မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 19 september 2011

မြစ်ဆုံဆည်ကိစ္စအစိုးရအဖွဲ့အတွင်းသဘောထားကွဲလွဲနေ

ဧရာဝတီ Monday, 19 September 2011 13:07
.ဧရာဝတီမြစ်ဆုံတွင်ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်ပြီးအစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုရှိနေသောကြောင့်မြစ်ဆုံဆည်ဆက်လက်တည်ဆောက်ခြင်းပြု၊မပြုကိစ္စမတင်မကျ ဖြစ်နေကြောင်းသတင်းရရှိသည်။
                                                                     ဧရာဝတီမြစ်ဆုံ(ဓာတ်ပုံ - missgreenlady.com)
သမ္မတဦးသိန်းစိန်အပါအ၀င်အစိုးရ၀န်ကြီးဌာနတချို့ကမြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးမှပြန်လည်ဆောက်လုပ်ခွင့်ပြုသင့်၊မပြုသင့်ဆုံးဖြတ်ရန်လိုလားနေကြသော်လည်းဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးအပါအ၀င်အစိုးရ၀န်ကြီးတချို့ကမူမြစ်ဆုံစီမံကိန်းမူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်သွားရန်ဆန္ဒရှိနေကြကြောင်းသိရသည်။
နေပြည်တော်တွင်စက်တင်ဘာလ၁၇ရက်နေ့ကကျင်းပပြုလုပ်သည့်ဧရာဝတီမြစ်နှင့်သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင်မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီးအစိုးရ၀န်ကြီးတချို့၏သဘောထားကွဲလွဲမှုများကိုသိသိသာသာတွေ့မြင်ခဲ့ရကြောင်းတက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။
“အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံးမှာစက်မှု၂၀န်ကြီးဦးစိုးသိန်းကအကြံပြုချက်တခုတင်ပြတယ်။ဒီအကြံပြုချက် မှာစည်းလုံးညီညွတ်မှုမပြိုကွဲချင်တဲ့အကြောင်း၊ပြည်သူကိုအလေးထားတဲ့အကြောင်းပြောတယ်။ဒါပေမယ့် အဲဒီအကြံပြုချက်ကိုအစိုးရသတင်းစာတွေမှာမဖော်ပြဘူး”ဟုဆွေးနွေးပွဲတက်ရောက်ခွင့်ရခဲ့သည့်ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
ဧရာဝတီမြစ်နှအလုပ်ရုံဆွေးနွေးပွဲတွင်အမှတ်၁လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကသဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုများပြုလုပ်သွားမည်ဖြစ်သော်လည်းမြစ်ဆုံစီမံကိန်းကိုဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။
ပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းအောင်၊သတ္တုတွင်းဝန်ကြီးဦးသိန်းထိုက်အပါအ၀င်ဒုဝန်ကြီးတချို့ကမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက် သင့်သည်ဟု ဆိုကြသည်။
“မြစ်လက်တက်တွေမှာဆည်တွေများများဆောက်တာဟာမြစ်ကြောင်းထိန်းသိမ်းရေးအထောက်အကူ ပြုပါတယ်။ဆည်တွေက နုန်းတွေကို တားဆီးထားပြီး မြစ်ကြောင်းတလျှောက်နုန်းကျတာနည်းစေတယ်”ဟု ၀န်ကြီးဦးဉာဏ်ထွန်းအောင်ကဧရာဝတီမြစ်ဆုံစီမံကိန်းတည်ဆောက်ရန်ထောက်ခံရသည့် အကြောင်းအရင်း တရပ်ကိုပြောသည်။
အမှတ်၁လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ရေအားလျှပ်စစ်စီမံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးကလည်း “စီးပွားရေးဆိုင်ရာတွက်ခြေကိုက်မှုစိစစ်ချက်”ဆိုသော စာတမ်းတစောင်ကို တင်သွင်းခဲ့ပြီး မြစ်ဆုံစီမံကိန်းမှအမေရိကန်ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟု ဆိုသည်။
“စီမံကိန်းကြောင့်အကျိုးဖြစ်ထွန်းမှုကိုကြည့်ရင်မြန်မာဘက်ကအမေရိကန်ဒေါ်လာသန်းထောင်ပေါင်း၁၇.၆၇ ရမယ်။တရုတ်ဘက်ကအမေရိကန်ဒေါ်လာသန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။ နှစ်ဘက် အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့အခါမှာမြန်မာဘက်ကအမေရိကန်ဒေါ်လာသန်းခြောက်ထောင်ကျော်အသာရတယ်”ဟု ဦးကြီးစိုးက ရှင်းပြသည်။
စက်မှု၁နှင့်စက်မှု၂၀န်ကြီး ဦးစိုးသိန်း၊သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ကမူ မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီးပြန်လည်စဉ်းစားသုံးသပ်ကာပြည်သူ့သဘောထားကိုလိုက်နာမည်ဟု ပြောဆိုသွားသည်။
“တိုင်ပင်ခြင်း မရှိတဲ့ စီမံကိန်းက ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံးဝိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများရမယ်” ဟု ဦးစိုးသိန်းက ပြောသည်။
နေပြည်တော်တွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံးမှ ထောက်ခံသော ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရာ အဆိုပါ ကြေညာချက်တွင် မြစ်ဆုံစီမံကိန်းအား ပြန်လည် စိစစ်သင့်ကြောင်း ပါရှိသည်။
ရာထူးအာဏာများသည်တခဏတာမျှသာဖြစ်ပြီးပြည်သူလူထုထာဝရတည်တံ့ရေးနှင့် မြစ်ဆုံစီမံကိန်းကြောင့်စည်းလုံးညီညွတ်မှုမပြိုကွဲရေးအလေးထားသင့်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း၊ ဆည်ဆောက်ခြင်းသည် နောက်နောင် ပြင်ဆင်ရန်ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည်ကြောင်း ၎င်းက အကြံပြု ပြောသည်။
“EnvironmentalImpactAccess(EIA)၊SocialImpactAccess(SIA)တွေကိုပြန်Reviewလုပ်သင့်ပါတယ်။ ပြီးရင်ချပြ၊ပွင့်ပွင့်လင်းလင်းပေါ့။ပညာရှင်တွေအပြုသဘောနဲ့အမျိုးသားအကျိုးစီးပွားအတွက်ဝေဖန်သုံးသပ်သင့်တယ်” ဟု ဦးစိုးသိန်းက ဆိုသည်။
သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းကလည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ထွက်ရှိနိုင်စေရန် ဆောင်ရွက်နေပြီး မြစ်ဆုံဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိ၊ မရှိ ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။
“သစ်တောကတာဝန်ရှိလို့မှန်မှန်ကန်ကန်ဆောင်ရွက်မယ်။ဒီစီမံကိန်းကနိုင်ငံတော်စီမံကိန်းဖြစ်လို့မပြည့် စုံတဲ့ဗဟုသုတတွေနဲ့ဝေဖန်ဖို့ထက်သေသေချာချာစိစစ်လေ့လာပြီးမှပြောမယ်။လေ့လာပြီးမှအရှိကို အရှိအတိုင်း၊အမှန်ကိုအမှန်အတိုင်းလုပ်မယ်။ဘာကိုမှမငဲ့ညှာဘူး။မျက်နှာလိုက်တာ၊အခွင့်ရေးပေးတာ မလုပ်ဘဲ ဆောင်ရွက်သွားမယ်” ဟုဦးဝင်းထွန်းက ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်း မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့် မဲခွဲဆုံးဖြတ်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် စစ်တပ် ကိုယ်စားလှယ်များက မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ထောက်ခံခဲ့လျှင် ပြည်သူနှင့် အစိုးရအကြား သေချာပေါက် တင်းမာမှုများ ဖြစ်ပေါ်လာမည်ဟု ထင်မြင်ချက်ပေးသည်။
ဧရာဝတီမြစ်ကြီးပျက်စီးသွားနိုင်သောကြောင့်မြစ်ဆုံစီမံကိန်းကိစ္စပြန်လည်သုံးသပ်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူလူထု အလွှာသီးသီးက အစိုးရကို တောင်းဆိုလျက်ရှိသည်။

Geen opmerkingen: