မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 28 september 2011

ဘုရားသုံးဆူတွင်အခမဲ့ဆေးစစ်

ဧရာဝတီ Wednesday, 28 September 2011 12:06
.ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်၊ဘုရားသုံးဆူဒေသမှအလုပ်သမား၃၀၀၀ခန့်ကိုထိုင်းနယ်စပ်အာဏာပိုင် တို့နှင့်နိုင်ငံတကာကူညီကယ်ဆယ်ရေးအသင်းများကတနင်္လာနေ့မှ စတင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှု အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။

“ဒီအစီအစဉ်ကတပတ်ကြာပါလိမ့်မယ်။တရက်ကိုအလုပ်သမား၆၀၀နှုန်းစစ်ဆေးပေးမှာပါ။ကူးစက်ရော ဂါတွေထိုင်းနိုင်ငံထဲပြန့်ပွားမှာကိုကာကွယ်တဲ့အနေနဲ့ဒီအစီအစဉ်ကိုလုပ်နေတာပါ”ဟု ရောဂါရှာဖွေ စမ်းသပ်သည့် အစီအစဉ်တွင် ပါဝင်သူ အရာရှိတဦးဖြစ်သည့် Mr. Chuit Nakthongkham က ပြောသည်။
“တကယ်လို့အလုပ်သမားတယောက်မှာကူးစက်ရောဂါရှိတယ်ဆိုပါစို့။အဲဒါဆိုရင်သူ့ကို အလုပ်ခဏနားခိုင်းဖို့ အလုပ်ရှင်ကိုပြောမယ်။ပြီးတော့ကုသမှုခံယူရမယ်”ဟု Mr.ChuitNakthongkhamက ဧရာဝတီကို ပြောသည်။
American Refugee Committee (ARC) က အခမဲ့ ကုသပေးမည်ဟု သူက ရှင်းပြသည်။
“တနေ့တုန်းကကျန်းမာရေးဆေးစစ်တဲ့အခါမှာအဆုတ်ရောဂါဖြစ်တာ၎ယောက်ရှိတာတွေ့ရတယ်”ဟု ရောဂါရှာဖွေစမ်းသပ်သည့်အစီအစဉ်တွင်ပါဝင်ကူညီသည့်ဘုရားသုံးဆူမှရပ်မိရပ်ဖတဦးဖြစ်သူ နိုင်လရီရတ်က ပြောသည်။
ယမန်နေ့နေ့လယ်ပိုင်းအထိစစ်ဆေးချက်အရကူးစက်ရောဂါထပ်မံတွေ့ရှိခြင်းမရှိကြောင်းသူက ဆက်ပြောသည်။
“အလုပ်သမားတွေကူးစက်ရောဂါရှိလို့မဖြစ်ဘူး။အဲဒါ သူတို့ (ထိုင်းအစိုးရ) ရဲ့ မူဝါဒလေ” ဟု သူက ဆိုသည်။
ဘုရားသုံးဆူတွင် နေထိုင်သော ထိုအလုပ်သမားများသည် နေ့ခင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် မြန်မာပြည်ဘက်သို့ ပြန်သူများ ဖြစ်သည်။
လွန်ခဲ့သည့်၂နှစ်ကလည်းအလုပ်သမားများအတွက်ကျန်းမာရေးအခမဲ့ စမ်းသပ်စစ်ဆေးမှုများ ဤဒေသတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
“ဒီနှစ်တော့ အလုပ်သမားအရေအတွက် ပိုများလာတယ်။ မနှစ်ကဆိုရင် အလုပ်သမားက ၂၀၀၀ လောက်ပဲ ရှိတာ” ဟု ARC မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည့် ကိုမင်းမင်းက ရှင်းပြသည်။
ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုပြုသည့်နေရာကိုနံနက်၉နာရီမတိုင်မီကပင်မြန်မာပြည်သား အလုပ်သမားများ စုဝေး ရောက်ရှိနေကြသည်။
အလုပ်သမားများ လျှောက်လွှာပုံစံရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြီးစီးပါက ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို စစ်ဆေးပေးကြသည်။
အလုပ်သမားအများအပြားမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး အမျိုးသမီးများက သနပ်ခါး လိမ်းထားကြသည်။
စမ်းသပ်မှုအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသည့် အနေဖြင့် အလုပ်ရှင်တို့ကလည်း လုပ်ငန်းခွင်မ၀င်ဘဲ ရောဂါရှာဖွေရေးစခန်းသို့သွားသော အလုပ်သမားများကို နေ့စားခ ပေးသည်ဟု ဆိုသည်။
“ဒီနေ့ကျနော်တို့အလုပ်လုပ်စရာမလိုဘူး။အလုပ်မလုပ်ပေမယ့်ဒီနေ့အတွက် အလုပ်ရှင်က ပိုက်ဆံပေးတယ်” ဟု အလုပ်သမားတဦးက ပြောပြသည်။
ထိုင်းနိုင်ငံ စံခလပူရီမြို့WorldVisionအဖွဲ့ ၀န်ထမ်းများက ဆေးစစ်ရန်ရောက်လာသော အလုပ်သမားတို့ကို နေ့လယ်စာကျွေးပြီးကျန်းမာရေးပညာပေးနေကြသည်။ကူးစက်ရောဂါကာကွယ်နည်း လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဖြန့်ဝေနေသည်။
နေ့လယ်စာစောင့်ဆိုင်းနေသည့်အလုပ်သမားတို့ကWorldVisionအဖွဲ့ကစီစဉ်သည့်ဘောလုံးပစ်ပြီး လက်ဆောင်ပစ္စည်းရယူသော ကစားနည်းတွင် ပျော်ရွှင်စွာ ပါဝင်နေကြသည်။

Geen opmerkingen: