မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 5 mei 2011

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမည်

ရန်ပိုင် Thursday, 05 May 2011 10:39
.တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ယခုလအတွင်းတရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟုစစ်ဘက်အသိုင်းအ၀န်းမှသိရသည်။

ယမန်နှစ်စက်တင်ဘာလကတရုတ်နိုင်ငံခရီးစဉ်တွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အတူတွေ့ရသောထိုစဉ်ကဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်(ဘယ်စွန်)(ဓာတ်ပုံ-AP)
ယခုခရီးစဉ်သည်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပြောင်းလဲတာဝန်ယူပြီးနောက် ပထမဆုံးခရီးစဉ်ဖြစ်ပြီးနယ်စပ်ဒေသတွင်ဖြစ်ပွားနေသည့်တိုင်းရင်းသားအရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဟု စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းကဆက်လက်၍“ဦးစီးချုပ်အသစ်တယောက်အနေနဲ့အစဉ်အလာအရသွားတာအပြင်နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာကိစ္စတွေလည်းဆွေးနွေးလိမ့်မယ်”ဟုဆိုသည်။
ပြီးခဲ့သည့်မတ်လကုန်တွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကကာကွယ်ရေးဦးစီးချုပ်ရာထူးကိုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည်ပြီးခဲ့သည့်နှစ်စက်တင်ဘာလအတွင်းကလည်းဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူတရုတ်နိုင်ငံသို့သွားရောက်ခဲ့သေးသည်။
ကာကွယ်ရေးဦးစီးချုပ်အသစ်၏တရုတ်နိုင်ငံသို့သွားရောက်မည့်ခရီးစဉ်ထွက်ပေါ်လာချိန်သည် နယ်စပ်ဒေသရှိ‘၀’ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့(UWSA)၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)မိုင်းလားအဖွဲ့များနှင့်နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး တင်းမာမှုများရှိနေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA–N) နှင့် တိုက်ပွားများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည်နယ်စပ်ဒေသရှိတိုင်းရင်းသားများအရေးနှင့်ပတ်သက်လျှင် သဘောထားတင်းမာသူ တဦးအဖြစ်တပ်အတွင်းသတင်းများအရသိရပြီးကစထမှူးအဖြစ် တရုတ်နယ်စပ်တွင် တာဝန်ယူစဉ်၂၀၀၉ ခုနှစ်စက်တင်ဘာလအတွင်းကကိုးကန့်အပစ်ရပ်အဖွဲ့(MNDAA)ကို တိုက်ခိုက်ပြီး ခေါင်းဆောင် ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့သည်။
မကြာသေးမီက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်ကလည်း ပြည်ထောင်စု အစိုးရ၏ အာဏာစက်သည် နယ်စပ် အစွန်အဖျားထိ ရောက်ရှိရန် အရေးကြီးကြောင်း၊ သို့မှသာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ ပီပြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၃ ရက်နေ့က ပြုလုပ်သည် အစိုးရအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
သို့သော် လေ့လာသူများ အဆိုအရ သမ္မတသစ် ဦးသိန်းစိန်အစိုးရသည် မြန်မာနိုင်ငံရေးတွင် အဓိကျသည့် ပြဿနာတခုဖြစ်သည့် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် လိုလားခြင်း မရှိဘဲ လက်နက်ဖြင့် ဖြေရှင်းမည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။
အပြန်အလှန်အားဖြင့်တရုတ်စစ်ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်သည်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု သိရသည်။

Geen opmerkingen: