မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 14 september 2011

တိုင်းရင်းသားဒေသအခွင့်အရေးချိုးဖောက်မှုများစုံစမ်းဖော်ထုတ်ရန်အမေရိကန်ကမြန်မာကိုတိုက်တွန်း

အေးလဲ့ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၃ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်လိုပါကတိုင်းရင်းသားဒေသများ အတွင်းအခွင့်အရေးချိုးဖောက်မှုများကိုစုံစမ်းဖော်ထုတ်ရန်အရင်ဆုံးလိုအပ်ကြောင်းအမေရိကန်နိုင်ငံကမြန်မာ အစိုးရကို ပြောကြားလိုက်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးတွင်တာဝန်ခံမှုရှိရမည်ဖြစ်သည့်အတွက်ပထမဆုံးအဆင့်အနေဖြင့် ယင်းချိုးဖောက်မှုများကိုစုံစမ်းဖော်ထုတ်ရန်အတွက်“တရားဝင်ယုံကြည်ကိုးစားလောက်သည့် စုံစမ်းစစ်ဆေးရေးယန္တရားတရပ်ထူထောင်ရန်အရေးကြီးကြောင်းမြန်မာအစိုးရကိုအလေးထား ပြောကြားခဲ့သည်”ဟုအမေရိကန်အစိုးရ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်ခ်ဂျေမစ်ချဲလ်က၅ရက်ကြာမြန်မာနိုင်ငံခရီးစဉ်အပြီးထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားသည်။
တဖက်တွင်ကုလသမဂ္ဂ၏မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးအစီအရင်ခံစာတင်သွင်းသူသောမတ်စ်
အိုဟေးကင်တားနားကတိုင်းရင်းသားလူမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့်စစ်ရာဝတ်မှုများကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်CommissionofInquiry(CoI)ဖွဲ့ရေးတောင်းဆိုထားပြီး အမေရိကန်အပါအဝင်နိုင်ငံပေါင်း၁၆နိုင်ငံကထောက်ခံထားချိန်တွင်အမေရိကန်နိုင်ငံကမြန်မာအစိုးရ အနေဖြင့် စုံစမ်းဖော်ထုတ်ရေးတွင် မိမိသဘောဖြင့် လုပ်ဆောင်ရန် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။
မစ္စတာမစ်ချဲလ်ကမြန်မာပြည်သူများ၊ဗမာနှင့်တိုင်းရင်းသားလူမျိုးနွယ်စုများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ လေးလေးနက်နက်အရေးပါဆဲဖြစ်ကြောင်း၊ အများလက္ခံနိုင်မည့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရမည်ဆိုသည့်အချက်ကို၎င်း အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် တလျှောက်လုံး သတိပြုမိ ခဲ့သည်ဟု လည်း ဆိုသည်။
ထို့အပြင်နိုင်ငံရေးအကျဉ်းသား၂ဝဝဝခန့်ကိုထိန်းသိမ်းထားခြင်း၊တိုင်းရင်းသားဒေသများတွင်ပဋ္ဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်း၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဆိုးဆိုးရွားရွား လူအခွင့်အရေး
ချိုးဖောက်မူများ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း အတွက် စိုးရိမ်ပူပန်ကြောင်း မစ္စတာ မစ်ချဲလ်က
ပြောသည်။
ထို့အပြင်မြောက်ကိုရီးယားနိုင်ငံနှင့်မြန်မာအစိုးရ၏စစ်ရေး ဆက်သွယ်မူနှင့် ဆက်လျဉ်းပြီး ပွင့်လင်းမြင်သာမူ မရှိသည့် အနေအထားအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ထည့်သွင်း ပြောထားသည်။
''လက်နက်မပြန့်ပွားရေးနဲ့ပတ်သက်ပြီးကုလသသမဂ္ဂလုံခြုံရေးကောင်စီကပြဌာန်းထားတဲ့သဘောတူညီ ချက်အားလုံးကိုလိုက်နာဖို့ ကျွန်တော်ကအစိုးရကိုတိုက်တွန်းခဲ့ပါတယ်"ဟုမစ္စတာမစ်ချဲလ်က မြန်မာနိုင်ငံမှ မထွက်ခွာမီပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်း၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးရန်လူသိရှင်ကြားထုတ်ဖော်ကြေညာခြင်း၊မီဒီယာဆင်ဆာ တည်းဖြတ်မူကိုအထိုက်အလျောက်လျှော့ပေးခြင်းစသည့်အစိုးရသစ်မှအဆိုပါပြောင်းလဲမူများကို အမေရိကန်က အသိအမှတ်ပြု ကြိုဆိုသည် ဟုလည်း ပြောထားသည်။
သို့သော်အစိုးရ၏လတ်တလောပြုပြင်ပြောင်းလဲမူဆောင်ရွက်ချက်များနှင့်ပတ်သက်၍"နိုင်ငံတကာ အသိုင်း
အဝိုင်းအတွင်းမှာယုံကြည်မူမရှိသေးတအကြောင်းကိုကျွန်တော် မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်၊ ဒီ မယုံကြည်မူဟာမှားယွင်း ကြောင်း သက်သေပြဖို့ ကျွန်တော်က အာဏာပိုင်များကို တိုက်တွန်းခဲ့ပါတယ်'' ဟု
မစ္စတာ မစ်ချဲလ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးခြင်း၊
ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအတိုက်အခံများအဓိပ္ပာယ်ရှိရှိထိတွေ့ဆက်ဆံခြင်း၊ လက်နက်ကိုင်တိုင်းရင်းသားလူနည်းစုများနှင့်တွေ့ဆုံဆွေးနွေးခြင်းတို့ပြုလုပ်ခြင်းဖြင့်ပြသရန်အစိုးရကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
မစ္စတာမစ်ချဲလ်သည်နေပြည်တော်တွင်နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ပြည်ထောင်စုလွှတ်တော် နယကဦးခင်အောင်မြင့်၊ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၊နယ်စပ်ရေးရာဝန်ကြီးနှင့် မြန်မာ့စက်မူဖွံ့ဖြိုးရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးသိန်းဌေး၊ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဦးကျော်ဆန်း၊ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူးဦးဌေးဦး၊အလုပ်သမားဝန်ကြီးဌာနနှင့်လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဦးအောင်ကြည်တို့နှင့်လည်းယခုလ၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်မှတိုင်းရင်းသားကိုယ်စားလှယ်များအပါအဝင်အတိုက်အခံ လွှတ်တာ် ကိုယ်စားလှယ်များ နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ၎င်း၏ ကြေငြာချက်တွင် ပါရှိသည်။
ယခုလ၁၁ရက်နေ့ကလူမူကူညီရေးအသင်းများဖြစ်သည့်ရုပ်ရှင်မင်းသားဦးကျော်သူဦးစီးသောနာရေး ကူညီမူအသင်း၊သုခကုသိုလ်ဆေးခန်းနှင့် တောင်ဒဂုံမြို့နယ်ရှိ မဖြူဖြူသင်းဦးစီးသောHIV/AIDS ဝေဒနာ
သည် ကူညီစောင့်ရှောက်ရေး ဂေဟာများသို့ မစ္စတာ မစ်ချဲလ် သွားရောက်လေ့လာခဲ့သည်။
"ပထမဆုံးခရီးစဉ်ရဲ့အဓိကရည်မှန်းချက်ကမိတ်ဆက်ဖို့၊ဒီနိုင်ငံကအမြင်တွေကိုနားထောင်ဖို့နဲ့အမေရိကန်နိုင်ငံ
ရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒကိုကိုင်တွင်ဆောင်ရွက်ရေးအတွက်ဆက်ဆံရေးတည်ဆောက်ယူဖို့ ဖြစ်ပါတယ်" ဟု မစ္စတာ မစ်ချဲလ်က ပြောထားသည်။





Geen opmerkingen: