မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 15 september 2011

ဒီမိုကရေစီဘက်တော်သားပါဟုဦးရွှေမန်းပြော

မျိုးသန့် ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တပ်မတော်တွင်နှစ်ပေါင်း၎ဝကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဗိုလ်ချုပ်ကြီးရာထူးမှ အနားယူသွားသူအောက်လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကမိမိကိုယ်ကိုဒီမိုကရေစီဘက်တော်သား တယောက်ဖြစ်ကြောင်းနေပြည်တော်တွင်ပြုလုပ်သည့်ဒီမိုကရေစီနေ့တွင်ပြောသွားသည်ဟု လွှတ်တော်အမတ်များ အပြောအရ သိရသည်။
"သူကစ,စချင်းပဲ၊ကျန်းမာချမ်းသာကြပါစေနှုတ်ဆက်ပြီးတော့ကျနော်ဒီမိုကရေစီဘက်တော်သားတယောက် အနေနဲ့ဆိုပြီးတော့ပထမဆုံးအပိုဒ်မှာစပြောသွားတယ်။နောက်အပိုဒ်တွေကစပြီးတော့ဒီမိုကရေစီ ဘက်တော်သားများခင်ဗျာဆိုပြီးအဲဒါမျိုးသုံးသွားတယ်။" ဟုအမတ်တဦးကပြောသည်။
၁၉၆၉ ခုနှစ်တွင်စစ်တက္ကသိုလ်(DefenceServicesAcademy)အမှတ်စဉ်၁၁ကျောင်းဆင်းသူရဦးရွှေမန်းက ကြာသပတေးနေ့ပြည်ထောင်စုလွှတ်တော်နှင့်ကပ်လျက်ရှိသောသဘင်အဆောက်အအုံသဘင်ခန်းမတွင် နံနက်၁ဝနာရီမှမွန်းလွဲသုံးနာရီထိပြုလုပ်သည့်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောသွားခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းနားသို့လာတက်ရောက်လာကြသူများကိုလည်းဒီမိုကရေစီ ဘက်တော်သားများဟုသုံးနှုန်းသွားခဲ့သောစစ်တက္ကသိုလ်(DefenceServicesAcademy)အမှတ်စဉ်၁၁ ကျောင်းဆင်းသူရဦးရွှေမန်း(သို့မဟုတ်)အောက်လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း(ဓါတ်ပုံ မဇ္ဈိမ)
"ဒီမိုကရေစီဘက်တော်သားဆိုရင်အစိုးရကိုဆန့်ကျင်တဲ့သူတွေလို့အဓိပ္ပါယ်ရသွားတယ်၊ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းသုံးမိရင်နိုင်ငံရေးသမားဒီမိုကရေစီအကြောင်းကိုပြောရင်ဒီနိုင်ငံမှာပြောလို့မရဘူး၊ နောက်ပြီးတော့ဒီမိုကရေစီပြောရင်နိုင်ငံရေးသမားဆိုတော့ဝန်ထမ်းတွေ၊ကျောင်းသားတွေကပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့အခါမှာဝန်ထမ်းတွေကျောင်းသားတွေကဒီမိုကရေစီဆိုတဲ့စကားကိုမသုံးရဲဘူး" အမတ်တဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှအောက်လွှတ်တော်အမတ်ဖြစ်သူဦးခိုင်မောင်ရည်က မိမိတို့သုံးနှုန်းသည့်ဒီမိုရေစီဘက်တော်သားဆိုသည့်ဝေါဟာရသည်၊ထောင်တွင်းရောက် နိုင်ငံရေးလှုပ်ရှားသူများ၊တောခိုပြီးစစ်အစိုးရကိုဆန့်ကျင်နေသူများနှင့်ပြည်တွင်း၊ပြည်ပဒီမိုကရေစီအရေး လှုပ်ရှားနေသူများကို ရည်ညွှန်းသည်ဟု ဆိုသည်။
သို့သော်လွှတ်တော်ဥက္ကဋ္ဌတဦးအနေဖြင့်ယခုလိုပြောခြင်းကိုမိမိအနေဖြင့်ကြိုဆိုပြီး၊ဦးရွှေမန်း၏ ဒီမိုကရေစီအရေး လုပ်ရှားမှုများကို စောင့်ကြည့်ရဦးမည်ဟုလည်း ဦးခိုင်မောင်ရည်က ဆိုသည်။
"လွှတ်တော်ဥက္ကဋ္ဌတယောက်နိုင်ငံ့Playerတယောက်ကအဲဒီလိုပြောရဲတာဘယ်သူမှဒီစကားလုံးတခါမှမသုံး ဘူးဖူး၊သူကဒီစကားလုံးကိုဒိုင်းကနဲ့သုံးချလိုက်တယ်။အဲဒီတော့ဒါဟာရိုးသားမှုလားသို့မဟုတ်တခုခုကို အလျော့ပေးခြင်းလားဆိုတာတော့မသိသေးပေမယ့်ဦးရွှေမန်းသည်ဒီမိုကရေစီဘက်တော်သားဆိုတာ စကားလုံးအရတော့ဖြစ်သွားပြီ"ဟုဦးခိုင်မောင်ရည်က မဇ္ဈိမကိုပြောသည်။
လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလွှတ်တော်တွင်းဆွေးနွေးမှုများကိုဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်နေပြီးအစိုးရဌာနများနှင့်အစိုးရမှလည်းဒီမိုကရေစီစနစ်ကိုကျင့်သုံးသွားမည်ဖြစ်ကြောင်း သူ၏မိန့်ခွန်းတွင် ထည့်ပြော သွားသည်။
နေပြည်တော်ပြည်ထောင်စုလွှတ်တော်အနီးသဘင်ဆောင်တွင်ပထမဆုံးကျင်းပသည့်အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင်လွှတ်တော်ရောက်နိုင်ငံရေးပါတီများမှဒီမိုကရေစီစနစ်အပေါ်ယူဆပုံအသီးသီးကို စာတမ်းအဖြစ် ပြုစုကာ ဖတ်ကြားကြသည်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကိုဗဟန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်းကျင်းပရာ၊ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံတွင်အပြောင်းအလဲများဖြစ်နိုင်ခြေရှိသည့် အနေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း သူ၏ ၁ဝ မိနစ်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။
အသက်၆၄နှစ်ရှိသူရဦးရွှေမန်းသည်တပ်မတော်တွင်၁၉၆၉ခုနှစ်ကစတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၁၉၉၈ ခုနှစ်တွင်ဗိုလ်ချုပ်ရာထူး၊၂ဝဝ၃ခုနှစ်တွင်ဒုတိယဗိုလ်ချုပ်ကြီး၊၂ဝဝ၅ခုနှစ်တွင်ဗိုလ်ချုပ်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး၂ဝ၁ဝတွင်တပ်မှအနားယူကာကြံ့ဖွံ့ပါတီဝင်အဖြစ်နေပြည်တော်ဥတ္တရသီရိမြို့နယ်မှ အောက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။
ဦးရွှေမန်းသည်၂ဝ၁ဝဖေဖေါ်ဝါရီလနေပြည်တော်တွင်ကျင်းပသည့်ပထမအကြိမ်အောက်လွှတ်တော် အစည်းအဝေးတွင်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံခဲ့ရပြီးအမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်သည်။



Geen opmerkingen: