မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 10 mei 2011

ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ဦးခင်ရွှေဦးဆောင်

ကိုဝိုင်း အင်္ဂါနေ့၊မေလ၁၀ရက်၂၀၁၁ခုနှစ်၁၉နာရီ၁၂မိနစ် . 
ချင်းမိုင်(မဇ္ဈိမ)။ ။ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး၏ညွှန်ကြားချက်ဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (MyanmarTourismBoard)ကိုဇေကမ္ဘာဦးခင်ရွှေကဦးဆောင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း၊ခရီးသွားလုပ်ငန်းရှင်များအသင်း၊ဈေးကွက်မြှင့်တင်ရေး ကော်မတီစသည့်ပုဂ္ဂလိကအသင်း၃သင်းကို၁ဝသင်းအထိတိုးချဲ့ပြီးMTBအောက်တွင်ထားရှိမည်ဟု အမျိုးသားလွှတ်တော်အမတ် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြောသည်။
“ဝန်ကြီးဦးတင့်ဆန်းကအန်ကယ်ဦးဆောင်ပြီး၁၅ရက်အတွင်းဖွဲ့ပေးပါဆိုလို့။ဦးတင့်ဆန်းနဲ့အန်ကယ် ဆိုတာလည်းညီအကိုလိုနေကြတာလေ။သူ့အတွက်အန်ဂျီအိုတခုအနေနဲ့ကြားခံထားတဲ့ အဖွဲ့အစည်းတခုပါပဲ” ဟုသူကမဇ္ဈိမကိုပြောသည်။
             ဇေကမ္ဘာဦးခင်ရွှေကမြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(MyanmarTourismBoard)ကိုဦးဆောင်
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ခရီးသွား လုပ်ငန်းရှင်များအသင်း၊ဈေးကွက်မြှင့်တင်ရေးကော်မတီ၊ဧည့်လမ်းညွှန်များကော်မတီ၊စားဖိုမှူးများအဖွဲ့တို့ကို ပေါင်းစပ်၍“မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့”ဖွဲ့ရနဧပြီ၂၉ကဟိုတယ်/ခရီးပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်ဟိုတယ်/ခရီးပုဂ္ဂလိကလုပ်ငန်းရှင်များနေပြည်တော်၌တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။
ယခုလမကုန်မီဟိုတယ်/ခရီးဌာနသို့တင်ပြမည့်MTBဖွဲ့စည်းပုံကိုဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး၊အတွင်းရေးမှူးအဖွဲ့စသည်ဖြင့်ရေးဆွဲထားပြီးဥက္ကဋ္ဌမှာ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့်ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေဖြစ်သည်။ဗဟိုအလုပ်အမှုဆောင်၂၅ယောက် အပါအဝင်ဗဟိုအဖွဲ့ဝင်၆ဝနှင့်ဖွဲ့စည်းထားသည်။
“အဲဒိဘုတ်ကငွေရှာတာ၊ပရိုမိုးရှင်းလုပ်တာ၊Tourismကိစ္စတွေရောလုပ်မယ်။ဟိုတုန်းကတော့ဝန်ကြီးဌာနက လိုင်စင်တွေကအစသူတဦးထဲကိုင်တော့Tourismကတက်သင့်သလောက်မတက်ဘူး”
“အခုဒါပုဂ္ဂလိကလုပ်ရမယ်ဆိုပြီးဥပမာဟိုတယ်ဆောက်မယ်ဆိုရင်ဒီကထောက်ခံချက်ပါမှသူတို့ပေးမယ်။ တိုးဂိုက်တွေဆိုလည်းအခုတော်တော်များများဗရမ်းဗတာဖြစ်တယ်လေ။သင်တန်းပေးပြီးတော့မှဒီက ထောက်ခံမှ တိုးဂိုက်လိုင်စင်ထုတ်ပေးမယ်။
ဝန်ထမ်းတွေမွေးထုတ်ဖို့ရှိတယ်။နောက်ထပ်ဟိုတယ်တွေဆောက်ဖို့ငွေချေးတဲ့ကိစ္စတွေကအစလုပ်ပေးမယ်။ Touristနေရာအသစ်တွေဖော်ပေးရမှာပေါ့” ဟုဦးခင်ရွှေကဆက်ပြော သည်။
နိုင်ငံခြားသားများကိုပြည်ဝင်ခွင့်ထုတ်ပေးရာတွင်လည်းဘုတ်အဖွဲ့ကဝန်ကြီးဌာနသို့အကြံဥာဏ်များပေးသွားမည်ဟုလည်း လာမည့်နှစ်မှစ၍ နိုင်ငံခြားခရီးသွား တိုးလာမည်ဟု ယုံကြည်ထားသူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံသို့လေကြောင်းမှနှစ်စဉ်ဝင်သည့်နိုင်ငံခြားခရီးသွားဦးရေ၃သိန်းခန့်သာရှိပြီးအိမ်နီးချင်း ကမ္ဘောဒီးယား၃သန်း၊လာအို၂သန်းကျော်ရှိကြောင်းတရားဝင်စာရင်းများအရသိရသည်။





Geen opmerkingen: