မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 maart 2010

စာမေးပွဲဖြေမည့် ကျောင်းသားများထံမှ ငွေတောင်း

ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၅ မိနစ် .
သို့
အယ်ဒီတာခင်ဗျား
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရပ်ကွက်ကောင်စီ - ရယက (၁၄) အပိုင်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုဖို့ ထောက်ခံစာ လာယူတဲ့ ကျောင်းသားတွေဆီကနေ ငွေကြေးကို လိုတာထက်ပိုပြီး တောင်းခံနေကြတဲ့အတွက် ကျောင်းသားမိဘတွေမှာ အခက်အခဲတွေ ဖြစ်နေကြပါတယ်။
ထောက်ခံစာယူဖို့ ကျောင်းသားမိဘတွေက ရယက ရုံးကို သွားတဲ့အခါမှာ ရုံးမှာ ဥက္ကဋ္ဌရော၊ အတွင်းရေးမှူးပါ မရှိလို့ သူတို့ရဲ့ ဇနီးတွေဆီမှာ သွားယူဖို့ လွှဲလိုက်ပါတယ်။ သူတို့အမျိုးသမီးတွေက အဲဒီကိစ္စတွေကို ကိုင်ထားတယ်။ ထောက်ခံချက်လေး တစောင်အတွက်ကို ၁ဝဝဝ ကျပ် ပေးနေရပါတယ်။
ရယက ဥက္ကဋ္ဌ နာမည်က ဦးကြည်ဝင်း၊ အတွင်းရေးမှူးက ဦးမြင့်ထူး ဖြစ်ပါတယ်။ သူတို့ကို မြို့နယ် မယက ဥက္ကဋ္ဌနဲ့ ခရိုင်ရဲမှူးကြီးတို့က ပြီးခဲ့တဲ့ ၂ လပိုင်းတုန်းကမှ ခန့်ထားခဲ့တာပါ။
လုပ်အားပေးတွေဘာတွေ ခေါ်ရင်လည်း မလိုက်နိုင်တဲ့သူတွေဆီက ဒဏ်ငွေရိုက်တာမျိုးတွေဘာတွေလည်း လုပ်နေပါတယ်။ ဒဏ်ငွေမဆောင်နိုင်ဘူးဆိုရင်လည်း ပေါက်တူး၊ တောင်း စတာတွေကို လုပ်ပေးခိုင်းပါတယ်။
ရပ်ကွက်ထဲက အမျိုးသမီးတယောက်ကိုလည်း ကလေးမီးဖွားပြီးလို့ လုပ်အားပေး မလိုက်နိုင်တာကို ဒဏ်ငွေ ၅ဝဝဝ ကျပ် တောင်းပါတယ်။
ရယက ရုံးမှာက ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးရဲ့ ဇနီးမယားတွေက ဧည့်စာရင်းတိုင်တဲ့ ကိစ္စတွေဆိုရင်လည်း သူတို့တွေက တံဆိပ်တုံးတွေ ယူထားပြီး သူတို့စိတ်တိုင်းကျ လုပ်ကိုင်နေကြပါတယ်။
ရုံးကိစ္စတွေမှာ တာဝန်ရှိတဲ့ လူကြီးတွေရဲ့ ဇနီးမယားတွေက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ရှိပါသလား။

ရပ်ကွက်သား တဦး

Geen opmerkingen: