မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 23 mei 2011

ရှမ်းလက်နက်ကိုင်၂ဖွဲ့ပေါင်းပြီ

သန်းထိုက်ဦး Monday, 23 May 2011 19:41
.ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA-S)နှင့်ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSA-N)တို့ကစစ်ရေးအရ ပူးပေါင်း၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းprachataiထိုင်းသတင်းအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

                      SSA-Nတပ်ဖွဲ့ဝင်များစစ်ရေးပြအခမ်းအနားတခုတွင်တွေ့ရစဉ်(ဓာတ်ပုံ-healburma.org)
ပြီးခဲ့သည့်စနေနေ့ကSSA-Sဌာနချုပ်တည်ရှိရာလွယ်တိုင်းလျန်းတွင်ကျင်းပသည့်၅၃ကြိမ်မြောက်ရှမ်းပြည် တော်လှန်ရေးနေ့အခမ်းအနားကိုSSA-Nခေါင်းဆောင်တချို့တက်ရောက်ခဲ့ပြီးမဟာဗျူဟာအရနိုင်ငံရေး၊ စစ်ရေးပူးပေါင်းရန်သဘောတူခဲ့ကြောင်းဆိုသည်။
ရှမ်းပြည်တပ်မတော်တောင်ပိုင်းမှဒုဗိုလ်ချုပ်ကြီးရွက်ဆစ်ကSSA-Nနှင့်စကားပြောဆိုထားပြီးနားလည်မှုရရှိ ထားကြောင်းနှင့်ယခုအချိန်၌ရှမ်းပြည်နယ်ရှိတခြားအဖွဲ့အစည်းများကိုလည်းလက်တွဲသွားမည် ဖြစ်ကြောင်း prachataiသတင်း၌ရေးသားထားသည်။
SSA-Nမြောက်ပိုင်းမှဗိုလ်မှူးကြီးစိုင်းထူးကလည်း၁၉၈၉ခုနှစ်ခန့်ကနိုင်ငံရေးနည်းလမ်းအရအဖြေရှာရန်စစ် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးကိုသဘောတူညီခဲ့ကြောင်း၊သို့သော်အစိုးရကနိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းအရဖြေရှင်းမှုကိုလက်မခံသည့်အပြင်စစ်ရေးအရခြိမ်းခြောက်နေကြောင်းဆိုသည်။
“တိုက်တာကတော့ဆက်ပြီးတိုက်ရမယ်၊အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့မရှိတော့ဘူး”ဟုဗိုလ်မှူးကြီးစိုင်းထူးက ဆက်ပြောသည်။
လွန်ခဲ့သည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင်ရှမ်းပြည်တပ်မတော်မြောက်ပိုင်းထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊မိုင်းယန်း၊တန့်ယန်း၊ကျေးသီး၊လားရှိုးမြို့နယ်အပြင်သီပေါမြို့အပါအ၀င်နမ့်ဆန်မြို့နှင့်မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိတိုက်ပွဲများပျံ့နှံ့ခဲ့ကြောင်းသိရသည်။
မြန်မာစစ်အစိုးရသည်၂ဝ၁ဝရွေးကောက်ပွဲမတိုင်မီလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရေးအတွက်ကြိုးပမ်းလျက်ရှိရာSSA-Nကလက်မခံသဖြင့်စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ ခြင်း ဖြစ်သည်။
စစ်အစိုးရတပ်နှင့်SSA-Nတပ်ဖွဲ့များ ဖြစ်ပွားနေသည့်တိုက်ပွဲများတွင်လည်းSSA-Sတပ်ဖွဲ့ဝင်များက စစ်ရေးအရတချို့အကူ အညီများ ထောက်ပံ့ပေးခဲ့သည်။
ထို့အပြင်SSA-Sတပ်ဖွဲ့ဝင်များကလည်းရှမ်းပြည်တောင်ပိုင်းနှင့်အလယ်ပိုင်းတို့တွင်အဓိကလှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်သည်မော်ထိုင်းတပ်မတော်(MTA)မှခွဲထွက်အဖွဲ့ဖြစ်သည့်ရှမ်းပြည်ညီညွတ်ရေးနှင့် တော်လှန်ရေး တပ်(SURA)ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီးနောက်ပိုင်းတွင်SURAမှSSA-Sအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ SSA-Sသည် အင်အား ၇ထောင်ကျော်ရှိသည်ဟုစစ်ရေးလေ့လာသူများက ခန့်မှန်းကြသည်။
စစ်အစိုးရကအပစ်ရပ်တပ်ဖွဲ့များကိုနယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက်၂၀၀၉ခုနှစ် ဧပြီလကတည်းကစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉မှ၁၉၉၅ အတွင်းအပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးယူခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း၁၇ဖွဲ့ ရှိသည်ဟုစစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Geen opmerkingen: