မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 5 maart 2010

ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း

Friday, 05 March 2010 18:19 ဧရာဝတီ
.ရုရှားနှင့် တရုတ် နိုင်ငံတို့က ၂၀၁၀ ခုနှစ်အတွင်း အရပ်ဘက်သုံး ခရီးသည်တင် လေယာဉ်နှင့် ကုန်တင် လေယာဉ်များ မြန်မာ နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြသည်။
ရုရှားလုပ် Antonov-148 ခရီးသည်တင် လေယာဉ်နှင့် တရုတ် ကော်ပိုရေးရှင်းက MA 60 ကုန်တင် လေယာဉ်
ရုရှားမှ ယူနိုက်တက် လေယာဉ် ကော်ပိုရေးရှင်း (United Aircraft Corporation – UCA) က Antonov-148 (An-148) နှစ်စီးနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန် ထုတ်ကုန် ကော်ပိုရေးရှင်း (China National Aero-Technology Import and Export Corporation – CATIC) က MA 60 ကုန်တင် လေယာဉ် သုံးစီးတို့ကို ယခုနှစ်အတွင်း မြန်မာသို့ ရောင်းချမည်ဟု ရုရှားမှ အီတာတာစ် သတင်းဌာနှင့် Flightglobal ဝက်ဘ်ဆိုဒ်တို့က အသီးသီးဖော်ပြသည်။
An-148 သည် ခရီးတိုပြေးအမျိုးအစားဖြစ်ပြီး ခရီးသည် ၉၀ ဆံ့သည်။ အများဆုံး ပျံသန်းနိုင်သည့်နှုန်းမှာ ကီလိုမီတာ ၅,၀၀၀ ဖြစ်ပြီး အမြန်နှုန်းမှာ တနာရီလျှင် ၈၂၀ မှ ၈၇၀ ကီလိုမီတာ ဖြစ်သည်။ An-148 တစီး၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် ဖြစ်သည်။ ထို ရုရှားကော်ပိုရေးရှင်းမှပင် အီရန်နှင့် ကျူးဘားတို့က An-148 များ မှာယူဖူးသည်။
၂၀၀၉ ခုနှစ်အတွင်း ရုရှားက မြန်မာသို့ ယူရိုသန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၇၀) နီးပါး တန်ဖိုးရှိမည့် MiG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ရောင်းချမည့် စာချုပ်တရပ် ချုပ်ဆိုခဲ့သည်။
ယခုနှစ် စက်တင်ဘာတွင် မြန်မာသည် တရုတ် ကော်ပိုရေးရှင်းမှ လေယာဉ်များ ရရှိမည်ဖြစ်ပြီး တရုတ်အစိုးရ၏ ချေးငွေ အစီအစဉ် အကူအညီဖြင့် ဝယ်ယူမည်ဖြစ်သည်ဟု Xi'an Aircraft Industrial Corporation ကို ကိုးကား၍ Flightglobal ဝက်ဘ်ဆိုဒ်က ဖော်ပြသည်။ မြန်မာနိုင်ငံတွင် အိုဟောင်းနေပြီဖြစ်သော ဖော်ကာ F27 များကို သုံးနေရဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Geen opmerkingen: