်ရာဇ၀တ်မှုများ၊ တရား မမျှတမှုများ ပပျောက်မှသာ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မည်ဖြစ်ရာ ဤအချက်များအပေါ် နိုင်ငံတကာက အလေးဂရုမူ သင့်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်ဟု သိရသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် ပြည်သူလူထုကို အဓမ္မ မဲပေးခိုင်းခြင်းကြောင့် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်မခံသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက် အဖွဲ့မှ ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်နှင့် နအဖ စစ်တပ်တို့ မြ၀တီတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း နယ်ခြားစောင့်တပ်အသွင်ပြောင်း ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း (SSA–N)နှင့် နအဖတပ်တို့ တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။
ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)စသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသည် ထိုင်းမြန်မာ နယ်စပ်တနေရာတွင် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီတရပ်ကို နိုဝင်ဘာ ၄ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ၃ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ တရပ်ကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။

Geen opmerkingen: