မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 28 september 2011

ရှမ်းပြည်ဌာနချုပ်မှKIAဆုတ်ခွာ

သန်းထိုက်ဦး Wednesday, 28 September 2011 16:48
.အစိုးရတပ်များ၏ထိုးစစ်ကြောင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကရှမ်းပြည်နယ်ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏အမှတ်၎တပ်မဟာဌာနချုပ်နှင့်စခန်းတချို့မှယခုရက်ပိုင်းအတွင်းဆုတ်ပေးလိုက်ရကြောင်း သိရသည်။
KIAတပ်ဖွဲ့ဝင်များသည်ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့တွင်အခြေစိုက်လှုပ်ရှားနေကြသည်(ဓာတ်ပုံ-KIA)
အစိုးရတပ်၏၁၂၀၊၁၀၅မမအမြောက်များနှင့်၅ရက်ကြာပစ်ခတ်သည့်ဒဏ်ကိုမခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်းထိုနေရာသည်စစ်ရေးအရဗျူဟာမကျကြောင်း၊အစိုးရတပ်ကယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။
“အစိုးရတပ်ကတဖြည်းဖြည်းနဲ့ချဉ်းကပ်လာနေတယ်၊တပ်ရင်းပေါင်း၂၀ကျော်သွားပြီးအားလုံးပေါင်းလိုက်ရင် အင်အား၂၀၀၀နီးပါးလောက်ရှိမယ်၊ကျနော်တို့ကပြောက်ကျားစနစ်နဲ့ပြန်လည်ခုခံတိုက်ခိုက်နေတယ်”ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာKIAတပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIAဘက်မှရှမ်းပြည်တပ်မတော်(SSA)မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။
“ကျနော်တို့ဖယ်ပေးလိုက်ရတဲ့နေရာဝန်းကျင်နဲ့တခြားနေရာတွေပါတန်ပြန်ပြောက်ကျားစနစ်နဲ့ပြန်တိုက်နေ တယ်” ဟုဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။
ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင်ကားလမ်းမ၏အနောက်ဘက်ရှိKIAတပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲတွင်နှစ်ဖက်အကျအဆုံးစာရင်းများကိုမူမသိရှိရသေးပေ။ တိုက်ပွဲများကြောင့်ဒေသခံကချင်၊ရှမ်း၊ပလောင်တိုင်းရင်းသားများကတရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ပြေးဒုက္ခသည်အများစုမှာကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။
ထိုဒေသမှတိုက်ပွဲများရက်အတန်ကြာလာပြီဖြစ်သော်လည်းမြန်မာအစိုးရကသတင်းထုတ် ခြင်း မရှိသေးပေ။
စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIAတပ်များအား လုံခြုံရေးအရစိတ်မချဟုအကြောင်းပြ၍ထွက်ခွာရန် ပြောဆိုခဲ့ကြပြီးနောက်နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့်KIAအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ KIAထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက်အအုံများ၊ ဆွေမျိုးများထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။

Geen opmerkingen: