မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 21 mei 2011

အင်းစိန်ထောင်တွင်းနိုင်ငံရေးအကျဉ်သားများဆန္ဒပြ

ဇာနည်မာန် Saturday, 21 May 2011 23:13
.ရန်ကုန်အင်းစိန်ထောင်တွင်းရှိနိုင်ငံရေးအကျဉ်သားများကအကျဉ်းသားရပိုင်ခွင့်များအတွက်ယနေ့နံနက်၉နာရီမှစ၍ဆန္ဒပြနေကြောင်းသတင်းရရှိသည်။
“အဆောင်၂၊၃၊၄နဲ့၅ကနိုင်ငံရေးအကျဉ်းသား၂၂ယောက်ကအချက်၆ချက်ကိုထောင်ပိုင်ကနေတဆင့် စာတင်ပြီးအခန်းထဲကနေအပြင်မထွက်ဘူးဆိုပြီးဆန္ဒပြနေကြတာ။မလိုက်လျောရင်နက်ဖြန်နေ့လယ်ကစပြီး ၁၇ ယောက်က အစာ ငတ်ခံမယ်တဲ့”ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။
မေလ၁၇ရက်နေ့ကလွတ်မြောက်လာသူများကိုရန်ကုန်မြို့အင်းစိန်ထောင်ဘူးဝတွင်တွေ့ရစဉ်(ဓာတ်ပုံ - AP)
အမျိုးသားဆောင်များမှဆရာတော်ဦးဝိသုဒ္ဓ၊ဦးရေ၀တ၊ဦးဝိသာလ၊ကိုဇော်ထွန်းနိုင်၊ကိုကိုအောင်၊ ကိုအောင်နိုင်၊စောနိုင်၊စောအယ်လ်ထူး၊စောနိုဝယ်တို့အပါအ၀င်၂၂ဦးတို့ကအင်းစိန်ထောင်တွင်းစားဝတ်နေရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းမှုများကြောင့်အကျဉ်းသားများကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုကြခြင်းဖြစ်ကြောင်း သိရသည်။
ထောင်မှကျွေးသောအစားအစာများကိုသတ်မှတ်ချက်အတိုင်းပြည့်ပြည့်စုံစုံကျွေးမွေးရန်၊ လူ့ဂုဏ်သိက္ခာနှင့်အညီချုပ်လုပ်ထားသောအ၀တ်အစား၊စောင်၊အိပ်ရာခင်းများကို၆လတကြိမ် အသစ်လဲလှယ်ပေးရန်၊အခန်းကျဉ်းတွင်းသတ်မှတ်လူဦးရေထက်ပိုထားခြင်းမပြုဘဲ နေရာလုံလောက်စွာပေး၍ကြွက်၊ခြင်၊ယင်စသည့်ပိုးမွှားများကိုရှင်းလင်းပေးရန်၊အခြားသော အကျဉ်းသားများနည်းတူလျှော့ရက်ခံစားခွင့်နှင့်စာရေးစာဖတ်ခွင့်ပေးရန်၊ထောင်ဝင်စာတွေ့ရာတွင် ခြိမ်းခြောက်မှုမရှိဘဲလွတ်လပ်စွာတွေ့ခွင့်ပေးရန်၊နိုင်ငံရေးအကျဉ်းသားများကို အခြားအကျဉ်းသားများနှင့်ခွဲ၍သီးသန့်ထားပေးရန်စသည်တို့ကိုထောင်ပိုင်မှတဆင့်အကျဉ်းဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ထံသို့ စာတင်တောင်းဆိုကြခြင်းဖြစ်သည်။
ထို့အတူအမျိုးသမီးဆောင်မှနိုင်ငံရေးအကျဉ်းသူများကလည်းသမ္မတဦးသိန်းစိန်၏ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မကျေနပ်၍အစာငတ်ခံဆန္ဒပြနေကြကြောင်းထောင်ဝင်စာတွေ့သူ အကျဉ်းသား မိသားစုဝင် တဦးက ပြောပြသည်။
“အမျိုးသမီးဆောင်အဆောင်၇ကမသန္တာ၊ဒေါ်ရင်ကြည် စတဲ့ နိုင်ငံရေး အကျဉ်းသူတွေနဲ့ နှစ်ကြီးသမားတချို့ ပါတဲ့၇ယောက်။အစာငတ်ခံဆန္ဒပြနေတာ၃ရက်လောက်ရှိပြီ။အခြေအနေဘယ်လိုရှိမှန်းလဲမသိရဘူး။ ထောင်အာဏာပိုင်တွေဘက်ကလည်း ဘာမှ တုံ့ပြန်မှု မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍အင်းစိန်ထောင်သို့ဧရာဝတီမဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာပြန်လည်ဖြေဆိုခြင်းမရှိပေ။
ပြီးခဲ့သည် မေလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးထောင်ရှိ ဆရာတော် ဦးဂမ္ဘီရ၊ ဦးညီပုတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများက ဆုံးရှုံးနေသော အကျဉ်းထောင်တွင်း အခြေခံရပိုင်ခွင့်များပေးရန် အစိုးရသစ်ထံ စာများပေးပို့တောင်းဆိုခဲ့ပြီး တောင်းဆိုချက်များမရပါက အစာငတ်ခံဆန္ဒပြမည်ဖြစ်ကြောင်း ထောင်ဝင်စာတွေ့သော မိသားစုများထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ အင်းစိန်ထောင်တွင်နိုင်ငံရေးအကျဉ်းသား၄၀၀ကျော်ရှိနေပြီးမြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း၂ဝ၀၀ကျော် ရှိနေဆဲဖြစ်သည် ဟု သိရသည်။
မေလ၁၆ရက်နေ့ညနေပိုင်းကနိုင်ငံပိုင်ရုပ်မြင်သံကြားနှင့်ရေဒီယိုတို့မှကြေညာသွားခဲ့သောသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အမှတ်၂၈/၂၀၁၁ အရအကျဉ်းထောင်အသီးသီးရှိသေဒဏ်ကျ အကျဉ်းသားများသည်တသက်တကျွန်းပြစ်ဒဏ်သို့ပြောင်းလဲလျှော့ပေါ့ပေးခဲ့ပြီး ကျန်အကျဉ်းသားအားလုံးအတွက်ယင်းတို့အပေါ်သတ်မှတ်ထားသောထောင်ဒဏ်ကိုသာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ပေးခဲ့သည်။
ယင်းအမိန့်အရမြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှအကျဉ်းသားပေါင်း၁၇၀၀၀၀န်းကျင် လွတ်မြောက်လာကြသော်လည်းနိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာယခုအထိရရှိထားသောစာရင်းများအရ ဟစ်ဟော့ပ် အနုပညာရှင် ဇေယျာသော်၊
လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အင်္ဂါနေ့တိုင်းဆုတောင်းလှုပ်ရှားသူ ဒေါ်နော်အုံးလှ အပါအ၀င် ၅၀ခန့်သာ ပါဝင် သေးသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၀.၂၉ သာရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။





Geen opmerkingen: