မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 september 2011

KIOကိုဦးကျော်ဆန်းပြစ်တင်ဝေဖန်

ခင်ဦးသာ Wednesday, 07 September 2011 17:48
.ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်ရခြင်းသည်KIO၏တဖက်သတ် တောင်းဆိုမှုများကြောင့်ဖြစ်သည်ဟုပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကအင်္ဂါနေ့တွင်ပြောဆိုလိုက်သည်။
                                                            ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ - AP)
“လိုက်လျောနိုင်သမျှလိုက်လျောခဲ့သော်လည်းတဖက်ကမိမိဖြစ်ချင်သည်ကိုသာတောင်းဆိုနေသည့်အတွက် အခက်အခဲဖြစ်ပြီးယနေ့အထိမအောင်မြင်သေး”ဟူသောအစိုးရအဖွဲ့ကိုယ်စားပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဦးကျော်ဆန်း၏ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း ပြောဆိုချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားသည်။
ငြိမ်းချမ်းရေးယူထားသည့်လက်နက်ကိုင်အဖွဲ့များကနယ်မြေတိုးချဲ့ခြင်း၊အင်အားတိုးချဲ့ခြင်း၊ဆက်ကြေး ကောက်ခံခြင်း၊ဆန့်ကျင်စည်းရုံးလှုပ်ရှားမှုများအရှိန်မြှင့်ကာမရိုးသားသောကျူးလွန်ဖောက်ဖျက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ပျက်ပြားခဲ့ရသည်ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။
ကျင်းပနေသောလွှတ်တော်အစည်းအဝေးတွင်ကွန်ဟိန်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကအစိုးရ၏တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းစဉ် ဦးကျော်ဆန်းက အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်း ဖြစ်သည်။
အစိုးရ၏ပြောဆိုမှုနှင့်ပတ်သက်၍KIOတွဲဘက်အထွေထွေအတွင်းရေးမှူးဦးလနန်က“အစွမ်းကုန် လိုက်လျောပေးတယ်ဆိုတာကဘာကိုပြောတာလဲဆိုတာသေချာမသိဘူး၊အဲဒီလိုပြောမယ်ဆိုရင် အချက်အလက်တွေကို အစိုးရအနေနဲ့ တိတိကျကျဖော်ပြပြီးတော့မှပြောစေချင်တယ်”ဟု တုံ့ပြန်လိုက်သည်။
“ကျနော်တို့KIOကမရိုးသားတဲ့လုပ်ရပ်ကိုဘာတခုမှမလုပ်ပါဘူး၊ဇွန်လမှာဖြစ်ခဲ့တဲ့တိုက်ပွဲအပြီးမှာ ကျနော်တို့လိုချင်နေတဲ့ထာဝရငြိမ်းချမ်းရေး၊တနိုင်ငံလုံးအတိုင်းအတာနဲ့ဆွေးနွေးရေး၊နိုင်ငံရေးအရ ဆွေးနွေးရေးဆိုတာကိုပဲတစိုက်မတ်မတ်တောင်းဆိုနေတာပဲရှိတယ်”ဟုဦးလနန်က ဧရာဝတီကို ပြောသည်။
KIOက၁၉၄၇ပင်လုံဥပဒေကိုအခြေခံပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်း၍ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ဖွဲ့စည်းခဲ့သောတိုင်းရင်းသားလူမျိုးများကောင်စီ-UNFCအနေနှင့်ဆွေးနွေးရန် တောင်းဆိုနေသည်။အစိုးရကလည်း၂၀၀၈အခြေခံဥပဒေအတိုင်းဆွေးနွေးရန် ပြောဆိုနေပြီး ဆွေးနွေးပွဲများ လက်တွေ့ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။
“ယာယီအပစ်အခတ်ရပ်ဆိုင်းတာကိုလက်နက်ကိုင်အဖွဲ့တွေအားလုံးကမူအားဖြင့် လက်ခံပါတယ်၊ ဒါပေမယ့် အဲဒါပြီးရင် ထာဝရ ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရ သရွေ့ ဆွေးနွေးပွဲ ဖြစ်လာနိုင်စရာ မရှိဘူး” ဟု ဦးလနန်က ပြောသည်။

Geen opmerkingen: