မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 16 mei 2011

သမ္မတသစ်တရုတ်ပြည်သို့ပထမဆုံးချစ်ကြည်ရေးခရီးသွားမည်

ခင်ဦးသာ Monday, 16 May 2011 18:50
.သမ္မတသစ်ဦးသိန်းစိန်ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည်မေလ၂၆ရက်နေ့တွင်တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားမည်ဖြစ်ကြောင်းနေပြည်တော်ရှိအစိုးရအဖွဲ့အသိုင်းအ၀န်းမှသိရသည်။
တရုတ်နိုင်ငံ၏ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌGeneralXuCaihouကိုသမ္မသစ်ဦးသိန်းစိန်နှုတ်ဆက်နေစဉ် (ဓာတ်ပုံ-ဆင်ဟွာ)
ဦးသိန်းစိန်သည်တရုတ်အစိုးရ၏ဖိတ်ကြားချက်အရသွားရောက်မည်ဖြစ်ပြီးယခုခရီးစဉ်သည်သမ္မတသစ် တဦးအနေဖြင့် ပြည်ပသို့ ပထမဆုံး သွားရောက်လည်ပတ်မည့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည်။
တရုတ်နိုင်ငံ၏ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌGeneralXuCaihouဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မေလ၁၂ရက်နေ့တွင်မြန်မာနိုင်ငံသို့ရောက်ရှိနေပြီးမေလ၁၃ရက်နေ့တွင်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ကြောင်း အစိုးရထုတ် သတင်းစာများ၌ ရေးသားထားသည်။
တရုတ်စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့်သမ္မတဦးသိန်းစိန်တို့သည်နှစ်နိုင်ငံစစ်ရေးကိစ္စများနှင့်ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ်၌တရုတ်ရေတပ်စစ်သင်္ဘောများလာရောက်ဆိုက်ကပ်ခွင့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကြားသိရသော်လည်း ၎င်းသတင်းကို အတည်မပြုနိုင်သေးပေ။
ကျောက်ဖြူမြို့၌တည်ဆောက်နေသောရေနက်ဆိပ်ကမ်းသည်တရုတ်-မြန်မာဖက်စပ် တည်ဆောက်နေသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ တစိတ်တဒေသ ဖြစ်သည်။
တရုတ်နိုင်ငံ စွမ်းအင် လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကျော်အတွက် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းရပြီး ထိုရေနံစိမ်းများကို ကျောက်ဖြူဆိပ်ကမ်းမှ တဆင့်တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တရုတ်ခေါင်းဆောင်တို့သည်တရုတ်-မြန်မာ ဆက်ဆံရေး၊နိုင်ငံတကာအခြေအနေနှင့် ဒေသတွင်းအခြေအနေ၊ မြန်မာ-တရုတ်တို့၏ စီးပွားရေး၊ လူမှုရေး အခြေအနေများကိုဆွေးနွေးခဲ့ပြီးတရုတ်-မြန်မာတပ်မတော်နှစ်ရပ်အကြားသဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ထုတ် သတင်း စာများ၌ ရေးသားထားသည်။
ဦးသိန်းစိန်သည်အင်ဒိုနီးရှားနိုင်ငံဂျကာတာ၌မေလ၇ရက်နှင့်၈ရက်နေ့တို့တွင်ကျင်းပခဲ့သော အာဆီယံထိပ်သီး ဆွေးနွေးပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့သည်။
နှစ်နိုင်ငံစစ်တပ်ခေါင်းဆောင်များသည်စစ်တပ်၏ထိပ်တန်းခေါင်းဆောင်များချစ်ကြည်ရေးခရီးအပြန်အလှန် သွားရောက်လည်ပတ်ရန်၊မြန်မာစစ်သားများအားတရုတ်နိုင်ငံ၌စစ်ပညာသင်ကြားရန်နှင့်နယ်စပ်တာဝန်ထမ်းဆောင်နေသောနှစ်နိုင်ငံတာဝန်ရှိသူများမကြာခဏတွေ့ဆုံဆွေးနွေးရန်ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်းဆင်ဟွာသတင်းတွင်ရေးသားထားသည်။

Geen opmerkingen: