မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 september 2011

ပြည်ထောင်စုလွှတ်တော်တွင်ဒီမိုကရေစီနေ့စာတမ်းများဖတ်မည်

မျိုးသန့် သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ယခုလ၁၅ရက်နေ့တွင်လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးလုပ်မည် ဖြစ်ပြီးယင်းနေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့" အတွက်လွှတ်တော်ဝင်ပါတီများက ဒီမိုကရေစီနေ့ဆိုင် ရာစာတမ်းများကို ဖတ်ကြားကြမည်ဟု လွှတ်တော်အမတ်များက ဆိုသည်။
မြန်မာနိုင်ငံတွင်ပထမဆုံး ပြုလုပ်မည့်"အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့" စာတမ်းအတွက်ရုံးသုံးစက္ကူ နှစ် မျက်နှာပါရှိသည့်ရေးသားချက်များပါတီတခုချင်းစီမှရေးသားပေးပို့ရန်လွန်ခဲ့သည့်သောကြာနေ့တွင်လွှတ်တော် ရုံးမှ အမတ်များထံ အကြောင်းကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှလွှတ်တော်အမတ်တဦးဖြစ်သူဦးခိုင်မောင်ရည်ကအစိုးရသစ်၏ ဒီမိုက ရေစီနေ့ကျင်းပမှုကိုကြိုဆိုလိုက်ပြီးအစိုးရသစ်မှဒီမိုကရေစီစနစ်ကိုအမှန်တကယ်လက်ခံကျင်သုံးရန်လိုကြောင်း သုံးသပ်ပြသည်။

ယခုလ၁၅ရက်နေ့တွင်လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးကိုပြုလုပ်ပြီး၎င်းနေ့တွင်ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့" အတွက်ဒီမိုကရေစီနေ့ဆိုင်ရာစာတမ်းများကိုလွှတ်တော်အမတ်များ ဖတ်ကြားကြမည်ဟုအမတ်များဆို(ဓါတ်ပုံ မဇ္ဈိမ)
"အစိုးရကပြည့်ဝတဲ့ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်မယ်ဆိုပြီးတော့ပြောတယ်၊တဘက်ကဒီမိုကရေစီလှုပ်ရှား မှုတွေကိုတော့သူတို့ကိုအန္တရာယ်ပြုတဲ့သဘောမျိုးမြင်တယ်၊ဒါပေမယ့်မြန်မာပြည်မှာပထမဆုံး စပြီးကျင်းပ တာဆိုတော့သူတို့ကိုယ်တိုင်ဒီမိုကရေစီကိုလက်ခံကျင့်သုံးဖို့ဆိုတဲ့အနေအထားရောက်လာပြီပေါ့သူတို့ဟာ
အကောင်းသဘောနဲ့အပြုသဘောနဲ့လုပ်တာဆိုရင်တော့ကျနော်တို့ကကြိုဆိုပါတယ် ဒီမိုကရေစီဆိုပြီးတော့
ပြည်သူလူထုကို မလိမ်စေချင်ဘူး" ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။
အဖွဲ့ဝင်နိုင်ငံများတွင်ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကိုဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ရန်ကုလသမဂ္ဂမှ၂၀၀၇ခုနှစ်တွင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံသည်၁၉၄၈ခုနှစ်တွင်ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
၁၉၉ဝရွေးကောက်ပွဲအနိုင်ရပါတီများမှကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့်ပြည်သူ့လွှတ်တော်ကိုယ်စား ပြုကော်မတီအတွင်းရေးမှူးဦးအေးသာအောင်က"ဒီမိုကရေစီဆိုတာက ဒီလိုနေ့တနေ့သတ်မှတ်ပြီးတော့သ တင်းစာထဲမှာဒီမိုကရေစီနေ့လို့ ပြောရုံနဲ့ ဒီမိုကရေစီဖြစ်လာတာမဟုတ်ဘူး။တကယ်တော့ဒီမိုကရေစီအ ရေးနဲ့ အခွင့်အရေးတွေကိုဖေါ်ဆောင်ပေးဖို့လိုတယ်၊ ဒီတိုင်းပြည်မှာဒီအခွင့်အရေးတွေကိုလွတ်လွတ်လပ် လပ်ဖေါ်ဆောင်ပေးနိုင်ဖို့ တာဝန်က အစိုးရမှာ တာဝန်ရှိတယ်။" ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းထိန်မှလည်း စစ်အစိုးရ အဆက်ဆက်သည် ၁၉၈၈ ခုနှစ်ကတည်းကဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖိနှိပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုအစိုးရသစ်၏ ဒီမိုကရေစီနေ့ လှုပ်ရှားမှုနှင့် ပတ်သက်၍ သံသယ ဖြစ်မိကြောင်း ပြောသည်။
"၁၉၈၈ ကတည်းကစစ်အစိုးရကနေပြီးတော့ စစ်အစိုးရကနေပြီးတော့ အမျိုးမျိုး နှိပ်စက်ခံရတယ်။ အမျိုးမျိုး
နှိပ်ကွပ်ခံရယ်နောက်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မရ, ရအောင်အတည်ပြုတယ် ပြုပြီးတဲ့အခါမှာ စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီးလုပ်မယ်ဆိုတာတော့ကျနော့်အနေနဲ့ သံသယ ရှိတယ်။" ဟု ဦးဝင်းထိန်က ဆိုသည်။





Geen opmerkingen: