မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 september 2011

ဆည်စီမံကိန်းများအတွက်အကြံဉာဏ်ရယူရန်လျှပ်စစ်ဝန်ကြီးဟောင်းအဆိုတင်

မျိုးသန့် တနင်္လာနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြစ်ဆုံဆည်အပါအဝင်ဆက်လက်ဆောက်လုပ်ရန်ရှိသည့်ဆည်စီမံကိန်းကြီးများတွင် အပြည်ပြည်ဆိုင်ရာဆည်ကော်မရှင်ICOLD၏အကြံပြုချက်များရယူရန်ပြည်ထောင်စုအစိုးရကိုတိုက်တွန်း
ကြောင်းအဆိုကိုလျှပ်စစ်ဒုဝန်ကြီးဟောင်းဦးမျိုးမြင့်မှတနင်္လာနေ့အထက်လွှတ်တော်တွင်တင်သွင်းသည်ဟု လွှတ်တော်အမတ်များက ပြောသည်။
မန္တလေးတိုင်းမဲဆန္ဒနယ်၆မှကြံ့ခိုင်ရေးလွှတ်တော်အမတ်ဦးမျိုးမြင့်မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောက်လုပ်ရန်ရှိသည့်ဆည်စီမံကိန်းပေါင်း၃၁ခုတွင်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများမရှိရန် အကြံပေးချက်များနှင့်ဆောက်လုပ်ရေးနည်းပညာအကူအညီများရယူနိုင်ရန်အပြည်ပြည်ဆိုင်ရာ ဆည်ကြီးများကော်မရှင်ICOLD(InternationalCommissiononLargeDams)အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့် ရနိုင်ရန် အဆိုတင်သွင်းသွားခြင်းဖြစ်သည်။
မြစ်ဆုံဆည်အပါအဝင်ဆက်လက်ဆောက်လုပ်ရန်ရှိသည့်ဆည်စီမံကိန်းကြီးများတွင်ICOLD၏ အကြံပြုချက်များရယူရန်ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုလျှပ်စစ်ဒုဝန်ကြီးဟောင်း ဦးမျိုးမြင့်မှအမျိုးသားလွှတ်တော်တွင်တင်သွင်း(ဓါတ်ပုံ မဇ္ဈိမ)
ယင်းအပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊မိုးလေဝသပညာရှင်များ၊ဆောက်လုပ်ရေး ပညာရှင်များပါဝင်သည့်မြန်မာနိုင်ငံဆည်ကြီးများဆိုင်ရာအမျိုးသားကော်မတီတရပ်ကိုလည်း ဖွဲ့စည်းသင့်ကြောင်းဦးမျိုးမြင့်၏အဆိုတွင်ထည့်သွင်းဖေါ်ပြသည်ဟုလွှတ်တော်အမတ်များကပြောသည်။
၁၉၈၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် ပြင်သစ်နိုင်ငံအခြေစိုက်ICOLDအဖွဲ့သည် အဖွဲ့ဝင် နိုင်ငံပေါင်း ၉၀ ကျော် ရှိကာနိုင်ငံတကာမှဆောက်လုပ်ရေးတတ်သိပညာရှင်များ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များနှင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။အဖွဲ့ဝင်နိုင်ငံများတွင်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံတို့လည်း ပါဝင်သည်။
ICOLDမှတတ်သိပညာရှင်များကဆည်ကြီးများဆောက်လုပ်ရာတွင်လုံခြုံမှုရှိရေး၊သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရေး၊စီးပွားရေးအကျိုးရလဒ်များကိုအကြံပေးဆွေးနွေးခြင်းများအပြင်၊ဆည်များ၏ ပုံစံဒီဇိုင်းများကိုပါအကြံဉာဏ်များပေးခြင်းလုပ်နိုင်ရန်ရည်ရွယ်၍ဖွဲ့စည်းခြင်းဟုICOLDအဖွဲ့၏ အင်တာနက် စာမျက်နှာတွင်ဖေါ်ပြသည်။
                                                   "မြစ်ဆုံဆည်တည်ဆောက်မှုကို ကန့်ကွက်သည့် လှုပ်ရှားမှုတခု"
၂ဝဝ၉ခုနှစ်နှစ်ကုန်ပိုင်းမှစတင်ကာတရုတ်နိုင်ငံChinaPowerInvestmentCorporation(CPI)က တာဝန်ယူဆောက်လုပ်နေသည့်မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ကန့်ကွက်မှုများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီးICOLDအဖွဲ့၏အကြံဉာဏ်များအတိုင်း လုပ်ဆောင်သင့်ကြောင်း အထက်လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
"ဒီကိစ္စကကျနော်တို့ဉာဏ်အတွေ့အကြုံနဲ့တော့မဆုံးဖြတ်နိုင်ဘူး အဲဒီတော့ အပြည်ပြည်ဆိုင်ရာ တမံကြီးများ အဖွဲ့ကလာမယ်သူတို့ဆီကအကြံဉာဏ်တွေသုံးသပ်ချက်တွေရနိုင်မယ်ဆိုရင်တော့ပညာရှင်တွေ ပြောတာတော့ကျနော်တို့ကအလေးအနက်ထားစဉ်စားရမှာပေါ့ဗျာကျနော်တို့ဆုံးဖြတ်နိုင်တဲ့အဆင့်တော့ မရှိသေးပါဘူး" ဟု မဇ္ဈိမကို ပြောသည်။
ဆည်ကြီးများတည်ဆောက်မှုနှင့်ပတ်သက်၍ကန့်ကွက်မှုများရှိနေပြီးနိုင်ငံစီးပွားရေးကိုအကျိုးပြုသည့် လုပ်ငန်း ဖြစ်ခြင်းကြောင့်ထိုဆည်များဆောက်လုပ်မှုကိုလွှတ်တော်အမတ်များမှ အကူအညီပေးကြရန်လည်း လျှပ်စစ်ဝန်ကြီးဦးဇော်မင်းမှအမတ်များကိုပြောကြောင်းလွှတ်တော်အမတ်များကမဇ္ဈိမကို ပြန်ပြောပြကြသည်။
"အကူအညီပေးဖို့ဆိုတာကဒါဟာနိုင်ငံ့အကျိုးပြုလုပ်ငန်းတွေဖြစ်တယ်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့သူတို့ကလည်းလုပ်နေပါတယ်၊အဲဒါတွေကိုသဘောပေါက်ပြီးတော့နားလည်ပေးဖို့ပြောတယ်" ဟုအမတ်ကဆိုသည်။
ယင်းအပြင်တနင်္လာနေ့အထက်လွှတ်တော်ဆွေးနွေးပွဲတွင်နိုင်ငံတော်စီမံကိန်းများ၊သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် စီမံကိန်းများကို ပြည်ထောင်စုအစိုးရမှလွှတ်တော်ကိုတင်ပြကာလွှတ်တော်၏ အဆုံးအဖြတ်
ကိုရယူသင့်ကြောင်းရခိုင်အမျိုးသားတိုးတက်ရေးပါတီရခိုင်မဲဆန္ဒနယ်၁မှဒေါက်တာအေးမောင်က ထည့်သွင်း ဆွေးနွေးသွားကြောင်း သိရသည်။
တနင်္လာနေ့ အထက်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်း မဲဆန္ဒနယ် (၉)မှ ကြံ့ဖွံ့ အမတ်ဦးခင်ရွှေ၏ "မြရိပ်ညို Foundation"တည်ထောင်ခွင့် အဆိုကို လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုပေး ခဲ့သေးသည်။"မြရိပ်ညိုFoundation"ကို ဦးခင်ရွှေမှသိန်းတသောင်း ထည့်ဝင်ကာကိုယ်တိုင် ဦးစီးတည်ထောင် သွားမည် ဖြစ်သည်။





Geen opmerkingen: