မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 3 augustus 2009

ဒေါ်အောင်ဆန်းစုကြည်၏ အပြီးသတ် လျှောက်လဲချက် အဖွဲ့ချုပ်ထုတ်ပြန်


Monday, 03 August 2009 20:00 သန်းထိုက်ဦး
ဒေါ်အောင်ဆန်း စုကြည်က ၎င်း ရင်ဆိုင်နေရသည့် အမှုတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်များကို အဓိပ္ပာယ်ပိုင်းခြား ကျင့်သုံးရာ၌ “ထုံးနည်းမကျသော ကျင့်သုံးမှုများ ဖြစ်ပေါ်ခဲ့သည်” ဟု အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှတဆင့် ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။

ဇူလိုင်လ၂၄ ရက်နေ့က ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်အတွင်း အထူးတရားရုံးသို့ အပြီးသတ် လျှောက်လဲ ချက် တင်သွင်းခဲ့ရာ ထိုနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သဘောထားအမြင်ကို ယခုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမသည် ဤရုံးရှေ့တွင် စစ်ဆေးကြားနာလျှက်ရှိသော စွဲချက်များအပေါ် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ တင်ပြလိုပါသည်။ တရားဥပဒေ စိုမိုးရေး ဆိုသည်မှာ အဂတိ လေးပါးကင်းသော၊ ချို့ယွင်းချက် ကင်းစင်သော၊ တရားမျှတသော၊ အပြစ်လည်း မဆိုနိုင်သော ဉာဏ် ပညာနှင့် ကောင်းမြတ်သော စိတ်စေတနာနှင့် မြင်သာထင်ရှားကာ တာဝန်ခံနိုင်သည့် စီမံခန့်ခွဲမှုမျိုး ဖြစ်ပါသည်” ဟု ထုတ်ဖော် ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်ခြံဝင်းအတွင်း မစ္စတာ ဂျွန်ဝီလျံ ယက်ထော ဝင်ရောက်ခဲ့ခြင်းအပေါ် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍လည်း ကျူးကျော်ဝင်ရောက်သူကို ဖြစ်စေ၊ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးရန် တာဝန်ရှိသူများကို ဖြစ်စေ ဒုက္ခရောက်စေမည့် အကျိုးဆက်များ မဖြစ်စရန် ရန်ငြိုးကင်းသော စိတ်ထားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်များနှင့် စပ်လျဉ်း၍ ယိုးစွပ်ခြင်း ပြုမည့်အစား ထားသင့် ထားထိုက်သော သင့်ရုံ တော်ရုံ သဘောထားမှု၊ နားလည်သည့် သဘောထားမှုနှင့် တာဝန်သိမြင်သော သဘောထားမှုများကို အစွမ်းကုန် ထားရှိခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ၌ လုံခြုံရေးနှင့် ညီညွတ်ရေးတို့ကို ဥပဒေကသာ အုပ်ထိန်းခြင်း ပြုသည်ဆိုသည့် ယေဘုယျသဘောသာ ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။

“တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့အမှန်တရားကို စီရင်ကြောင်း အများမြင်စေသင့် သည်ဆိုသောမူမှာလည်း တရားဥပဒေ စိုးမိုးရေးအတွက် လွန်စွာ ဟန်ချက်ကို ပိုင်းခြား သိမြင်စေနိုင်သော မူ ဖြစ်သည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့သည့် ကိစ္စနှင့် စပ်လျဉ်းအရေးယူခဲ့မှုများကို ဥပဒေနှင့် ညီ၊ မညီ စုံစမ်းမှု မပြုဘဲ မှန်ကန်၊ ပြည့်စုံစွာ သုံးသပ်နိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆက်လက်၍ ၎င်း ထုတ်ပြန်ချက်ထဲ၌ “ကျမ၏ ရှေ့နေများသည် တရားဥပဒေ စိုးမိုးရေးတွင် ဟန်ချက်ကို ပိုင်းခြား သိမြင်စေနိုင်သော ထိုက်သင့်သည့် ဆောင်ရွက်ချက်များ ရရှိနိုင်ရန် အလွန်စေ့စပ်သေချာသော ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်” ဟု ၎င်း၏ အမြင်ကို ပြောပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုအား စီရင်ချက်ချမှတ်ရန် လာမည့် သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းထားသည်။

Geen opmerkingen: