မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 5 maart 2010

ဥရောပ ၄ နိုင်ငံ သံအမတ်များနှင့် ပဒမဖ တွေ့ဆုံ

မြင့်မောင်
သောကြာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ပဒမဖ ဖြစ်မြောက်ရေး ကော်မတီဝင် ၄ ဦးကို ဥရောပနိုင်ငံ ၄ နိုင်ငံမှ သံအမတ်များက ရန်ကုန်ရှိ ဂျာမဏီသံရုံးတွင် ယနေ့ ခေါ်ယူတွေ့ဆုံခဲ့သည်။
ပြင်သစ်၊ အီတလီ၊ ဗြိတိသျှနှင့် ဂျာမဏီ သံအမတ်များက ပဒမဖ ကော်မတီဝင် ၄ ဦးကို ယနေ့ နေ့လည် ၁၂ နာရီခန့်က ခေါ်ယူတွေ့ဆုံရာ မိနစ် ၃ဝ ခန့်ကြာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“အဖွဲ့ရဲ့ ရပ်တည်ချက်ကို ပြောပြတယ်။ သူတို့က သိချင်တာတွေကို မေးတယ်။ ဖြေလို့ မရတဲ့ မေးခွန်းမျိုးတွေကို မေးတယ်။ ပြောလို့မရတဲ့ ဟာဆိုတာက အဖွဲ့ဝင်အင်အား ဘယ်လောက်ရှိလဲ။ ဒါက လက်တွေ့မကျဘူး။ ပါတီထောင်ခွင့် ဥပဒေတောင် မထွက်သေးဘူး။ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့ထားရတယ်။ ဒါတောင်မှ တရားဝင် မဟုတ်သေးဘူး။ ဒီအင်အားတွေ ဘယ်ရှိဦးမလဲ။ ဒီနေ့ တွေ့ဆုံပွဲကို ကျနော်တို့အနေနဲ့ အားမရဘူး” ဟု ပဒမဖ မှ ကော်မတီဝင် ဝါရင့် ရှမ်းအမျိုးသား နိုင်ငံရေးသမား ဦးရွှေအုံးက မဇ္ဈိမကို ပြောသည်။
ရွေးကောက်ပွဲ ဥပဒေမထွက်သေး၍ တရားဝင် မှတ်ပုံတင်ရခြင်း မရှိသေးသော ပဒမဖ အဖွဲ့မှ ကော်မတီဝင်များ ဖြစ်သည့် ဦးရွှေအုံး၊ ဦးသိန်းတင်အောင်၊ ဦးနေမျိုးဝေနှင့် ဦးကိုကိုကြီးတို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။

Geen opmerkingen: