မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 mei 2011

ကချင်လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

သန်းထိုက်ဦး Monday, 30 May 2011 18:57
.ကချင်ပြည်နယ်အရှေ့တောင်ဘက်မန်စီမြို့နယ်အတွင်းရှိကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း၂၇ ထိန်းချုပ်ထားသောဒေသတွင်၎င်းတပ်ဖွဲ့ဝင်များကိုစစ်အင်အားတိုးချဲ့၍စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားသည်။
ပြီးခဲ့သည့်တပတ်သောကြာနေ့ကအစိုးရ၏ခြေလျင်တပ်ရင်း(ခလရ)၁၀၅တပ်ဖွဲ့ဝင်များနှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီ ကို ပြောသည်။
KIAတပ်ဖွဲ့ဝင်များသည်စစ်အစိုးရတပ်များတည်ရှိသည့်နေရာအနီး တ၀ိုက်တွင်နေရာယူထားပြီး စစ်ရေးအရ အသင့်ပြင်ဆင်ထားသည်ဟု၎င်းကဆိုသည်။
 အစိုးရတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား တိုးချဲ့ခြင်းမရှိဘဲ KIAထိန်းချုပ်နယ်မြေ အတွင်းရှိ ရှ ဒန် ကျေးရွာ တွင် လှုပ်ရှားနေကြောင်း သိရသည်။
“သူတို့အခုနေနေတဲ့ရွာကအတွင်းပိုင်းတော်တော်လေးကျသွားပြီးကျနော်တို့လုံခြုံရေးစီမံချက်လုပ်ထားတဲ့ အတွင်းပိုင်းကိုရောက်နေတယ်၊အဲဒီတော့သူတို့တောထဲကိုဟိုဝင် ဒီဝင် လုပ်ရင်တော့မဖြစ်သင့်တာတွေ ဖြစ်တော့မှာပဲ”ဟု ဦးလနန်ကဆက်ပြောသည်။
အစိုးရတပ်များ လှုပ်ရှားနေသည့် ကျေးရွာတွင် ဒေသခံများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများထံ တိမ်းရှောင်နေကြောင်းလည်း သိရသည်။
ဦးလနန်၏အဆိုအရအစိုးရတပ်ကရွာသား၂ဦးကိုဖမ်းဆီးထားကြောင်းပြောဆိုသော်လည်း သီးခြားအတည်မပြု နိုင်ပေ။
KIAတွင်စစ်အင်အားတသောင်းဝန်းကျင်ရှိပြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်မြောက်ပိုင်းတွင်စခန်းချထား ကြောင်း သိရသည်။
၁၉၉၄ခုနှစ်မှစတင်ပြီးKIAသည်စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့သည်။သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနယ်ခြားစောင့်တပ်များအဖြစ်အသွင်ပြောင်းရေးအစီအစဉ်ကို KIAက လက်မခံသဖြင့်အစိုးရနှင့်ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။နှစ်ဘက်စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။
KIAကို“သောင်းကျန်းသူ”အဖွဲ့ဟုအစိုးရပိုင်သတင်းစာများတွင်မကြာခဏသုံးနှုန်းဖော်ပြသည်အထိနှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။
ပြီးခဲ့သည့် တပတ် သောကြာနေ့ကတရုတ် နိုင်ငံတော်ကောင်စီဝင်MengJianzhuနှင့် မြန်မာ ပြည်ထဲရေး ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့တွေ့ဆုံခဲ့ပြီးနယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း သိရသည်။

Geen opmerkingen: