မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 9 maart 2010

ပီနန်ထောင်တွင် မြန်မာ အကျဉ်းသားတဦး သေဆုံး

ငြိမ်းချမ်း
အင်္ဂါနေ့၊ မတ်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၁ မိနစ် .
ဒါကာ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ ပီနန်မြို့ အကျဉ်းထောင်ရှိ မြန်မာ အကျဉ်းသားတဦး ယခုလ ၄ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။
တရားမဝင် နေထိုင်မှုဖြင့် လွန်ခဲ့သော ၃ လခန့်က ဖမ်းဆီးခံခဲ့ရသော ၃၅ နှစ်အရွယ် ကိုဆန်းဦး (ခ) မောင်အေး (ထောင်ဝင်နံပါတ် ၄၆၃၈) သည် နေထိုင်မကောင်းသဖြင့် ယခုလ ၃ ရက်နေ့တွင် ပီနန်ထောင်မှ Aloster ဆေးရုံသို့ ပို့ဆောင်ပြီး နောက်နေ့ နံနက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
“ဖောယောင်တဲ့ ရောဂါဝေဒနာ ခံစားရတာ ကြာပါပြီ။ ဒါပေမဲ့ လဝက (လူဝင်မှုကြီးကြပ်ရေး) ဝန်ထမ်းတွေကို သွားပြောတော့ လိမ်ပြောတယ်ဆိုပြီး မောင်းထုတ်တယ်။ သူ့ရောဂါကို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါလို့ ပြောကြတယ်။ မသေခင် ညက အိမ်ယာက ထမ်းထုတ်ပြီး ဆေးရုံကို ထမ်းပို့လိုက်ရပါတယ်။ နောက်တနေ့ မိုးလင်းတာနဲ့ ဆေးရုံမှာ သေသွားပါတယ်” ဟု ပီနန်မြို့ရှိ ကိုဆန်းဦးနှင့် ဆွေမျိုးတော်သူတဦးက ပြောသည်။
ကိုဆန်းဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရွှေပြည်ရပ်ကွက်မှဖြစ်ပြီး မလေးရှားတွင် တရားမဝင် နေထိုင်ကာ အလုပ်လုပ်နေသူ ဖြစ်သည်။
“အကျဉ်းသားတွေက တမံသလင်းမှာပဲ အိပ်ရတယ်။ အစားအသောက်ကျ မဝတဝ ကျွေးတယ်။ နေမကောင်း ဖြစ်လာရင် ဆေးဝါးကုသမှုက တော်တော်လေးကို နည်းတယ်” ဟု ယင်းထောင်တွင် ၁ဝ လခန့် နေခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပြန်လွတ်လာသည့် ကိုခင်မောင်အေးက ပြောသည်။

Geen opmerkingen: