မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 11 maart 2010

ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ

NEJ/၁၁ မတ် ၂ဝ၁ဝ

နအဖစစ်အစိုးရက ယခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာ့အသံမှ ယနေ့ညနေတွင် ကြေညာသွားသည်။
ကော်မရှင်အဖွဲ့မှာ (၁၇) ဦးအဖွဲ့ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစောဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဒေါက်တာစိုင်းခမ်းလှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ဖြစ်ကြသည်။





Geen opmerkingen: