မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 14 september 2011

စည်သူဇေယျကိုထောင်ဒဏ်၁၀နှစ်ထပ်တိုး

ဇာနည်မာန် Wednesday, 14 September 2011 17:52
.ရန်ကုန်မြို့တွင်၂၀၁၀ပြည့်နှစ်သင်္ကြန်ကာလအတွင်းX2Oရေကစားမဏ္ဍပ်ဗုံးပေါက်ကွဲမှု၌ဓာတ်ပုံရိုက်ကူး မှုကြောင့်ထိန်းသိမ်းခံရသူကိုစည်သူဇေယျကိုရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကထပ်တိုးပြစ်ဒဏ်၁၀နှစ် ယနေ့ ချမှတ်လိုက်သည်။
                                                ကိုစည်သူဇေယျနှင့်ဖခင်ဖြစ်သူဦးဇေယျ(ဓာတ်ပုံ-FreeBurmaVJ)
ကိုစည်သူဇေယျသည်ပြီးခဲ့သည့်ဖေဖော်ဝါရီလကမတရားအသင်းဆက်သွယ်မှု၊တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့်ထောင်ဒဏ်၈နှစ်ချမှတ်ခံရပြီးဖြစ်ရာယခုထပ်မံချမှတ်လိုက်သည့် အီလက်ထရောနစ်ပုဒ်မ ပြစ်ဒဏ်အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်သည်။
“စုစုပေါင်း၁၈နှစ်ကျသွားတယ်ဗျာ။လောလောဆယ်တော့အင်းစိန်ထောင်မှာပဲ။ကျနော်တို့ကတော့ဥပဒေ ကြောင်းအရအယူခံထပ်တက်ဖို့လုပ်နေတယ်”ဟုကိုစည်သူဇေယျ၏ဦးလေးဖြစ်သူကဧရာဝတီသို့ ပြောသည်။
X2Oရေကစားမဏ္ဍပ်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍သံသယဖြင့်ကိုစည်သူဇေယျနှင့်ဖခင်ဖြစ်သူဦးဇေယျ (စာရေးဆရာသားကြီးမောင်ဇေယျ)တို့ထိန်းသိမ်းခံခဲ့ရပြီး၂၀၁၁ဖေဖော်ဝါရီလတွင်ဦးဇေယျကိုမတရား အသင်းဆက်သွယ်မှု၊တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊အီလက်ထရောနစ်ပုဒ်မများဖြင့်ထောင်ဒဏ်၁၃နှစ် ချမှတ်ခဲ့သည်။ ဦးဇေယျသည်ယခုအခါ ရှမ်းပြည်နယ်ရှိ သီပေါထောင်တွင် အကျဉ်းကျခံနေရသည်။
၁၀ဦးသေဆုံး၍၁၇၀ကျော်ဒဏ်ရာရရှိကြောင်းအစိုးရကထုတ်ပြန်ခဲ့သည့်အဆိုပါသင်္ကြန်အတက်နေ့ ဗုံးကွဲမှုကြောင့်ဖမ်းဆီးခံရသူများတွင်ကိုစည်သူဇေယျ၊ဦးဇေယျတို့အပြင်ကိုဘိုဘိုသိန်းနှင့် အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင် စသူတို့လည်း ပါဝင်သည်။
ကိုဘိုဘိုသိန်းအပါအ၀င်၅ဦးကိုပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းကမာရွတ်မြို့နယ်နှင့်အလုံမြို့နယ် တရားရုံးတို့က ထောင်ဒဏ် ၂ နှစ်မှ ၁၁ နှစ်အထိ ချမှတ်ခဲ့သည်။
အာဏာပိုင်များကကိုဖြိုးဝေအောင်ကိုဗုံးပေါက်ကွဲမှုတွင်ပါဝင်ပတ်သက်သည်ဟုစွဲချက်တင် စစ်ဆေးနေဆဲဖြစ်သည်။

Geen opmerkingen: