မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 14 september 2011

မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်းစာများဗကသဖြန့်ဝေဟုဆို

ထွန်းထွန်း ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၅ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြစ်ဆုံရေကာတာစီမံကိန်းကိုလုံးဝဖျက်သွားစေရမည်ဟုဆိုကာကန့်ကွက်ကြောင်း လှုံဆော်အသိပေးသောစာများကပ်ဝေမှုကိုမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်-ဗကသ ကပြောသည်။
ရန်ကုန်မြို့လူစည်ကားရာနေရာများဖြစ်သည့်ဆူးလေ၊မြေနီကုန်းနှင့်ရွှေဂုံတိုင်တို့ရှိကားမှတ်တိုင်များ၊ လိုင်းကားများပေါ်၌SavetheIrrawaddyစာတန်းများကိုစက်တင်ဘာလ၁၁ရက်နေ့မှစ၍လိုက်လံကပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဗိုလ်ချုပ်ခေတ်တုန်းကလွတ်လပ်ရေးယူတဲ့အချိန်မှာလူထုလူတန်းစားအလွှာအသီးသီးက၊တိုင်းရင်းသားတွေ
ကောအကုန်လုံးကကျန်တဲ့နေရာမှာသဘောထားကွဲလွဲချင်ကွဲလွဲမယ်။လွတ်လပ်ရေးဆိုတဲ့နေရာမှာသဘော
ထားမကွဲလွဲသလိုပဲကျနော်တို့ဒီခေတ်အခြေအနေမှာလည်းကျနော်တို့အစုအဖွဲ့တွေအကုန်လုံးက ဘယ်နေရာမှာပဲဘယ်လိုသဘောထားကွဲလွဲနေပစေဧရာဝတီဆိုတဲ့ကိစ္စမှာတော့တသက်မှတ်တည်း၊ တသဘောတည်းရှိတယ်။ဒီမြစ်ဆုံDamကိုလုံးဝဖျက်စေမယ်”ဟုဗကသပြောခွင့်ရကိုမင်းဆွေသစ်က မဇ္ဈိမကို ပြောသည်။
ဆည်စီမံကိန်းများ ရပ်တန့်ရေးအတွက် ယခုကဲ့သို့ စာတမ်းကပ်ခြင်းအပြင် “Savethe Irrawadd” တီရှပ်များ ဝတ်၍ဆည်စီမံကိန်းကြောင့်ထိခိုက်နစ်နာမှုများဖော်ပြထားမည့်ပန်းဖလက်ခ်ျကိုလည်းလိုက်လံ ဝေငှသွားရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
တချိန်တည်းမှာပင်လူအများအကြားဝေဖန်ကန့်ကွက်သံညံနေသော်လည်းလွှတ်တော်တွင်း မြစ်ဆုံရေကာတာ စီမံကိန်းအပေါ် ဆွေးနွေးမှု အားနည်းနေသည်ဟုလည်း ဗကသက ဝေဖန်သည်။
“ကျနော်ကလွှတ်တော်ကိုအားမကိုးဘူး။တခုပဲရှိတယ်။ဥပဒေဘောင်ထဲကလော်ဘီလုပ်ဖို့ အတွက်ကိုပဲ ပြော သင့်ရင်ပြောပေးသင့်တယ်”ဟုကိုမင်းဆွေသစ်ကပြောဆိုသည်။
လျှပ်စစ်စွမ်းအားအမှတ်(၁)ဝန်ကြီးဦးဇော်မင်းကလွန်ခဲ့သည့်တနင်္ဂနွေနေ့ကနေပြည်တော်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ဆည်စီမံကိန်း ဝေဖန်ကန့်ကွက်မှုများကိုဧရာဝတီရောဂါဆန်းများဟု ခေါ်ဆိုလိုက်ရင်း လူတစုက သဘာဝပတ်ဝန်းကျင် အကြောင်းပြ၍ ပျက်ပြားအောင် လုပ်ဆောင်သော်လည်း အမျိုးသား အကျိုးစီးပွား အတွက် ဆက်လုပ်သွားမည်ဟု ပြောသည်။
မြစ်ဆုံဆည်စီမံကိန်းကို၂ဝဝ၇ ခုနှစ်မှစ၍ စစ်အစိုရနှင့်နီးစပ်သည့် အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ် ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း-CPIတို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။
စီမံကိန်းကြောင့်ရွှေ့ပြောင်းပေးခဲ့ရသည့်ရွာ၆၃ရွာနှင့်လူပေါင်း၁၂ဝဝဝကျော်အတွက်လည်း ပြန်လည် နေရာချ ထားပေးရန် လိုအပ်နေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်KDNGမှထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။



Geen opmerkingen: