မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 21 mei 2011

အင်းစိန်ထောင်အမျိုးသမီးဆောင်ဆန္ဒပြဟုAAPPပြော

အောင်မြတ်စိုး သောကြာနေ့၊ မေလ၂၀ရက်၂၀၁၁ခုနှစ်၁၇နာရီ၂၁မိနစ် . 
ဘန်ကောက်(မဇ္ဈိမ)။ ။ရန်ကုန်မြို့အင်းစိန်ထောင်ရှိအမျိုးသမီးဆောင်တွင်နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအမျိုးသမီးအချို့အစာငတ်ခံဆန္ဒပြနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)AAPPအတွင်းရေးမှူးဦးတိတ်နိုင်က ပြောသည်။
“ကျနော်တို့သိရသလောက်ကတော့၁၇ရက်နေ့ကတည်းကအင်းစိန်ထောင်အမျိုးသမီးဆောင်မှာ ဆန္ဒပြနေတယ်လို့သိရပါတယ်။အဓိကကအစာငတ်ခံဆန္ဒပြတာပါ။၁၆ရက်နေ့ကထုတ်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာမကျေနပ်လို့ဆန္ဒပြတယ်လို့သိရပါတယ်”ဟုဦးတိတ်နိုင်က ပြောသည်။
အကျဉ်းဦးစီးဌာနကိုမဇ္ဈိမကဆက်သွယ်မေးမြန်းရာဖြေကြားရန်ငြင်းဆန်လိုက်သည်။
နိုင်ငံရေးအကျဉ်းသားများအရေးကူညီစောင့်ရှောက်နေသူရန်ကုန်မြို့ရှိတက်ကြွလှုပ်ရှားသူတဦးကတော့ ဦးသိန်းစိန်အစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်ပေးဟန်ဆောင်သောကြေညာမှုအပေါ်ရှုတ်ချသောအနေဖြင့် အဆောင်၇မှအမျိုးသမီးများဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြသူအရေအတွက်ကိုမပြောနိုင်သော်လည်းမဥမ္မာမြင့်၊မသန္တာအောင်နှင့်မအေးချမ်းတို့ပါဝင်သည်ဟု ဆိုသည်။သောကြာနေ့ထောင်ဝင်စာတွေ့ရာတွင်မဥမ္မာမြင့်ကအစားအသောက်များကိုလက်မခံဘဲပြန်ပေးလိုက်သည်ဟု ဆိုသည်။
အကျဉ်းဦးစီးဝန်ထမ်းတဦးအပြောအရမဥမ္မာမြင့်နှင့်မသန္တာတို့ကျန်းမာရေးမကောင်းဘဲဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။
သတင်းအမှောင်ချခံထားရသောထောင်တွင်းအစာငတ်ခံဆန္ဒပြမှုကနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို စိုးရိမ်ပူပန်မှုများ တိုးနေစေတော့သည်။
“ကျနော်လည်း ဒီမနက်ပဲ သိရတယ်။ လူဦးရေတော့ အတိအကျ မသိရသေးဘူးခင်ဗျ” ဟု အဆိုပါအဆောင် ၇ မှ အကျဉ်းကျနေသူ အမျိုသမီးတဦး၏ ခင်ပွန်းက မဇ္ဈိမကို ပြောဆိုသည်။
AAPP၏မေလ၃ရက်ထုတ်ပြန်သည့်စာရင်းဇယားများအရအင်းစိန်ထောင်တွင်နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူပေါင်း၄၂ဝရှိပြီး၊ထိုအထဲတွင်အမျိုးသမီး၃ဝကျော်ပါဝင်သည်။ မြန်မာတနိုင်ငံလုံးတွင်နိုင်ငံရေးအကျဉ်းသူ၁၅၆ ဦးနှင့်နိုင်ငံရေးအကျဉ်းသားပေါင်း၂ဝ၆၁ဦး ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့် အကျဉ်းသားအခွင့်အရေး လျှော့ပေးမူတွင် လွတ်ရက်စေ့သော နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။





Geen opmerkingen: