မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 1 september 2011

ရွှေညဝါဆရာတော်တရားပွဲပြည်ထဲရေးကပိတ်

ကိုဝိုင်း ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သာသနာရေးဝန်ကြီးဌာနမှခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်းပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်သဖြင့်အစိုးရကိုဝေဖန်လေ့ရှိသောရွှေညဝါဟုလူသိများသည့်ရန်ကုန်ကြည့်မြင်တိုင်သာဓုပရိယတ္တိ စာသင်တိုက်မှဆရာတော်အရှင်ပညာသီဟ၏တရားပွဲပျက်ပြားသွားသည်။
မရမ်းကုန်းမြို့နယ်ရှိသာသနာရေးဝန်ကြီးဌာနပိုင်ဇမ္ဗူသီရိဗိမာန်အဆောက်အအုံ၌ကြာသာပတေးနှင့် သောကြာနေ့များတွင်တရားဟောရန်သက်တော်၄၆နှစ်(ဝါတော်၂၇ဝါရှိ)ရွှေညဝါဆရာတော်က စီစဉ်ထားခဲ့ရာပြည်ထဲရေးဝန်ကြီးဌာနကခွင့်မပြုကြောင်းပွဲစီစဉ်သူများကိုပြောကြားလာသည်ဟု အရှင်ပညာသီဟက အမိန့် ရှိသည်။
ရွှေညဝါဆရာတော်သည်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်အကျိုးဆောင်ချုပ်၊စာသင်သားသံဃာအပါး၉ဝဝ ကျော်ရှိသည့်ကြည့်မြင်တိုင်သာဓုပရိယတ္တိစာသင်တိုက်၏နာယကတိုက်ကြပ်ဆရာတော်ဖြစ်ပြီး ငြိမ်းချမ်းရေးအကြောင်းဟောပြောရန် စီစဉ်ထားခဲ့သည်။
“တယောက်နဲ့တယောက်ပစ်ခတ်သတ်ဖြတ်နေကြတာတွေကြားရတာစိတ်မချမ်းသာဘူး။သဘောထားကြီး ကြီးနဲ့နားလည်ခွင့်လွှတ်သည်းခံပေးကြပြီးတော့ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးကြပါဆိုတဲ့ခေါင်းစဉ်နဲ့ ကျုပ်က ငြိမ်းချမ်းရေးတရားတော်ကိုပထမည ဟောမလို့ဗျ” ဟုအရှင်ပညာသီဟက ပြောသည်။
“ဒုတိယညကျတော့ရန်ဖြစ်လို့ကောင်းကျိုးပေးတယ်ဆိုတာဘယ်ဘုရားမှလည်းမဟောပါဘူး။ ဘယ်ပညာရှိမှ
လည်းမမိန့်ပါဘူး။ရန်ဖြစ်ခြင်းကြောင့်ဘေးပဲဖြစ်တတ်ပါတယ်။အဲဒါတွေကိုဘုန်းကြီးကဘုရားဟောထားတဲ့ တရားတော်တွေထဲကဆွဲထုတ်ပြီးတော့ဟောပြမလို့ပါ။အဲဒီခေါင်းစဉ်ကြားသွားလို့များပိတ်သွားတာလား မသိဘူး” ဟု ဆက်လက်မိန့်ဆိုသည်။
မည်သည့်အတွက်ကြောင့်တရားပွဲပိတ်ပင်သည်ကိုဆရာတော် ကိုယ်တိုင်ပင် မသိနိုင်ဘဲ ဖြစ်နေသော်လည်း အတိုက်အခံနိုင်ငံရေးအင်အားစုများနှင့်နီးစပ်သည့် ဆရာတော်၏ ယခင် တရားပွဲအချို့ ပိတ်ပင်ခံရဖူးသည်။
သာဓုပရိယတ္တိ စာသင်တိုက်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊ ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊ လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈ ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု "ရှစ်လေးလုံး" နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။
“ဒါကဗုဒ္ဓဘာသာဒါယကာ၊ဒါယိကာမတွေဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာဆွမ်းလာကပ်တာသံဃိကဆွမ်း ပုဂ္ဂလိကဆွမ်းမဟုတ်ဘူး။နောက်သင်္ကန်းလာလှူတယ်သံဃိကလှူတာပုဂ္ဂလိကလှူတာမဟုတ်ဘူး။အဲဒါ ဘာများခွင့်မပြုနိုင်စရာအကြောင်း ရှိလို့လဲ။” ဟု ဆရာတော်ကမိန့်သည်။
ဆရာတော်၏“ငါးပါးမမှောက်ကြပါစေနဲ့”၊“မိုက်ကြွေးမိုက်ပစ်”၊ “ဗုဒ္ဓဘာသာကောင်း တယောက်၏ စွမ်းအား”၊ “မတရားမလုပ်ကြပါနဲ့”၊“သာသနာတော်ကိုစော်ကားသူတယောက်၏ နောင်တ” စသည့်တရားတော်များမှာ လူကြိုက်များသည်။
ဗုဒ္ဓဘာသာဝင်အများစုဖြစ်သောနိုင်ငံတွင်အစိုးရကိုဝေဖန်သည်ဟုယူဆသောသံဃာတော်များကို အများပြည်သူ တရားဟောခွင့်များ ပိတ်ပင်လေ့ရှိသည်။
ပြည်ပအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက
“ကိုယ့်ရဲ့တရားဟောတာကတခြားဘာသာတရားကိုပုတ်ခတ်တာတွေ၊ဘာသာရေးအဓိကရုဏ်း ဖြစ်အောင် ဖန်တီးတာရှိရင်တော့ဒါကိုကန့်သတ်နိုင်တယ်လို့ပြောထားတယ်။အခုဒီဆရာတော်ဟောထားတဲ့ အကြောင်းအရာကဘယ်တော့မှတခြားဘာသာကိုပုတ်ခတ်တာမရှိဘူး။တရားဓမ္မနဲ့လူသားတွေရဲ့ ငြိမ်းချမ်းမှုနဲ့ ကိုယ့်ကျင့်တရား ကောင်းရေးကိုပဲ ဟောထားတာဖြစ်တယ်။” ဟု ပြောသည်။



Geen opmerkingen: