မဇ္ဈိမသတင်းဌာန
Monday, 08 March 2010 19:34
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ခြင်း
“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဥပဒေ အမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့က စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ် ခင်ဗျာ”
Geen opmerkingen:
Een reactie posten