မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 9 maart 2010

နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းအများနှင့် (AIPMC) အကြီးအကဲ လာရောက်တွေ့ဆုံ

Tuesday, 09 March 2010 18:52 ရိုးမ ၃
.မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (AIPMC) အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်နဲ့ အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသတွင်းရှိ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် မတ်လ (၈) ရက်နေ့တွင် လိုက်လံတွေ့ဆုံခဲ့ရာ အဆိုပါနေ့ နံနံက် (၁ဝ) နာရီခန့်တွင် မယ်တော်ဆေးခန်းမှ တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအဝင် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုကဲ့သို့ တွေ့ဆုံရာတွင် (AIPMC) အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်က စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ငြိမ်းချမ်းရေးယူထားတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ သူတို့နယ်မြေတွေမှာပဲ သူတို့ဟာသူတို့ စီမံခန့်ခွဲပြီး နေထိုင်လာတာ (၁၅) နှစ် အနှစ် (၂ဝ) ရှိပါပြီ။ သူတို့တွေဟာ နအဖစစ်အစိုးရက ပြုလုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် နအဖရဲ့ ဒီမိုကရေစီကို အခြမခံတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာ မဟုတ်ဘူး။ အဆုံးမှာတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေနဲ့ နအဖစစ်အစိုးကြားမှာ အရင်တုန်းကလိုပဲ တိုက်ပွဲတွေ ဆိုးဆိုးဝါးဝါး ပြန်ဖြစ်လာအုံးမယ်” ဟု သတင်းထောက်များအား ပြောဆိုသွားခဲ့သည်။
                                ဒေါက်တာစင်သီယာမောင်နှင့် AIPMC အကြီးအကဲ တွေ့ဆုံစဉ်
ယမန်နှစ်က စစ်အစိုးရတပ်နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်နောက် ထွက်ပြေးရောက်ရှိလာသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသား တစ်ထောင်ကျော်ကို မြန်မာပြည်ဘက်ခြမ်း ပြန်မပို့ရေးအတွက်လည်း ထိုင်းအစိုးရကို တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း AIPMC အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်က ဆက်ပြောသည်။
ဆက်လက်၍ သူက “နယ်စပ်မှာရှိတဲ့ ကျန်းမာရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ ပညာရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် အဲဒီအဖွဲ့တွေနဲ့ အထက်က ထိုင်းနိုင်ငံတော်လုံခြုံရေးအဖွဲ့တွေနဲ့ နွေးနွေးထွေးထွေး ဆွေးနွေးတိုင်ပင်တာလည်း မရှိဘူး။ အဆက်အစပ်လည်း မရှိကြဘူး၊ အဲလိုမရှိတဲ့အခါမှာ သူတို့အချင်းချင်း အမြင်မတူတဲ့ အခြေအနေဖြစ်လာတယ်။ အဲလိုအမြင်အတူတာကနေ ရေရှည်မှာ ထိုင်းအစိုးရကို ပြဿနာဖြစ်စေနိုင်တယ်” ဟု ပြောသည်။
AIPMC အကြီးအကဲသည် မယ်တော်ဆေးခန်းအပြင် နယ်စပ်အခြေစိုက် မြန်မာစာသင်ကျောင်းများ ဖြစ်သည့် SAW အထက်တန်းကျောင်းအပါအဝင် မြန်မာစာသင်ကျောင်း ၅ ကျောင်းမှ ကျောင်းသားများနှင့် စီဒီစီအထက်ကျောင်းတွင် တွေ့ဆုံခဲ့ပြီး မြန်မာရွေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဌ ဆရာမ နော်ဖောရယ် အပါအဝင် တခြားကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။

Geen opmerkingen: