မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 23 mei 2011

ကိုယ့်အားကိုယ်ကိုးမှရမည်ဟုဒေါ်စုပြော

ဂျင်အင်ဒရူး တနင်္လာနေ့၊မေလ၂၃ရက်၂၀၁၁ခုနှစ်၂၁နာရီ၄၉မိနစ် . 
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာအတိုက်အခံများအနေဖြင့်အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)နှင့် အိန္ဒိယနိုင်ငံတို့မှထောက်ခံမှုရရန်သိပ်မျှော်လင့်၍မဖြစ်ကြောင်းနှင့်ဒီမိုကရေစီရရန်ကိုယ့်အား ကိုယ်ကိုးမှဖြစ်မည်ဟုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဂျာမန်ရုပ်သံ သတင်းဌာနတခုကို ပြောကြားလိုက်သည်။
‘‘နောက်ဆုံးတော့ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာကျမတို့သိလာကြပါပြီ။ဒါလည်းမကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်ကဂျာမန်ကမ္ဘာတလွှားအစီအစဉ်ဖြစ်သောDeutscheWelleက HertieSchoolofGovernanceနှင့်ပူးတွဲထုတ်လွှင့်သည့် SundaytoAsiaတွင်ပြောကြားခဲ့သည်။
ဒီမိုကရေစီခေါင်းဆောင်သည်အဆိုပါစားပွဲဝိုင်းဆွေးနွေးပွဲ၌ပါဝင်ဆွေးနွေးခဲ့ပြီး၊မြန်မာ့အနာဂတ်အရေးကို ပြောကြားခဲ့ကြသည်။၎င်းအစီအစဉ်ကိုရန်ကုန်မြို့ရှိလျှို့ဝှက်နေရာတနေရာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကိုလိုနီခေတ်ကတည်းကအဆက်အဆံများခဲ့သောအိန္ဒိယနိုင်ငံ၏ စိတ်ပျက်ဖွယ်ကောင်းလှသော သဘောထား´ကြောင့်အထူးတလည်ဝမ်းနည်းရကြောင်းသူကပြောကြားခဲ့သည်။ ဤအရှေ့တောင်အာရှနိုင်ငံတွင်တရုတ်၏သြဇာအာဏာကြီးထွားလာခြင်းကိုသတိထားမိသည့်အတွက် မြန်မာအာဏာပိုင်များနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန်အိန္ဒိယအစိုးရကကြိုးစားခဲ့သည်ဟုဆိုသည်။ သူတို့၏မြန်မာနိုင်ငံရှိမဟာဗျူဟာနှင့်စီးပွားရေးအကျိုးစီးပွားများကိုကာကွယ်ရမည်ဖြစ်ပြီး၊ ဒီမိုကရေစီရေးတိုက်ပွဲမှာမြန်မာပြည်သူများသာပြုလုပ်ရမည်ဖြစ်သည်ဟုနယူးဒေလီရှိအစိုးရက အလေးထား ပြောကြားခဲ့သည်။
အာဆီယံနှင့်ပတ်သက်၍မူဒေါ်အောင်ဆန်းစုကြည်ကသူတို့အနေဖြင့်အာဖရိကနိုင်ငံများကပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းကြသည်ကို လေ့လာနိုင်ကြကြောင်းနှင့်အာဆီယံ၏ပြဿနာတရပ်မှာ မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်ပြီးယင်းသည်အာဖရိကနိုင်ငံများနှင့်ကွာခြားကြောင်း ပြောကြားသွားသည်။ ၅၃ နိုင်ငံပါအာဖရိကသမဂ္ဂသည်အဖွဲ့ဝင်နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကိုစိတ်ဝင်တစားတက်ကြွစွာ ဆောင်ရွက်ကြပြီးအချို့သောအကျပ်အတည်းဖြစ်ပွားနေသောနိုင်ငံများတွင်ငြိမ်းချမ်းရေးတပ်ဖွဲ့များ ထားရှိပေးသည်။
နိုင်ငံတကာထောက်ခံမှုကင်းမဲ့ခြင်းနှင့်နိုင်ငံတကာအကူအညီများပေးအပ်ရာတွင်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းအတွက်လည်းသူက၀မ်းပန်းတနည်းပြောကြားခဲ့သည်။မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ဥရောပသမဂ္ဂသည် အလွန်မညီမညွတ်´ဖြစ်ကြကြောင်းလည်းသူကပြောသည်။
မြန်မာပြည်သူများသည်ပြင်းထန်စွာဆင်ဆာဖြတ်တောက်နေသည့်အကြားမှအာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသောအရေးအခင်းများကိုစိတ်ဝင်တစားလေ့လာစောင့်ကြည့်လျက်ရှိကြကြောင်းပါ သူက ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။အီဂျစ်၊လစ်ဗျား၊ ဆီးရီးယား၊တူနီးရှား၊ယီမင်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော `အာရပ်နွေဦး´ဆန္ဒပြပွဲများကမြန်မာပြည်ပမီဒီယာများကိုမေးခွန်းများစွာထွက်ပေါ်လာစေခဲ့ကာ၊ မြန်မာနိုင်ငံတွင်လည်းစစ်အစိုးရကိုဆန့်ကျင်သည့်၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမျိုးတကျော့ပြန် ဖြစ်နိုင်မဖြစ်နိုင်မေးခွန်းများထုတ်လာကြကြောင်းနှင့်အကဲခတ်များကမူရန်ကုန်အခြေအနေသည် ကိုင်ရိုလမ်းမများပေါ်တွင်ဖြစ်ပွားနေသောအခြေအနေများနှင့်လွန်စွာကွာခြားကြောင်းပြောဆိုနေကြသည်။
မြန်မာပြည်လူငယ်ထုကြားတွင်နိုင်ငံရေးစိတ်ဝင်စားမှုတိုးပွားလာသည့်အတွက် အားတက်မိကြောင်းဖြင့်လည်းဒေါ်အောင်ဆန်းစုကြည်ကပြောသည်။‘‘ဒါ ..ကျမ နေအိမ်အထိန်းသိမ်းခံနေက လွတ်လာပြီးကတည်းကမြင်ခဲ့ရတဲ့အလွန်ကြီးမားတဲ့အပြောင်းအလဲတွေထဲကတခုပါပဲ’’ဟု သူက ပြောသည်။
‘‘လူငယ်တွေဟာနိုင်ငံရေးကိုအရမ်းစိတ်ဝင်စားလာကြတယ်။သူတို့ဟာမချင့်မရဲဖြစ်လာကြပြီး အပြောင်းအလဲဆိုတာကိုယ့်ဘာသာလုပ်မှ ဖြစ်မယ်ဆိုတာ သိလာကြလို့ပဲ’’။
‘‘မြန်မာနိုင်ငံကလူငယ်တွေဟာလုပ်တတ်အောင်လုပ်မှဖြစ်တော့မယ်လို့ဆုံးဖြတ်ခဲ့ကြပြီ။လူငယ်တွေဟာ အလွန့်ကို ပိုပြီးကိုယ့်အားကိုယ်ကိုးလာကြတယ်’’
သို့သော်နေရာအနှံ့အကြောက်တရားစိုးမိုးနေခြင်းကြောင့်မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုတွင် အဟန့်အတား ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လိုအပ်လျက်ရှိကြောင်း သူက ပြောသည်။ ဥပဒေစိုးမိုးမှုရှိပါက အပြောင်းအလဲအတွက် ကြိုတင်စည်းကမ်းချက်ဖြစ်သော တိုင်းပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာမည်ဟုပါ သူက ပြောသည်။



Geen opmerkingen: