မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 16 mei 2011

မစ္စတာကင်တားနားမြန်မာ့အရေးလှုပ်ရှားသူများနှင့်တွေ့မည်

လင်းသန့် Monday, 16 May 2011 15:20
.ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးမှူးမစ္စတာသောမတ်စ်အိုဟေးကင်တားနားသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့ရန် ယနေ့ရောက်လာမည်ဟု သတင်းရရှိသည်။
                           ကမ္ဘာ့ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးမှူးမစ္စတာသောမတ်စ်အိုဟေးကင်တားနား
မစ္စတာကင်တားနားအနေဖြင့်မြန်မာနိုင်ငံရေးအကျဉ်းသားဟောင်းများအပါအ၀င်ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရန်ရှိပြီးလာမည့်မေလ၁၉ရက်နေ့တွင်ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အလုပ်ရုံဆွေးနွေးပွဲ တရပ် ပြုလုပ်ရန်အစီအစဉ်ရှိကြောင်း သိရသည်။
“ထိုင်းနိုင်ငံကိုဒီနေ့ရောက်လာမှာပါ။မစ္စတာကင်တားနားနဲ့အလုပ်ရုံဆွေးနွေးပွဲပုံစံမျိုးအဖွဲ့လိုက်ခွဲပြီး ဆွေးနွေး ကြမယ်”ဟုလူ့အခွင့်အရေးပညာပေးရေးဌာနမြန်မာနိုင်ငံ(HREIB)၏ညွှန်ကြားရေးမှူးဦးအောင်မျိုးမင်းက ဧရာဝတီ ကိုပြောသည်။
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်နေသည်ကိုမည်ကဲ့သို့တာဝန်ခံမှုရှိစေရန် လုပ်ဆောင်သင့်ကြောင်း၊နိုင်ငံရေးအကျဉ်းသားများကိစ္စ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ၊ ပညာရေးဆိုင်ရာအခွင့်အရေး၊ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိစ္စစသည့်ခေါင်းစဉ်များနှင့်ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
မစ္စတာကင်တားနားသည်၂၀၁၀ပြည့်နှစ်ဖေဖော်ဝါရီလကမြန်မာနိုင်ငံသို့ သွားခဲ့သောခရီးစဉ်နောက်ပိုင်း စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးခဲ့ပေ။
မြန်မာအစိုးရသစ်တက်လာပြီးနောက်ပိုင်းပြည်ဝင်ခွင့်ဗီဇာတောင်းခံထားခဲ့သော်လည်းယနေ့အချိန်ထိ တိကျရှင်းလင်းသော အကြောင်းပြန်ကြားမှု မရသေးဟုသိရသည်။
“မစ္စတာကင်တားနားဟာသမာသမတ်အတော်ရှိတဲ့လူဖြစ်တယ်။သူ့အရင်လူတွေတောင်ရေငုံနှုတ်ပိတ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကိုသူကပြောတော့အရင်အစိုးရတုန်းကလည်းဗီဇာမပေးခဲ့ဘူး။ အခုအစိုးရကလည်းအရင်လူတွေပဲဆိုတော့ဗီဇာရဖို့တောင်သိပ်မထင်ဘူး။ ဖြစ်သင့်တာက အစိုးရသစ်က ဗီဇာပေးပြီးအခြေအနေအမှန်ကဘာဆိုတာသူ့ကိုသိစေသင့်တယ်”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။
မတ်လက ကျင်းပခဲ့သော ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံတွင် မစ္စတာကင်တားနားက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ယခင်ထက် ပိုမိုကျယ်ပြန့်သည့် အစီရင်ခံစာ တစောင်ကို တင် သွင်းခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေရှိသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရန်လည်း တိုက်တွန်းနှိုးဆော် ထားသည်။
မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်းပြီးအစိုးရသစ်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသောစုံစမ်းမှုများကိုလုပ်ဆောင်သင့်ကြောင်း၊နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပါအ၀င်ထင်သာမြင်သာရှိသည့်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့လိုကြောင်း မြန်မာအစိုးရသစ်ကို တိုက်တွန်းပြောဆိုခဲ့သည်။
မြန်မာအစိုးရသစ်အနေဖြင့်အထက်ဖော်ပြပါတာဝန်များကိုပျက်ကွက်ခဲ့ပါက စုံစမ်းစစ်ဆေးရေးနှင့်ပတ်သက်ပြီးနိုင်ငံတကာမှတာဝန်ယူရမည်ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှတ်တမ်းများတွင်အဆိုးရွားဆုံးနိုင်ငံစာရင်းတွင် ယခုထိရှိနေသည့်အပေါ်အစိုးရသစ်အနေဖြင့်မှတ်တမ်းကောင်းများဖြစ်ထွန်းလာစေရေး လူ့အခွင့်အရေးလှုပ်ရှားသူများက အစဉ်အမြဲ ထောက်ပြနေကြသည်။
မေလ၂၀ရက်နေ့တွင်လည်းကုလသမဂ္ဂ၏ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် တဦးဖြစ်သူထိုင်းနိုင်ငံသားမစ္စတာစန်ဖရာဆစ်ခွန်ဖရာဖန့်(MrSanphasitKoompraphant)နှင့်လည်း မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများ နှင့်တွေ့ဆုံဆွေးနွေးရန်ရှိကြောင်းသိရသည်။

Geen opmerkingen: