မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 september 2011

KIAနှင့်အစိုးရတိုက်ပွဲပိုမိုတိုးပွားလာ

သန်းထိုက်ဦး Friday, 30 September 2011 18:37
.အစိုးရတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြားတိုက်ခိုက်မှုများရှမ်းနှင့်ကချင်ဒေသတွင်ပိုမို တိုးပွားလာကြောင်းKIAကပြောသည်။
တိုက်ပွဲများကကချင်ပြည်နယ်မိုးညှင်းမြို့ရှိငှက်ပျောတောကျေးရွာ၊မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO)တွဲဖက်အထွေထွေအတွင်းရေးမှူးဦးလနန်ကဧရာဝတီကို ပြောသည်။
ဇွန်လ၃၀ရက်နေ့တွင်သေဆုံးသွားသောစစ်ပြေးဒုက္ခသည်ကလေးတဦးကိုသဂြိုင်္လ်ရန်ဇူလိုင်၁ရက်နေ့က လိုင်ဇာဒေသတွင်ပြင်ဆင်နေသောမြင်ကွင်းတခု(ဓာတ်ပုံ-ဧရာဝတီ)
KIA၏အမှတ်၎တပ်မဟာလှုပ်ရှားခွင်ဖြစ်သည့်ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိပန်ဆိုင်း၊တာမိုးညဲစသည့်ဒေသ များတွင်လည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းဦးလနန်ကပြောသည်။
“တပ်မဟာ၎ဘက်မှာတော့တိုက်ပွဲဟာလုံးဝကျယ်ပြန့်သွားပြီးအစိုးရတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုကျနော်တို့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကပြန်တိုက်နေကြတယ်” ဟုဦးလနန်ကဧရာဝတီကို ပြောသည်။
တပ်မဟာ၎ဒေသသည်စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ အပြင်းအထန်ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။
ယမန်နေ့ကကချင်ပြည်နယ်လိုင်ဇာဒေသသို့ ဦးတည်လာသောအစိုးရတပ်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။
“မြစ်ကြီးနားကနေပြီတော့ရွှေညောင်ပင်ဘက်ကိုသူတို့တပ်အင်အားဖြည့်တာရှိတယ်၊နောက်ပြီးတော့ မြစ်ကြီးနားကနေဧရာဝတီမြစ်လမ်းကြောင်းဆင်းပြီးတာလောကြီးဘက်က၀င်လာဖို့ရှိတယ်၊ဗန်းမော်မြို့ အနောက်ဘက်ခြမ်အဲဒီကနေလည်းတက်လာဖို့အစီအစဉ်ရှိတယ်၊ဒါကိုကြည့်ခြင်းအားဖြင့်သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။
“လိုင်ဇာဒေသကိုဝင်လာမယ်ဆိုရင်ဒီဒေသတော့သူတို့အတွက်သတ်ကွင်းဖြစ်သွားပါလိမ့်မယ်၊သူတို့ သိမှာပါ။ ဒါကြောင့်မို့သူတို့ကအဝေးကနေလက်နက်ကြီးတွေကိုအားကိုးပြီးတော့ပစ်ကြမယ်လို့ထင်တယ်”ဟု ဦးလနန်က ဆိုသည်။
KIAကတိုက်ပွဲအခြေအနေများ၊၎င်းတို့၏သဘောထားများကိုသတင်းဌာနများသို့ပြောဆိုနေချိန်တွင်အစိုး ရက စစ်သတင်းကို အမှောင်ချထားသည်။
နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

Geen opmerkingen: