မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 september 2011

တွေ့ဆုံဆွေးနွေးရေးဇာခန်းဆီးကိုလှပ်ကြည့်ခြင်းအပိုင်း(၁)

ဝင်းမြင့်မောင် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၄၈ မိနစ် .
၂ဝ၁ဝရွေးကောက်ပွဲအပြီး၊အနိုင်ရကြံ့ဖွံ့ပါတီအစိုးရတက်လာသည်။ရွေးကောက်ပွဲလွန်နိုင်ငံရေးတွင် ရွေးကောက်ပွဲဝင်သည့်ဘက်နှင့်မဝင်သည့်ဘက်ပဋိပက္ခပေါ်လာသည်။မိတ်ဘက်ချင်းပဋိပက္ခဖြစ်သည်။
လက်ရှိအခြေအနေတွင်ဖြစ်ပေါ်နေသည့်နိုင်ငံရေးကိုပကတိအတိုင်းရှုမြင်ရန်အားထုတ်သင့်သည်။ တွေ့ဆုံဆွေးနွေးလမ်းကြောင်းနှင့်သွားမည်၊သို့မဟုတ်၉ဝရွေးကောက်ပွဲရလဒ်ကိုဆုပ်ကိုင်ပြီးကြံ့ဖွံ့အစိုးရကို တိုက်ခိုက်မည်။စသည့်နည်းလမ်းကိုပြတ်ပြတ်သားသားရွေးချယ်ရန်လိုအပ်သည်။
ယင်းသို့နည်းလမ်းရွေးချယ်ရာတွင်ပန်းတိုင်ကိုလက်တွေ့ကျကျသတ်မှတ်ရန်လိုသည်။မျက်မှောက် အခြေအနေသည်ဒီမိုကရေစီရေးလမ်းကြောင်းပေါ်သို့တင်ပေးနိုင်ရန်ဝေးလျက်ရှိသည်။ခရီးဝေးသည်ထက် တံတိုင်းကြီးခံနေသည်။ထိုတံတိုင်းကိုကျော်မလား၊ဖြိုမလားရွေးချယ်ရမည်။
တကယ်ပြောတာလား၊အယုံသွင်းတာလား၊ဒေါ်စုမပြောနှင့်ဗိုလ်ချုပ်အောင်ဆန်းကိုပင်သမိုင်းထဲက ဖျောက်ခဲ့သူတွေက၊အောင်ဆန်းပုံချိတ်လုပ်ပြလာသည်။ပြောစကားနှင့်အလုပ်ကရှေ့နောက်မညီ။ယင်းသို့ အငြင်းပွားစရာဖြစ်သောအခြေအနေကိုအကောင်းဘက်တွေးပြီးသမ္မတခေါ်တွေ့သည့်ရက်ကိုစောင့်နေပါက အခက်ကြီးကြုံ ရတက်မီးပုံ ပေါ်လာ လိမ့်မည်
သို့သော်ကျော်တက်ရန်ဖြစ်နိုင်မဖြစ်နိုင်သုံးသပ်ရန်ရှိသည်။ကျော်တက်ပါကလိုအပ်ချက်ထောက်ကူချက် ရှိရမည်။အချိန်ကြာမည်။အဓမ္မကြီးစိုးစီးပိုးတဲ့အကျင့်စရိုက်နဲ့ကျင်လည်နေသူတွေကကျော်တက်သည်ကို ကြည်ဖြူနိုင်ပါ့မလား။ကြည်ကြည်ဖြူဖြူလက်ကမ်းလာသည်ဆိုရင်တောင်၊ရိုးသားပါရဲ့လား၊အကောက်ကြံ ခလောက်ဆံအောင်လုပ်သွားမည်လား။
မိမိယှဉ်ဘက်၊ရန်ဘက်ကိုလျော့တွက်၍မရသတိကြီးကြီးထားမှတန်ကာကျမည်တကယ်ပြောတာလား၊ အယုံသွင်းတာလား၊ဒေါ်စုမပြောနှင့်ဗိုလ်ချုပ်အောင်ဆန်းကိုပင်သမိုင်းထဲကဖျောက်ခဲ့သူတွေက၊ အောင်ဆန်းပုံချိတ်လုပ်ပြလာသည်။ပြောစကားနှင့်အလုပ်ကရှေ့နောက်မညီ။ယင်းသို့အငြင်းပွားစရာ ဖြစ်သောအခြေအနေကိုအကောင်းဘက်တွေးပြီးသမ္မတခေါ်တွေ့သည့်ရက်ကိုစောင့်နေပါကအခက်ကြီးကြုံ ရတက်မီးပုံ ပေါ်လာလိမ့်မည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်းဒီမိုကရေစီအင်အားစုအတွင်းထည့်ထားရမည်။တောတွင်းလက်နက်ကိုင်တပ်များသည်နိုင်ငံရေး လိုအပ်ချက်အရကိုင်ထားရခြင်းဖြစ်သည်။သောင်းကျန်းသူများ မဟုတ်။
NLDပါတီသည်အာဏာရှင်စနစ်ဖြိုချရေးတွင်တပ်ဦးပါတီအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။သို့ဖြစ်၍ မိတ်ဖက်ပါတီများကို လက်တွဲထားသင့်သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်းဒီမိုကရေစီအင်အားစုအတွင်းထည့်ထားရမည်။တောတွင်း လက်နက်ကိုင်တပ်များသည်နိုင်ငံရေးလိုအပ်ချက်အရကိုင်ထားရခြင်းဖြစ်သည်။သောင်းကျန်းသူများ မဟုတ်။လက်နက်ကိုင်တပ်ပေါင်းစုရှိနေပြီဖြစ်၍ မြေပေါ်ပါတီများ တပ်ပေါင်းစု ရှိရမည်။ ယင်းသို့အင်အားကို စုစည်းမထားဘဲမည်သည့်နိုင်ငံရေးမျှရှေ့တိုးရမည်မဟုတ်ပါ။
လူထုထောက်ခံမှုရသည်ဆိုရုံမျှနှင့် မလုံလောက်ပါ။အင်အားစနစ်တကျစုစည်းရပါမည်စစ်ဗိုလ်တဖြစ်လဲ အာဏာရှင်အစိုးရကိုပုံမှန်အစိုးရကဲ့သို့ဆက်ဆံမိပါကထောင်ချောက်မိမှာစိုးရိမ်သည်ဆိုသော တိုင်းရင်းသား
ခေါင်းဆောင် တဦး၏ သတိပေးစကားကို လက်ဆောင်ပါးချင်ပါသည်။
နိုင်ငံရေးစီးပွားရေးအကျပ်အတည်း၊တပ်တွင်းအက်ကြောင်းနိုင်ငံရေးစီးပွားရေးအကျပ်အတည်း၊တပ်တွင်း အက်ကြောင်းစပ်ကြောင်းထိပ်ပိုင်းဗိုလ်ချုပ်များအုပ်စုအကွဲအပြဲ၊တရုတ်နဂါးကြီးကမြန်မာပြည်ကို တဖြည်းဖြည်းဝါးမျိုလာသည့်ရန်စွယ်ကတမှောင့်။
စပ်ကြောင်းထိပ်ပိုင်းဗိုလ်ချုပ်များအုပ်စုအကွဲအပြဲ၊တရုတ်နဂါးကြီးကမြန်မာပြည်ကိုတဖြည်းဖြည်း ဝါးမျိုလာသည့်ရန်စွယ်ကတမှောင့်အရေးရေးအခက်ကြုံနေရာ“ဗိုလ်သန်းရွှေအခက်ဒို့အချက်”ဆိုပြီး အင်နှင့်အားနှင့်ရင်ဆိုင်တိုက်ပွဲဝင်မှသာအခွင့်အလမ်းကိုဖမ်းယူနိုင်မည်ဖြစ်သည်။
ကျားကုတ်ကျားခဲအားထုတ်ရမည့်အချိန်ဖြစ်သည်။"စိတ်ပြောင်းလာပါပြီ"ဟု ယူဆပါက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားနိုင်ကြောင်း သတိပေးချင်ပါသည်။

ဝင်းမြင့်မောင်
(စာရေးသူဝင်းမြင့်မောင်သည်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့လွန်ပညာသင်ယူခဲ့သည်။စီးပွားရေးဆိုင်ရာသုတေသနဆောင်းပါးနှင့်နိုင်ငံရေးဆောင်းပါးများကို ရေးသားနေသူဖြစ်ပြီး၊ စီးပွားရေး ဘာသာရပ်ကို ပို့ချနေသူ ဖြစ်သည်။)



Geen opmerkingen: