မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 11 november 2010

လောင်စာဆီ အကန့်အသတ်ဖြင့်ရောင်း၊ ဈေးတက်ဖွယ်ရှိ

ရန်ပိုင် Thursday, 11 November 2010 18:16 သတင်း
.ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ပြီးခဲ့သည့် တပတ်ခန့်မှစ၍ လောင်စာဆီများကို အကန့်အသတ်ဖြင့်သာ ၀ယ်ယူခွင့် ရပြီး တန်းစီ စောင့်ဆိုင်း ရကြောင်း သတင်းရသည်။
ရန်ကုန်မြို့ရှိ လောင်စာဆီရောင်းချသော ပုဂ္ဂလိက ဆိုင်ကြီးများသည် ကားတစီးကို တရက်လျှင် ဓာတ်ဆီ ၄ ဂါလန်သာ ၀ယ်ယူခွင့်ပြုတော့ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။
                                 ရန်ကုန်မြို့ရှိပုဂ္ဂလိကလောင်စာဆီအရောင်းဆိုင်တဆိုင်။(ဓာတ်ပုံ-ဧရာဝတီ)
“၄ ဂါလန် သတ်မှတ်ချက်နဲ့ ထည့်ရတယ်။ အရင်လို ဖောဖောသီသီ မရတော့ဘူး။ တန်းစီနေကြရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ပဲခူးတိုင်း ပြည်မြို့တွင်လည်း ကားတစီးလျှင် ဓာတ်ဆီ ၂ ဂါလန်သာ ရောင်းချသည်ဟု ပြည်မြို့ခံတဦးက ပြောသည်။
ဓာတ်ဆီဈေးနှုန်းမှာမူ ယခင် သတ်မှတ်ထားသည့် ၂၅၀၀ ကျပ်ပင် ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ် ဇူလိုင်လ ၁၀ရက်နေ့မှစ၍ စစ်အစိုးရက လောင်စာဆီ ဖြန့်ဖြူးရောင်းချရေးကို ပုဂ္ဂလိကသို့ ပြောင်းလဲလုပ်ပိုင်ခွင့်ပြုခဲ့ သည်။
စစ်အစိုးရက တဂါလန်လျှင်၂၃၅၀ ကျပ်နှုန်းဖြင့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များသို့ ချပေးပြီး ဈေးနှုန်းကို ၂၅၀၀ ကျပ် ထက်မပိုဘဲ ပြန်လည်ရောင်းချပေးရမည်ဟု ကန့်သတ်ထားသည်။
သို့သော် မန္တလေးမြို့တွင်မူ ယခုရက်ပိုင်းတွင် လောင်စာဆီများကို အစိုးရ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးတော့မည် မဟုတ်ဘဲ ဈေးနှုန်းများတက်မည်ဟူသော အတည်မပြုနိုင်သေးသည့် သတင်းများကြောင့် တန်းစီသည့် ယာဉ်များ ပိုမိုများပြားလာကြောင်း မန္တလေးမြို့ ခံတဦးက ပြောသည်။
“မန္တလေးကလမ်းတွေ ရှည်ပါတယ်ဆိုတာတောင် တန်းစီတဲ့ ကားတန်းကို မမီဘူး” ဟု ၎င်းကဆိုသည်။
၆၃ လမ်းရှိ ဓာတ်ဆီဆိုင်တွင် ညအိပ်ပြီး တန်းစီခြင်းများလည်းရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပေးလိုက်သည့်နောက်တွင် အခြေအနေပိုဆိုးလာသည်ဟု ထင်ကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆက်လက်ပြောသည်။
လက်ရှိ မန္တလေးမြို့ ပြင်ပလောင်စာဆီဈေးကွက်တွင် ဓာတ်ဆီတဂါလန်လျှင် ၃၂၀၀ ကျပ် ဈေးပေါက်လျက်ရှိကြောင်း သိရသည်။
လောင်စာဆီ ဖြန့်ဖြူးရေးကို ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries &MarineProduct2000Limited၊ဦးနေအောင်၊ဦးအောင်သက်မန်း(ဧရာရွှေဝါ)၊ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ်)၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာ နိုင်ဂရု (ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် စသည့် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ထားသည်။

Geen opmerkingen: