Tuesday, 02 March 2010 19:16 ဧရာဝတီ .
ဒေါ်လာအတု ပြုလုပ်နိုင်သည်ဟု ဆိုသော ကင်မရွန်းနိုင်ငံသား ၂ ဦးကို စစ်အစိုးရ လမ်းမတော် မြို့နယ် တရားရုံးက လိမ်လည်မှုဖြင့် တရားစွဲ ထားကြောင်း ရန်ကုန်မြို့အခြေစိုက် Weekly Eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
၎င်းတို့ ၂ ဦးသည် လမ်းမတော် မြို့နယ်ရှိ ဟိုတယ်တခု၌ နေထိုင်စဉ် ဒေါ်လာ အတုပြုလုပ် နိုင်ကြောင်း ပြောဆိုရာ ဟိုတယ် မန်နေဂျာက ဒေသခံ အာဏာပိုင်များထံ အကြောင်းကြား ခဲ့သဖြင့် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းအမှု နှင့် ပတ်သက်ပြီး လမ်းမတော် ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ထိုအမှု ဖြစ်ပွားကြောင်း အတည်ပြုသော်လည်း အသေးစိတ်ကို ပြောကြားနိုင်ခြင်းမရှိဟု ပြန်လည် ဖြေကြားခဲ့သည်။
တရားရုံးချုပ် ရှေ့နေ တဦးဖြစ်သည့် ဦးကျော်ဟိုးက“ဒီလူတွေ ကိုယ်တိုင်က အတုလုပ်ရင် စွဲလို့ရတာပေါ့၊ လက်ဝယ်မှာ ရှိရုံနဲ့ မဟုတ်ဘဲ ဘယ်နေရာမှာ သွား လုပ်သလဲ၊ ဘယ်သူတွေနဲ့ ပေါင်းလုပ်သလဲ၊ စက္ကူ စာရွက်တွေက ဘာစာရွက်တွေသုံးသလဲ၊ အဲဒါတွေက အစပေါ့လေ ရဲက ဖော် ထုတ်ရဦးမယ်”ဟု ဆိုသည်။
အဆိုပါ ကင်မရွန်း နိုင်ငံသား၂ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉ (က) ဖြင့် တရားစွဲထား ကြောင်းလည်း သိရသည်။
ယင်း အမှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
Geen opmerkingen:
Een reactie posten