မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 23 augustus 2009

၂၀၁၀ ရွေးကောက်ပွဲသည် အခွင့်အလမ်းဟု ICG ပြော

Saturday, 22 August 2009 17:25 ကိုထွေး
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ခြင်း မရှိပါက ရွေးကောက်ပွဲ ၀င်ရောက်မည် မဟုတ် ဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘောထားသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို တားဆီး နိုင်မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group- ICG) က ပြော ဆိုလိုက်သည်။

NLD အနေဖြင့် ယင်းသဘောထားကို ကိုင်စွဲ၍ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ခြင်း မပြုပါက နိုင်ငံရေးကို စစ်အစိုးရစိတ်ကြိုက်ကစားသွားနိုင်ကြောင်း ICG ၏ သြဂုတ်လ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင်သုံးသပ်ထားသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ ရွေးကောက်ပွဲကို ငြင်းဆိုခြင်း မဟုတ်ကြောင်းနှင့် ပြည်သူ၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

“ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းဆိုတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဟာ ၀င်သင့်တယ်၊ တိုင်းသူပြည်သား ရဲ့ဆုံးဖြတ်ချက်ကို ခံရမယ်၊ သို့သော် ရွေးကောက်ပွဲဟာ ဘယ်လို အခြေခံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲလဲ ၁၉၉၀ နဲ့တော့ယှဉ်လို့မရဘူး၊ ကျနော်တို့ ငြင်းပယ် နေတာက ဒီအခြေခံဥပဒေနဲ့ မဖြစ်ဘူး၊ ကျနော်တို့ ကန့်ကွက်သင့် သလောက် ကန့်ကွက် နေတာတောင် ချယ်လှယ်နေတာ သူတို့ဆီ ၀င်သွားတော့ တပည့် အဖြစ် က ရုံပဲရှိမှာပေါ့” ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

NLD အနေဖြင့်ရွေးကောက်ပွဲကို မ၀င်ဟု ဇွတ်ပြောဆိုနေခြင်းမဟုတ်ကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ပါက အခြေအနေသည် ယခုထက် ပိုဆိုးမည် ဖြစ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်သည့် အနေအထားသို့ရောက်ပါက အားလုံးဆွေးနွေး၍ရကြောင်းလည်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲ မ၀င်ရလို့ NLD ဘေးမက လို့ အစွန်အဖျားရောက်ပါစေ၊ ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊ အခြေခံ ဥပဒေ ပြင်ပါဆိုတာ သက်သက်နဲ့လည်း ပြင်လို့မရနိုင်ဘူး၊ ညှိနှိုင်းပွဲနဲ့တော့ ပြင်လို့ရတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ဖို့ ဆွေးနွေးဖို့ပေါ့ဗျာ”ဟု ဦးဝင်းတင်က ဆက်လက်ပြော ဆိုသည်။

ICG ၏ ထုတ်ပြန်ချက်တွင်၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သည့် အတွက် ထွက်ပေါ် လာမည့် ရလဒ်သည် အပြုသဘောဆောင်မည် မဟုတ်သော်လည်း နိုင်ငံရေး အခင်းအကျင်းမှာ ပြောင်းသွားနိုင် ကြောင်း၊ အာဏာ ဆက်လက် တည့်တံခိုင်မြဲရေးအတွက် စစ်အစိုးရက ရွေးကောက်ပွဲကို အသုံးချနိုင်ဖွယ်ရှိသည့် အတွက် အတိုက် အခံ၊ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအ၀န်းများ အနေဖြင့် စစ်အစိုးရက ထိန်းချုပ်၍ မရသော အပြောင်းအလဲ ဖြစ်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ရေးသားထားသည်။

၂၀၀၈ခုနှစ်က အတည်ပြုထားသော အငြင်းပွားဖွယ်ရာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက အခန်းကဏ္ဍမှ နေရာယူထားပြီး နောင်လာမည့် စစ်တပ် မျိုးဆက်များ အာဏာ ရယူနိုင်ရန် ယင်းဖွဲ့စည်းပုံကို စီမံထားသည် ဟုလည်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာအစိုးရ အနေဖြင့်နိုင်ငံတကာ အသိုင်းအ၀န်း၏ ပစ်ပယ်ထားခြင်းကို အဆုံးသတ်လိုပါက ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေး၍ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်၊ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခြင်းများကို ရပ်တန့်ရန်၊ ကန့်သတ် တားမြစ်ချက် မရှိ နိုင်ငံရေး ပါတီများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပေး၍ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ခဲ့သော စီရင်ချက်သည် မြန်မာပြည်တွင် စစ်အစိုးရ၏ ဖိနှိပ်မှု များကို ပြန်လည် အာရုံစိုက်မိသွားစေသည်ဟု ICG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြစိုက်သည်။

ICG ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချဉ်းကပ်ရာ၌ ပညာရှင်မဆန်ဟု လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က ဝေဖန်ထားသည်။

Geen opmerkingen: