မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 19 mei 2011

သင်းခွေချပ်ကုန်သည်ထိုင်းတွင်အဖမ်းခံရ

ဧရာဝတီ Thursday, 19 May 2011 18:16
.ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ်မြ၀တီမြို့မှတဆင့်တောရိုင်းတိရစ္ဆာန်သင်းခွေချပ်၅၃ကောင်တရားမ၀င်သယ်ယူလာသည့်ထိုင်းနိုင်ငံသားတဦးကိုထိုင်းအာဏာပိုင်များကမေလ ၁၇ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
                                ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးခဲ့သည့်သင်းခွေချပ်များ(ဓာတ်ပုံ-ဧရာဝတီ)
ယင်းသင်းခွေချပ်များကိုတရုတ်နိုင်ငံသို့တင်ပို့ရန်အတွက်သယ်ဆောင်လာခြင်းဖြစ်ပြီးနယ်စပ် သောင်ရင်းမြစ်အနီးထိုင်းနိုင်ငံဘက်ရှိထာ့အာရွာတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုထိုင်းအမှတ်၃၅ နယ်ခြားစောင့် တပ်က ပြောသည်။
အဖမ်းခံရသည့်ထိုင်းနိုင်ငံသားနိုင်ကျစ်လစာထောက်အင်ထာက“ဒီသင်းခွေချပ်တွေကိုမြ၀တီဘက်က လူတွေလာပို့တာပါ၊အရင်ကလည်းကျနော်လာယူနေကြပါ၊ဒီကနေတရုတ်နိုင်ငံဘက်ကို တဆင့်ပြန်ပို့တာပါ”ဟု ထွက်ဆိုခဲ့သည်။
၎င်းအဆိုအရသင်းခွေချပ်အပါအ၀င်ရှားပါးသတ္တ၀ါတောရိုင်းတိရစ္ဆာန်များကိုတင်ပို့ရာတွင်မြ၀တီ-မဲဆောက်မှတဆင့်လာအိုနိုင်ငံနယ်စပ်နောင်ခိုင်မြို့အထိသယ်ယူပြီးတရုတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
နယ်စပ်ထိုင်းနိုင်ငံဘက်လှေဆိပ်ရှိကုန်တင်ကုန်ချစာရေးတဦးက“မဲဆောက်ဘက်သွားနေတာကတော့ သင်းခွေချပ်၊တောကြောင်နဲ့အခြားအကောင်တွေအစုံပဲ၊အခုနောက်ပိုင်းတောက်တဲ့တွေလည်းပါတယ်၊ အရင်ကဆိုရင်ဝက်ဝံအမည်းတွေပါညဘက်မဲဆောက်ဘက်ကိုပို့တယ်၊နောက်ပိုင်းအန္တရာယ်ရှိလို့ဆိုပြီးဝက်ဝံကိုမယူကြတော့ဘူး၊၀က်ဝံသည်းခြေကိုပဲဝယ်တော့တယ်၊ဒီကိစ္စပြောရတာအန္တရာယ်များတယ်၊ဒါမျိုးက နှစ်ဘက်အာဏာပိုင်အချို့နဲ့ပေးကမ်းပြီးလုပ်နေကြတာ၊ဒီနယ်စပ်မှာအရောင်းအ၀ယ်ဈေးကွက်ဖြစ်နေတာ ၁၀နှစ်ကျော်ပြီ”ဟု ပြောပြသည်။
မြန်မာနိုင်ငံမြ၀တီမြို့မှတဆင့်ထိုင်းဘက်ပို့နေသည့်သင်းခွေချပ်နှင့်အခြားတောကောင်အသေးများမှာ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းမှဖြစ်ပြီးဝက်ဝံသည်းခြေများမှာမြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာခြင်းဖြစ်သည်ဟုလည်း၎င်းကဆိုသည်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ရှိတရုတ်တိုင်းရင်းဆေးရောင်းချသည့်ဆိုင်မှမြန်မာအရောင်းဝန်ထမ်း တဦးက"မြ၀တီဘက်ကလာတဲ့၊၀က်ဝံသည်းခြေနဲ့စပါးကြီးမြွေသည်းခြေတွေကိုလာသမျှဝယ်တဲ့နေရာတွေ အများကြီးရှိတယ်၊တောက်တဲ့အကောင်ကြီးဆိုရင်ဆိုင်းဘုတ်ထောင်ပြီးတောင်ဝယ်တယ်"ဟုပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးခဲ့သည့်သင်းခွေချပ်၅၃ကောင်ကိုဘေးမဲ့တောသို့သွားရောက် လွှတ်ပေးမည်ဖြစ်ပြီးတရားမ၀င်သယ်ဆောင်သူကိုသစ်တောဌာနသို့လွှဲပြောင်း၍ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းမဲဆောက်အခြေစိုက်အမှတ်၃၅ထိုင်းနယ်ခြားစောင့်တပ်မှဒုဗိုလ်မှူးကြီးSutonက ဒေသခံ သတင်းထောက်များကို ပြောကြားသည်။
မြန်မာနိုင်ငံအပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသည်ဝက်ဝံသည်းခြေကဲ့သို့သောသစ်တောထွက် ပစ္စည်းများ၊တောရိုင်းတိရစ္ဆာန်များအားတရားမ၀င်နယ်စပ်ဖြတ်ကျော်ရောင်းဝယ်နေမှုကိုလျစ်လျူရှု နေကြောင်းတောရိုင်းတိရစ္ဆာန်စောင့်ကြည့်လေ့လာရေးအဖွဲ့TRAFFICက ပြီးခဲ့သည့်အပတ်အတွင်း ထုတ်ပြန်ထားသည်။ဆေးဖက်ဝင်သည်ဟူသောယုံကြည်မှုကြောင့်မြန်မာ၊တရုတ်ဟောင်ကောင်၊ မလေးရှားနှင့်ဗီယက်နမ်နိုင်ငံများရှိပရဆေးဆိုင်ထက်ဝက်ကျော်သည်ဝက်ဝံသည်းခြေကိုရောင်းဝယ်နေကြကြောင်းလည်း ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
TRAFFICအဖွဲ့သည်ကမ္ဘာတ၀န်းနိုင်ငံပေါင်း၃၀၌အဖွဲ့ဝင်၁၀၀ခန့်ဖြင့်တောရိုင်းတိရစ္ဆာန်လေ့လာ စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဗြိတိန် နိုင်ငံတွင် ရုံးချုပ် ထားရှိကြောင်း သိရသည်။



Geen opmerkingen: