မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 mei 2011

ရန်ကုန်၌တရားဝင်ဆန္ဒပြခွင့်တောင်းဆို

လင်းသန့် Tuesday, 31 May 2011 18:40
.၂၀၁၀ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသောလွှတ်တော်ကိုယ်စားလှယ်၎ဦးက နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအတွက်ရန်ကုန်မြို့တွင်လာမည့်ဇွန်လ၅ရက်နေ့၌“တရားဝင်ဆန္ဒပြခွင့်”ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပြည်ထဲရေးဝန်ကြီးထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

တရားဝင်ဆန္ဒပြရန်တောင်းဆိုထားသောနေရာတခုဖြစ်သည့်ရန်ကုန်မြို့တော်ခန်းမ(ဓာတ်ပုံ - images.travelpod.com)
ဆန္ဒပြကြမည့်သူ၎ဦးမှာဦးဝင်းချို၊ဦးမင်းအောင်၊ဦးစိုးကြည်၊ဦးနေမျိုးဝေတို့ဖြစ်ပြီး၎င်းတို့သည်၂၀၁၀ ရွေးကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ခဲ့သူများလည်းဖြစ်သည်။
ဇွန်လ၅ရက်နေ့မြန်မာစံတော်ချိန်နံနက်၉နာရီ၃၀မိနစ်မှနေ့လယ်၁၁နာရီ၃၀မိနစ်အထိရန်ကုန် မြို့တော်ခန်း မရှေ့၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဘေးဆိုသည့်နေရာသုံး နေရာအနက်သက်ဆိုင်ရာအာဏာပိုင်များ၏ခွင့်ပြုသောနေရာတခုတွင်ဆန္ဒပြမှုကို ပြုလုပ်ရန်အတွက် မေလ၂၆ရက်နေ့ကအစိုးရထံခွင့်ပြုချက်တောင်းဆိုထားကြောင်းဆန္ဒပြမှုတွင်ပါဝင်မည့်ဦးဝင်းချိုက ဧရာဝတီကိုပြောသည်။
ဆန္ဒပြအစီအစဉ်တွင်ဟောပြောခြင်း၊စာရွက်စာတမ်းဝေငှခြင်းနှင့်အခြားသူများ လိုက်ပါပူးပေါင်းဆန္ဒပြခြင်းများကိုလုပ်ဆောင်ခွင့်ပြုမည်မဟုတ်ဘဲမီဒီယာများနှင့် အင်တာဗျူးခြင်းသာရှိမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ၄ ဦး၏ ကြေညာချက် တွင် ဖော်ပြထားသည်။
ယခုလှုပ်ရှားမှုသည်ယခင်စစ်အစိုးရရေးဆွဲအတည်ပြုခဲ့သော၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈)နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ၌ဖော်ပြထားသောအပိုဒ်၃၅၄၏အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေထဲကအတိုင်းကျနော်တို့နိုင်ငံသားတွေမှာအခွင့်အရေးရှိလားဆိုတာတော့ သိချင်တာပေါ့ဗျာ။နိုင်ငံသားအခွင့်အရေးများနဲ့အညီအခုလိုဆန္ဒပြပြီး အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ကိုဇာဂနာအပါအ၀င်နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုသွားမယ်”ဟု ဦးဝင်းချိုက ရှင်းပြသည်။
ဆန္ဒပြမည့်သူ၎ဦးလုံးသည်၂၀၀၈ဖွဲ့စည်းပုံအတိုင်းနိုင်ငံသားအခွင့်အရေးများအရလွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခွင့်အပေါ်ယုံကြည်ကြောင်း၊နိုင်ငံသားတိုင်းအဆိုပါအခွင့်အရေးများကို ရပိုင်ခွင့်ရှိကြောင်း၊ထို့ကြောင့်ဥပဒေတွင်းဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်ကြိုးပမ်းနေသည်ဖြစ်ကြောင်း ဦးမင်းအောင်ကလည်း ရှင်းပြ သည်။
“ကျနော်တို့ကိုအခုလိုလုပ်တဲ့အခါမှာအစိုးရကဖမ်းဆီးမယ်ဆိုရင်ကျနော်တို့ကနိုင်ငံသားအခွင့်အရေးအတွက် လုပ်နေတာကိုဖမ်းတယ်ဆိုတော့ဒီအခြေခံဥပဒေပါအတိုင်းလုပ်ဆောင်တာကိုလုပ်ခွင့်မရှိဘူး ပြောလိုက်တယ်လို့ယူဆမယ်။ ဒါဆိုရင်ဖွဲ့စည်းပုံပါဒီမိုကရေစီအခွင့်အရေး၊နိုင်ငံသားအခွင့်အရေးတွေဟာ စက္ကူလိုဖြစ်သွားမယ်”ဟု ဦးဝင်းချိုက ဆိုသည်။
သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့်ယခုကဲ့သို့ဆန္ဒပြရန်လမ်းညွှန်မှုတောင်းခံခြင်းကိုခွင့်မပြုလျှင်၂၀၀၈အခြေခံဥပဒေပါပုဒ်မ၃၇၇အရပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ဆက်လက်တောင်းခံသွားခွင့်လည်း ရှိကြောင်း သိရသည်။
“တိုင်းပြည်ကိုအများကြီးကောင်းကျိုးဆောင်ရွက်နိုင်တဲ့ကျောင်းသားခေါင်းဆောင်တွေအပါအ၀င်နိုင်ငံရေးအကျဉ်းသား တွေထောင်တွေထဲမှာ အများကြီးကျန်နေသေးတယ်။ သူတို့လွတ်မြောက်ဖို့အတွက် ကျနော်တို့ကစွန့်ရတာပါပဲ။ဥပဒေကိုတကယ်ကိုင်ဆွဲရင်တော့ကျနော်တို့ကိုဖမ်းဆီးခွင့်မရှိပါဘူး။ ဖမ်းမယ်ဆိုလည်းအဆင်သင့်ပဲ။မဖမ်းဘူးလို့လည်းအပြည့်မယုံထားဘူး။ကျနော်တို့ကအစိုးရသစ်ဟာ အခြေခံဥပဒေကိုတကယ်လေးစားလိုက်နာသလားဆိုတာအပေါ်စမ်းသပ်မှုလို့ပြောနိုင်တယ်”ဟု ဦးမင်းအောင် က ပြောသည်။
အဆိုပါဆန္ဒပြရန်ကိစ္စနှင့်ပတ်သက်ပြီးရန်ကုန်မြို့ရှိနိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးလေ့ရှိသည့်ဥပဒေအကျိုးဆောင်ဦးအောင်သိန်းက“ဒါကသူတို့ ရပိုင်ခွင့်အရ ခံစားမှုကို တင်ပြတာပဲ။ သူတို့ရဲ့ပိုင်ခွင့်အပေါ်မှာ အလုပ် စတင်လုပ်တာပဲ။
သူတို့ရဲ့တောင်းဆိုမှုဘယ်လောက်ရမလဲဆိုတာတော့ကျနော်တို့ကစောင့်ကြည့်ရမှာပေါ့”ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော် ဆက်လက်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

Geen opmerkingen: