မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 9 mei 2011

သြစတြီးယားကုမ္ပဏီစစ်လက်နက်ကြော်ငြာမှုNLDအတွက်အနှောင့်အယှက်

သောမတ်စ် မောင်ရွှေ တနင်္လာနေ့၊ မေလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၂၃ မိနစ် . 
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာနှင့်ထိုင်းနိုင်ငံဆိုင်ရာသြစကြီးယားသံအမတ်ကြီးနှင့်စစ်လက်နက်ပစ္စည်းဆိုင်ရာ ကုမ္ပဏီကိုယ်စားလှယ်များကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန်ရန်ကုန်သို့ လာရောက်ခဲ့သည့်အပေါ် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
ဘန်ကောက်ရှိသြစတြီးယားသံရုံးစီးပွားကူးသန်းသံမှူးနှင့်သြစတြီးယားကုန်သည်ကြီးများ အသင်းတို့က အစီအစဉ်ဖြင့်သံအမတ်ကြီးဒေါက်တာဂျိုဟန်နက်စ်ပီတာလစ်JogannesPeterlikဦးဆောင်သော ၎င်းကုန်သွယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ မတ်လ ၁၆-၁၈ ရက်နေ့အတွင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမက ရရှိထားသည့် ၎င်းကိုယ်စားလှယ် ပြင်ဆင်လာသောPowerpointတင်ပြမှုများအရ ကုမ္ပဏီ ၁၉ ခု ကိုယ်စားပြုပါဝင်ကြောင်းတွေ့ရှိရကာ၊၎င်းတို့တွင်ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာအကြံပေးကုမ္ပဏီဟု သူ့တို့ကိုယ်သူတို့ဖော်ပြထားသည့်ပီအန်ပီအကြံပေးအဖွဲ့P&PConsultingကုမ္ပဏီ၊ သြစတြီးယားမှ အဓိကဘဏ်ကြီး၂ခုနှင့်"ကမ္ဘာပေါ်တွင်ခရစ္စတယ်ကျောက်မျက်အစစ်များနှင့် ဖန်တီးထားသော ကျောက်များ ဦးဆောင်ထုတ်လုပ်နေသူ" ဟု ဆိုသည့် ဆွာရော့ဖ်စကီ(Swarovski)ကုမ္ပဏီတို့လည်း ပါဝင်သည်။
၎င်းကိုယ်စားလှယ်အဖွဲ့တွင် စစ်လက်နက်ပစ္စည်းထုတ် ကုမ္ပဏီများ ပါဝင်သည့်အပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့်ဥရောပသမဂ္ဂအဖွဲ့EUအနေနှင့်"ဤကိစ္စအပေါ်စုံစမ်းစစ်ဆေးမှုများပြုပါရန်၊ ယခုလုပ်ရပ်အပေါ် ပြည်သူလူထုအများသို့ ရှင်းပြသင့်ကြောင်း" ဦးဝင်းတင်က ပြောဆိုခဲ့သည်။
NLDအဆင့်မြင့်ခေါင်းဆောင်ဦးဝင်းတင်ကသြစတြီယားသံရုံးမှခေါင်းဆောင်သည့်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည်ဥရောပသမဂ္ဂလမ်းညွှန်ချက်များနှင့်မလျော်ညီပါဟုပြောကြားခဲ့သည်။(ဓာတ်ပုံ-မဇ္ဈိမ)
P&PConsultingနှင့်ပတ်သက်၍လူသိရှင်ကြားထုတ်ပြန်ထားသည့်သတင်းအချက်အလက် အနည်းငယ်မျှသာ ရှိသည်။ ၎င်းကုမ္ပဏီ၏ဝဘ်ဆိုဒ်စာမျက်နှာမှာယခုလက်ရှိတွင် ဖတ်ရှုမရဘဲ သြစတြီးယား ရပ်ခြားကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဝဘ်စာမျက်နှာ၌ ဖော်ပြထားသည့် တယ်လီဖုန်းနံပါတ်သို့ မဇ္ဈိမက ခေါ်ဆိုခဲ့ရာတွင်လည်းပြန်လည်ဖြေဆိုခြင်းမရှိပါ။သြစတြီးယားသတင်းစာကဖော်ပြရာတွင် ၎င်းကုမ္ပဏီပိုင်ရှင်မှာအဖွဲ့၏အဓိကဝန်ထမ်းဖြစ်သောလက်နက်ပွဲစားအယ်ဖရက်ပလက်တနာ Alfred Plattner ဖြစ်သည်ဟု ဖော်ပြထားသည်။
၎င်း၏ စီးပွားရေးမိတ်ဘက် ဂျက်တိုက်လေယာဉ်များကိစ္စအပေါ် တိုက်တွန်းစည်းရုံးသူ အာဟဒ် စတိန်နင်ဂါ ErhardSteiningerကသြစတြီးယားလေတပ်အကြီးအကဲ၏ဇနီးထံသို့လျှို့ဝှက်ငွေပေးချေမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအပေါ်၂ဝဝ၇ခုနှစ်ထဲတွင်ပလက်တနာသည်သြစတြီးယားပါလီမန်ကြားနာမှုတွင် ဖြေရှင်းခဲ့ရသေးသည်။
သြစတြီးယားပါလီမန်၏ တွေ့ရှိချက်အရ၂ဝဝ၂တွင်ပလက်တနာနှင့်P&Pကုမ္ပဏီက စတိန်နင်ဂါထံမှ ယူရိုငွေ ၂ဝဝ,ဝဝဝ စည်းရုံးတိုက်တွန်းပေးခအတွက် ရရှိခဲ့ပြီး၊P&Pကုမ္ပဏီ၏ လိပ်စာမှာလည်း စတိန်နင်ဂါနှင့် ပေါင်းဖော်လုပ်ကိုင်နေမှုအတွက် စောင့်ကြည့်ခံနေရသူ သြစတြီးယား ပီဇာဆိုင်တခု၏ လိပ်စာနှင့် အတူတူဖြစ်နေသည်ကို တွေ့ရှိရသည်။
P&P၏ဦးဆောင်ထိုးဖောက်မှုနောက်တွင်အခြားသောဥရောပစစ်လက်နက်ကုမ္ပဏီများလိုက်လာမည်၊ နောက်ပိုင်းတွင်မြန်မာနိုင်ငံသို့ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ကြမည်ကို စိုးရိမ်ကြောင်းဦးဝင်းတင်က မဇ္ဈိမကိုပြောဆိုခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏အနီးကပ်လုပ်ဖော်ကိုင်ဘက်ဖြစ်သူသူကP&P ကုမ္ပဏီကိုမြန်မာပြည်ရောက်လာအောင်ကူညီခဲ့သည့်အပေါ်သြစတြီးယားအစိုးရကို အလွန်စိတ်ပျက်ရသည်ဟုလည်း ဆိုသည်။
သံအမတ်ကြီး ပီတာလစ် Peterlikနှင့်အတူဘန်ကောက်ရှိ သြစတြီးယား သံရုံးမှ စီးပွားကူးသန်းကိစ္စဆိုင်ရာ သံမှူး ဒေါက်တာ ဂူစတဖ် ဂရီဆဲ GustavGresselနှင့် စီးပွားကူးသန်းကောင်စစ်ဝန် ဂါးဟဒ် ရှလက် Gerhard Schlattl တို့လည်း ကိုယ်စားလှယ်အဖွဲ့နှင့် တပါတည်း ရန်ကုန်သို့ လိုက်ပါလာခဲ့သည်။
"သြစတြီးယားနိုင်ငံကဥရောပသမဂ္ဂEUအဖွဲ့ဝင်နိုင်ငံပါ။EU ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု လုပ်ထားဆဲပါ" ဟု ဝါရင့်နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ခဲ့သူ ဦးဝင်းတင်က ပြောသည်။
"မြန်မာနိုင်ငံကိုသြစတြီးယားသံအမတ်ကြီးဦးဆောင်ပြီးတော့ကုန်သွယ်ကူးသန်းကိုယ်စားလှယ်အဖွဲ့ လာတယ်ဆိုတာကျနော်တော့နားမလည်နိုင်ဘူး။အကြောင်းကဒါဟာတကယ့်ကိုဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုမူကို ဆန့်ကျင်နေတာပဲ" ဟုလည်း သူက ဝေဖန်သည်။
မဇ္ဈိမသတင်းဌာနသို့ ပေးပို့ခဲ့သည့် ထုတ်ပြန်ကြေညာချက်တွင်သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပီတာလွန်းစကီး-တိုင်ဖင်သယ်PeterLaunsky-Tiefenthalက ယခု ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည်"စီးပွားရေးအရအချက်အလက်ရှာဖွေရန်"ခရီးစဉ်သာဖြစ်သည်၊ဥရောပသမဂ္ဂEU၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားရေးမူကို ချိုးဖောက်ခြင်း မရှိပါဟု ငြင်းဆိုခဲ့သည်။
"မြန်မာနိုင်ငံအပေါ်EUကနေကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့အကျယ်အပြန့် ပိတ်ဆို့ဒဏ်ခတ်ထားတာ မရှိပါဘူး။ ကဏ္ဍတချို့တားမြစ်ထားတာတော့ ဥရောပသမဂ္ဂဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လို့ သြစတြီးယားက ထောက်ခံပါတယ်" ဟုလည်း ဖော်ပြထားသည်။
လွန်းစကီး-တိုင်ဖင်သယ်Launsky-Tiefenthal၏ထုတ်ပြန်ကြေညာချက်တွင်ယခုကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်တွင်အစိုးရအာဏာပိုင်များနှင့်ဆက်သွယ်မှုမရှိခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ဆက်သွယ်မှုသာဖြစ်၍ ဤကိစ္စအပေါ် EU ဒဏ်ခတ်ရေးမူက သက်ရောက်မှုမရှိကြောင်း ဆိုထားသည်။
ကိုယ်စားလှယ်အဖွဲ့တွင် သြစတြီးယားဘဏ် ၂ ခုနှင့် ကမ္ဘာ့အင်အားကြီး ကျောက်မျက်ဝယ် ကုမ္ပဏီတို့ ပါဝင်နေမှုအပေါ် နောက်ဆက်တွဲ မေးခွန်းများ ဖြေကြားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လွန်းစကီး-တိုင်ဖင်သယ် Launsky-Tiefenthal နှင့် လုပ်ဖော်ကိုင်ဘက်များက ဆက်လက်ဖြေကြားပေးရန် ငြင်းဆန်ခဲ့သည်။
ဥရောပဒဏ်ခတ်ပိတ်ဆို့မှုတွင်မြန်မာနိုင်ငံမှကျောက်မျက်များမဝယ်ယူရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများပါဝင်နေသော်လည်းအထက်ဖော်ပြပါကုမ္ပဏီများကယခုခရီးစဉ်တွင် ထူးခြားစွာ ပါဝင်နေသည်။
EU၏ ဒဏ်ခတ်အရေးယူမှုတွင် မြန်မာနိုင်ငံမှ သစ်များကို ဥရောပသို့ တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း အဖွဲ့၏တင်ပြချက်အရRoxelRMGဟူသည့် ကုမ္ပဏီက သစ်တောထွက် ပစ္စည်းများကို ကုန်သွယ်မှုပြုသည်ဟု သိရပြန်သည်။
၎င်းဖြစ်ရပ်ကိုလွန်ခဲ့သည့်အပတ်ကလန်ဒန်ထုတ်အင်ဒီပင်းဒင့်TheIndependentသတင်းစာတွင် ပုံနှိပ်ဖော်ပြခဲ့ရာ၌P&Pကုမ္ပဏီက ပလက်တနာကို ကိုးကားဖော်ပြရာ၌ သူ့ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် စိတ်ဝင်တစားဆောင်ရွက်လိုသည်မှာကာကွယ်ရေး စစ်လက်နက်ပစ္စည်း ကိစ္စများထက်စာလျှင် လုံခြုံရေးကိစ္စသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ပလက်တနာကP&Pက မြန်မာနိုင်ငံရှိလေဆိပ်တွင် လုံခြုံရေးပစ္စည်းများ တင်သွင်းလိုခြင်း သာဖြစ်သည်ဟု ဆိုသည်။
P&Pကမြန်မာအစိုးရနှင့်ဆက်ဆံမှုမရှိဘဲလေဆိပ်တွင်လုံခြုံရေးကိရိယာများ မည်သို့တပ်ဆင်ပေးနိုင်မည်ဆိုသည်မှာ မရှင်းပါ။ အကြောင်းမှာ နိုင်ငံတဝှန်း လေဆိပ်အများကို စစ်တပ်က ချုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။
မကြာသေးမီကလေဆိပ်အများကိုပုဂ္ဂလိကပိုင်လွှဲပြောင်းပေးခဲ့ပြီး ယခုအခါ ရန်ကုန်လေဆိပ်ကို အေးရှားဝေါ ကုမ္ပဏီ၏ လက်ခွဲ PioneerAerodromeServicesက တာဝန်ယူလည်ပတ်လျက် ရှိသည်။ အေးရှားဝေါမှာ အမေရိကန်အစိုးရကဘိန်းဘုရင်ဟုအမည်သွင်းထားသည့်လော်စစ်ဟန်၏သားစတီဖင်လောက လည်ပတ်ဆောင်ရွက်နေသည့်ကုမ္ပဏီတခု ဖြစ်သည်။အေးရှားဝေါကုမ္ပဏီပိုင်စတီဖင်လောနှင့် သူ၏ဖခင်တို့မှာEUနှင့်အမေရိကန်ပြည်ထောင်စုဒဏ်ခတ်အရေးယူမှုနာမည်စာရင်းတွင် ပါဝင်နေကြသူများလည်း ဖြစ်သည်။
သြစတြီးယားနှင့်ဂျာမဏီနိုင်ငံကိုဥရောပရှိမြန်မာ့အရေးလှုပ်ရှားသူများကအဓိကပစ်မှတ်ထား ဝေဖန်နေကြသည်။အကြောင်းမှာဂျာမဏီအစိုးရ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ဒဏ်ခတ်ပိတ်ဆို့မှုကို အားပျော့လာအောင် ဆောင်ရွက်နေကြသည်ဟု စွပ်စွဲသည်။
မကြာသေးမီကဝီကီလိခ်WikiLeaksမှနေ၍အမေရိကန်သံရုံးကြေးနန်းစာများပေါက်ကြားလာခဲ့ရာ ဤဝေဖန်ချက်ကို ပို၍ခိုင်မာစေခဲ့သည်။ ဗြိတိသျှအရာရှိတဦးက အမေရိကန်သံတဦးကို ပြောကြားရာ၌ EU ဒဏ်ခတ်အရေးယူမှုကိုUKနှင့်အချို့EUအဖွဲ့ဝင်နိုင်ငံများက လိုလားကြသော်လည်း "အခြားတဖက်စွန်းတွင် ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်နေသည့် ဂျာမဏီနှင့် သြစတြီးယားတို့ ရှိနေကြသည်" ဟု ဖော်ပြခဲ့သည်။
အင်္ဂလန်ရှိ မြန်မာ့အရေးလှုပ်ရှားနေသည့်BurmaCampaignUKမှမာ့က်ဖာမနာMarkFarmanerထံ မှတ်ချက်တောင်းရာတွင် သူက သြစတြီးယား သံအရာရှိများအနေဖြင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ပံ့ပိုးမှုပေးခဲ့သည့်အပေါ် သူ့အနေဖြင့် အံအားသင့်မှု မဖြစ်မိကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။
မာ့က်ဖာမနာက"သြစတြီးယားဆိုတာ ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူမှုကို အစွယ်အဆိပ်မဲ့အောင် လုပ်နေတဲ့ နိုင်ငံတခုပါ။အခုတော့EUကဒဏ်ခတ်အရေးယူမှုပြင်းပြင်းထန်ထန်မရှိတာကို အခွင့်ကောင်းယူပြီး သူတို့ကုမ္ပဏီတွေကို မြန်မာပြည်ခေါ်သွားကြတယ်။ သြစတြီးယားအစိုးရနဲ့ သြစတြီးယား ကုမ္ပဏီတွေက မြန်မာပြည်ကိုအပြေးအလွှားသွားပြီးစစ်ရာဇဝတ်ကောင်တွေနဲ့လူတွေကိုနှိပ်စက်ညှဉ်းပန်းနေသူတွေ အိတ်ထဲကို ပိုက်ဆံသွားထည့်ပေးနေတာ မသတီစရာ ကောင်းပါတယ်" ဟု ဆိုသည်။
သြစတြီးယားဘဏ်ကနာမည်ပျက်စာရင်းဝင်မြန်မာအစိုးရ၏ဘဏ်နှင့်ပြန်လည်ဆက်သွယ်လို
ကိုယ်စားလှယ်အဖွဲ့၏တင်ပြချက်အရသြစတြီးယားထိန်းချုပ်ထားသည့်ဘဏ်DieOesterreichische KontrollbankAGကမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့်ဆက်သွယ်ရေး ပြန်လည်ထူထောင်လိုကြောင်း စိတ်ဝင်စားနေသည်ဟုသိရသည်။၎င်းဘဏ်မှာမြန်မာအစိုးရပိုင်ဘဏ်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူသည့်စာရင်းတွင် မပါသည့် လက်ကျန်ဘဏ် အနည်းငယ်မှ တခုလည်း ဖြစ်သည်။
သို့သော်လည်းမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည်အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဒဏ်ခတ်အရေးယူမှုတွင်နာမည်ဆိုးစာရင်းပေါက်နေသည့် ဘဏ်တခုလည်း ဖြစ်သည်။
သြစတြီးယားထိန်းချုပ်ထားသည့် ဘဏ်နှင့် မြန်မာဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ငွေများကိုအမေရိကန်မှ ဖြတ်၍ လွှဲမည်ဆိုလျှင် ၎င်းဘဏ်သည်လည်း အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ရေးမူကို ချိုးဖောက်ကျူးလွန်ရာ ရောက်တော့မည်ဖြစ်သည်။၂ဝဝ၉ ခုနှစ်တွင်CreditSuisseဘဏ်သည် အလားတူ ငွေလွှဲပြောင်းဆောင်ရွက်မှုကြောင့် ဒဏ်တပ်ခံခဲ့ရသေးသည်။ CreditSuisseဘဏ်သည်EUနှင့် ဆွစ်ဇာလန် ဒဏ်ခတ်အရေးယူမှုစာရင်းအရပြဿနာမရှိသော်လည်းအမေရိကန်ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်ကျူးလွန်ရာ ရောက်ခဲ့သည်။
မြန်မာအစိုးရကနိုင်ငံတကာNGOများနှင့်အကူအညီပေးရေးအဖွဲ့များအနေဖြင့်မြန်မာနိုင်ငံထဲသို့ နိုင်ငံခြားငွေ တင်သွင်းလာပါကနိုင်ငံခြားကုန်သွယ်မှုဘဏ်မှတဆင့်တင်သွင်းစေရန်ဖိအားပေးနေခဲ့ပြီးဘဏ်အတွက် အကျိုးအမြတ် ရှိစေမည့် ပုံမှန်မဟုတ်သော ငွေလဲနှုန်းဖြင့်သာ သွင်းထုတ်စေခဲ့သည်။
၂ဝဝ၈ ခုနှစ် ဇူလိုင်တွင် ကုလသမဂ္ဂလူမှုကူညီရေးအကြီးအကဲဂျွန်ဟုမ်းလ်စ်JohnHolmesက ပြောကြားရာ၌ စစ်အစိုးရ တောင်းဆိုသည့်အတိုင်းမှားယွင်းနေသည့်ငွေလဲနှုန်းဖြင့်ငွေသွင်းထုတ်ခဲ့ရမှုကြောင့် နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ထောက်ပံ့ပေးသည့် အကူအညီငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်းမျှ နစ်နာခဲ့ရကြောင်း ဖွင့်ဟဝေဖန်ခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် နောက်ထပ် ဘဏ်တခုမှာ သြစတြီးယားဘဏ် BankAustria ဖြစ်သည်။ ၎င်းတို့၏ တင်ပြချက်တွင်သူတို့ဘဏ်ကဥရောပတခုလုံးအကျယ်အပြန့် ချိတ်ဆက်ထားသည့် ဘဏ်အုပ်စုယူနီခရက်ဒစ်UniCredit၏အဖွဲ့ဝင်အဖြစ်၂ဝဝ၅ခုနှစ်ကတည်းကပါဝင်ခဲ့ပြီး၊ သြစတြီးယားနိုင်ငံတွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ ငွေကြေးပံ့ပိုးရာ၌ဈေးကွက်တွင် အငြင်းပွားဖွယ်မရှိသည့် ခေါင်းဆောင်ဘဏ်တခု ဖြစ်သည်ဟု ဆိုသည်။ တင်ပြချက်အရ ၎င်းတို့ဘဏ်က မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဘဏ်များ၊ သွင်းကုန်တင်သွင်းသူများနှင့် တိုးချဲ့၍ ဆက်ဆံလိုသည်ဟု ဖော်ပြသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသည့်ဂေါက်ကွင်းသို့ကိုယ်စားလှယ်အဖွဲ့သွားခဲ့ခြင်း
မြန်မာနိုင်ငံရှိ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တွေ့ဆုံခဲ့သည့်အပြင်၎င်းကိုယ်စားလှယ်အဖွဲ့ကဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးဆာ့ခ်ျပန်းနှင့်လည်း ပန်းလှိုင်ဂေါက်ကွင်းတွင်တွေ့ဆုံခဲ့သေးသည်။၎င်း ဂေါက်ကွင်းမှာတောင်အာဖရိကနိုင်ငံမှကြေးစားဂေါက်သီးသမားဂယ်ရီပလေးယား(GaryPlayer) ပုံစံထုတ်ထားသည်ဆိုပြီးလယ်သမားများထံမှလျော်ကြေးမပေးဘဲမြေကိုသိမ်း၍ ဂေါက်ကွင်းဆောက်ထားသည့်နေရာဟုလည်း သိရသည်။
မြန်မာ့ဂုဏ်ဆောင်‘prideofMyanmar’ဂေါက်ကွင်းတွင်ဂယ်ရီပလေးယားပါဝင်ပတ်သက်နေမှုကို အငြိမ်းစား တောင်အာဖရိကဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းက "လူသတ်စစ်အာဏာရှင်မြန်မာနိုင်ငံမှစစ်အစိုးရအာဏာပိုင်များအတွက်ကစားကွင်း"ဟုခေါ်ဝေါ်သမုတ်ခဲ့သည်။
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရှိန်အဟုန်မြင့်နေချိန်တွင် ဒက်စမွန်တူးတူးနှင့် တောင်အာဖရိကရှိ မြန်မာ့အရေးထောက်ခံသူများက နယ်လ်ဆင်မင်ဒဲလား၏ ကလေးများ ရန်ပုံငွေပွဲ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဂယ်ရီ ပလေးယားကို ဖိတ်ကြားခြင်းမပြုရန် အောင်မြင်စွာ တိုက်တွန်းစည်းရုံးနိုင်ခဲ့ကြသည်။ သူတို့က ပလေးယားနှင့် စစ်အစိုးရဂေါက်ကွင်း ဆက်စပ်ပတ်သက်နေမှုကို ထောက်ပြခဲ့ကြသည်။
ဆာ့ခ်ျပန်း၏ SPA/FMIကုမ္ပဏီအုပ်စု၏ ထုတ်ပြန်ကြေညာချက်တွင် သြစတြီးယား သံအမတ်ကြီးနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သီးသန့်ထိပ်တန်း ဂေါက်ကွင်းအနီးရှိ ပုဂ္ဂလိကပိုင် ပန်းလှိုင်ဆေးရုံသို့လည်း သွားရောက် လည်ပတ်သေးသည်ဟု ဖော်ပြထားသည်။ ဧရာဝတီမဂ္ဂဇင်း၏ သတင်းတပုဒ် ဖော်ပြချက်အရ မကြာသေးမီက အနားယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်းဆေးရုံတွင် လွန်ခဲ့သည့် သြဂုတ်လက ဆေးစစ်မှု ခံယူခဲ့သေးသည်ဟုလည်း သိရသည်။
(သောမတ်စ်မောင်ရွှေရေးသားသည့် NLDdisturbedbyAustrian embassy’s promoting defense firm in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)







Geen opmerkingen: