မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 september 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန်ကိုယ်စားလှယ်တို့ဖွံ့ဖြိုးမှုအကူအညီပေးရေးဆွေးနွေး

ရန်ပိုင် Monday, 12 September 2011 18:06
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန်အစိုးရအထူးကိုယ်စားလှယ်မစ္စတာ ဒဲရက်မစ်ချယ်တို့ မြန်မာ့ပညာရေးနှင့် လူမှုရေးကဏ္ဍများတွင် ကူညီပေးရေး ဆွေးနွေးကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန်အစိုးရအထူးကိုယ်စားလှယ်မစ္စတာဒဲရက်မစ်ချယ်တို့ တွေ့ဆုံပြီးနောက်သတင်းထောက်များနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ယနေ့နံနက်၁၀နာရီခွဲကရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်မိနစ် ၄၀ခန့်ကြာတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီးဆွေးနွေးသည့်အကြောင်းအရာအသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြောခွင့်ရပုဂ္ဂိုလ်ဦးအုန်းကြိုင်က“ဒုဥက္ကဋ္ဌဦးတင်ဦးက လူငယ်ကွန်ရက်တွေတဆင့်အခမဲ့ပညာသင်ကြားမှု၊ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးနေတာတွေကို ဆွေးနွေးတယ်” ဟု ပြောသည်။
ဆွေးနွေးပွဲအပြီးသတင်းထောက်များကမစ္စတာဒဲရက်မစ်ချယ်နှင့်တွေ့ဆုံဆွေးနွေးမှုသည် ယခင် အထက်လွှတ်တော်အမတ်မစ္စတာဂျွန်မက်ကိန်းနှင့်တွေ့ဆုံခဲ့ရသည့်အခြေအနေများနှင့်တူညီခြင်းရှိမရှိ မေးမြန်ရာဒေါ်အောင်ဆန်းစုကြည်ကလက်ရှိအခြေအနေများပြောင်းလဲတိုးတက်လာသည့်အတွက် ဆွေးနွေးပွဲမှာကောင်းမွန်ကြောင်း၊စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်သည့်ကိစ္စရပ်များကိုမူဆွေးနွေးခြင်း မရှိကြောင်း ပြန်လည်ဖြေဆိုသည်ဟု သိရသည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်ကမြန်မာအစိုးရနှင့်ညှိနှိုင်းဆောင်ရွက်နေခြင်းသည်ပြည်သူကို မနစ်နာစေလို၍ရွေးချယ်ထားသည့်အကောင်းဆုံးနည်းလမ်းဖြစ်ပြီးပူးတွဲဆောင်ရွက်မှုမရှိဘဲနှင့် အမျိုးသားရင်ကြားစေ့ရေး ဖြစ်မလာနိုင်ကြောင်း သတင်းထောက်များကို ပြောသည်။
မစ္စတာဒဲရက်မစ်ချယ်ကလည်းမြန်မာပြည်အခြေအနေကိုအနီးကပ်လေ့လာစောင့်ကြည့်နေကြောင်း၊ ယခုဖြစ်ပေါ်နေသည့်အလားအလာကောင်းများမှတဆင့်ကောင်းမွန်သည့်အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
မစ္စတာဒဲရက်မစ်ချယ်သည်NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့အပါအ၀င်ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) နှင့်လည်း တနာရီကြာ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
CRPPအတွင်းရေးမှူးဦးအေးသာအောင်ကမြန်မာနိုင်ငံ၌၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကတိုင်းရင်း သားနယ်မြေများတွင်တိုက်ပွဲများယခုတိုင်ဖြစ်ပွားနေကြောင်း၊တိုင်းရင်းသားများအနေဖြင့်တန်းတူရေး၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊စစ်မှန်သောပြည်ထောင်စုဖွဲ့စည်းခွင့်ရရှိရေးဖြစ်ကြောင်း၊လက်ရှိ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများနှင့် ပတ်သက်၍ ပြုပြင်စရာ အများအပြားရှိနေကြောင်း ဆွေးနွေးသည်ဟု သိရှိရသည်။
ဇိုမီးအမျိုးသားကွန်ဂရက်ခေါင်းဆောင်တဦးဖြစ်သည့်ဦးပူကျင့်ရှင်းထန်ကလည်းယခုလက်ရှိ အခြေအနေသည်နိုင်ငံရေးအရထူးခြားသောတိုးတက်ပြောင်းလဲမှုမတွေ့ရသေးကြောင်း၊နိုင်ငံရေး အကျဉ်းသား၂၀၀၀ကျော်ချွင်းချက်မရှိလွတ်မြောက်လာလျှင်ထူးခြားသောတိုးတက်မှုဟုယူဆနိုင်ကြောင်း ဆွေးနွေးသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။
ယနေ့တွင် မစ္စတာ ဒဲရက် မစ်ချယ်သည် သမ္မတ နိုင်ငံရေး အကြံပေးအဖွဲ့နှင့်လည်း ၁၅ မိနစ်ခန့် တွေ့ဆုံပြီး အကြံပေးအဖွဲ့၏ လုပ်ငန်းရပ်များကို မေးမြန်းကြောင်း အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးကိုကိုလှိုင်က ပြောသည်။
မစ္စတာဒဲရက်မစ်ချယ်သည်၎င်း၏၅ရက်ကြာခရီးစဉ်အတွင်းစက်တင်ဘာလ၉ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနနှင့် မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေး၊ အလုပ်သမားရေးရာဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်တို့နှင့် နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးသည်။
ထို့နောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိNLDလူငယ်အဖွဲ့က စောင့်ရှောက်ထားသောHIV/AIDSဂေဟာသို့မနက်ပိုင်းတွင်သွားရောက်လည်ပတ်ခဲ့ပြီးလူနာများနှင့် ရောဂါ ကူးစက်ခံနေရသောကလေးငယ်များကို အားပေးစကားပြောဆိုသည်။ ထို့အပြင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်းသို့သွားရောက်ကာဥက္ကဋ္ဌ ဦးကျော်သူတို့နှင့်လည်းတွေ့ဆုံခဲ့ပြီး နာရေးကူညီမှုအသင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ် လေ့လာခဲ့သည်ဟု သိရသည်။
ပြည်တွင်းမှ ဧရာဝတီသတင်းထောက်တဦး ပူးပေါင်းရေးသားသည်။

Geen opmerkingen: