မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 september 2011

သတင်းထောက်လွတ်မြောက်ရေးဆန္ဒပြတောင်းဆို

ဘစောတင် Friday, 09 September 2011 14:31
.မြန်မာနိုင်ငံတွင်ထိန်းသိမ်းခံထားရသောရုပ်မြင်သံကြားသတင်းထောက်၁၇ဦးနှင့်နိုင်ငံရေး အကျဉ်းသားများကိုချက်ချင်းလွှတ်ပေးရန်တောင်းဆိုသောဆန္ဒပြပွဲတရပ်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင်သတင်းထောက်လှလှဝင်း၊လူရွှင်တော်ဇာဂနာတို့၏ရုပ်ပုံများဖြင့်ယနေ့ ဆန္ဒပြနေသူတချို့(ဓာတ်ပုံ-ဧရာဝတီ)
ဆန္ဒပြပွဲကိုဒီမိုကရက်တစ်မြန်မာ့အသံ၏ရုပ်သံသတင်းထောက်များလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့(Free BurmaVJ)က စီစဉ်ခဲ့ခြင်း ဖြစ်သည်။
"မြန်မာပြည်ကအစိုးရဟာသတင်းထောက်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုနှစ်ရှည်ထောင်ဒဏ် ချမှတ်ပြီးချုပ်နှောင်ထားတာဟာလုံးဝတရားမျှတမှုမရှိဘူး။ဒါကြောင့်ကျမတို့ကခုလိုမြန်မာသံရုံးရှေ့မှာ လာရောက် စုရုံးပြီး ဆန္ဒပြတာ ဖြစ်ပါတယ်" ဟု Free BurmaVJမှ တာဝန်ခံတဦးဖြစ်သူMs.Geraldine May က ပြောသည်။
"ကျမတို့တောင်းဆိုချက်ကိုလည်း မြန်မာသံရုံးကနေ တဆင့် မြန်မာအစိုးရဆီကို ပို့သွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
ဆန္ဒပြသူများသည်သတင်းထောက်မလှလှဝင်း၊လူရွှင်တော်ဇာဂနာတို့၏ပုံများကိုမျက်နှာတွင် တပ်ဆင်ထားကြသည်။
တခြား သတင်းသမားများ ဖြစ်သည့် ကိုဝင်းမော်၊ ကိုမောင်မောင်ဇေယျ၊ ကိုငွေစိုးလင်း၊ ကိုစည်သူဇေယျ တို့၏ ပုံများကိုလည်း ကိုင်ဆောင်ထားကြသည်။
ဒီမိုကရက်တစ် မြန်မာ့အသံမှ ရုပ်သံ သတင်းထောက် ၁၇ ဦးသည် မြန်မာပြည် အခြေအနေများ၊ ရွှေဝါရောင် တော်လှန်ရေးကာလက ဖြစ်ရပ်များကို သတင်းပို့ခဲ့သူများ ဖြစ်သည်။
ထိုပုဂ္ဂိုလ်များလွတ်မြောက်ရေးလှုံ့ဆော်နေသောFreeBurmaVJကသတင်းသမား၅ဦး၏ အမည်နှင့်ဓာတ်ပုံများကိုသာ ထုတ်ပြန်ထားသည်။ အကျဉ်းချခံထားရသော တခြား ၁၂ဦးနှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့၏ ဆက်နွယ်မှုကို အစိုးရက မသိသဖြင့် ၎င်းတို့၏အမည်များကိုထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။
အစိုးရသစ်လက်ထက်တွင် သတင်းသမား အများအပြား အကျဉ်းချခံနေရဆဲ ဖြစ်သည်ကို ကမ္ဘာက သိစေချင်သည်ဟု သံရုံးရှေ့မှ ဆန္ဒပြသူတဦးက ပြောသည်။
"မြန်မာနိုင်ငံမှာဒီမိုကရေစီရှိနေပြီလို့ ကမ္ဘာကို အသံကောင်းဟစ်ပြီး ပြောနေတယ်။ ဒါပေမဲ့ လူတွေကို အမှန်တရားတွေသိအောင်လုပ်နေကြတဲ့သတင်းထောက်တွေကိုထောင်ချနေတယ်"ဟု ကိုအဘူကလန်က ပြောသည်။
ယနေ့စက်တင်ဘာ၉ရက်နေ့တွင်နိုင်ငံတကာမြို့ကြီးတချို့ရှိFreeBurmaVJအဖွဲ့နှင့် ဆက်သွယ်လုပ်ကိုင်နေသူများက မြန်မာသံရုံးများသို့ သွားရောက်ပြီး ဆန္ဒပြတောင်းဆိုကြမည်ဟု သိရသည်။



မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ၀န်းကျင် ရှိနေသည်။

Geen opmerkingen: