မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 september 2011

အသုံးချခံရမည်ကိုဒေါ်အောင်ဆန်းစုကြည်မမှု

ဧရာဝတီ Friday, 09 September 2011 16:39
.မြန်မာအစိုးရ၏အသုံးချမှုကိုခံနေရခြင်းမရှိကြောင်းဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်ဟုလွတ်လပ်တဲ့အာရှအသံ(RFA)၏ အင်တာနက်စာမျက်နှာတွင်ကြာသပတေးနေ့က ဖော်ပြထားသည်။
သြဂုတ်လ၁၂ရက်နေ့ကရန်ကုန်မြို့တွင်သတင်းထောက်များနှင့်တွေ့ဆုံနေသောဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီးဦးအောင်ကြည်(ဓာတ်ပုံ-ဧရာဝတီ)
မကြာသေးမီကဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရခေါင်းဆောင်များတွေ့ဆုံကြပြီးနောက်ပိုင်း သိသာထင်ရှားသည့်ပြောင်းလဲတိုးတက်မှုများဖြစ်ပေါ်မလာသေးသဖြင့်ထိုသို့သုံးသပ်နေကြချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“အသုံးချခံနေရတယ်လို့မမြင်ပါဘူး၊ပူးတွဲပြီးတော့လုပ်ဆောင်တယ်လို့မြင်ပါတယ်”ဟုRFAပရိသတ်များနှင့်အ မေးအဖြေကဏ္ဍတခုတွင်ဒေါ်အောင်ဆန်းစုကြည်ကပြောလိုက်သည်။
ပြည်တွင်းပြည်ပဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့်အစိုးရ၏ အသုံးချခံ ဖြစ်သွားမည်ကိုလည်း စိုးရိမ်ခြင်း မရှိဟု ဆိုသည်။
“တကယ်ပဲအသုံးချခံရတယ်ဆိုရင်တောင်မှတိုင်းပြည်အတွက်အသုံးချခံရတယ်ဆိုရင်မနှစ်မြို့စရာအကြောင်း  မရှိပါဘူး၊ယုံကြည်ချက်အတွက်ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည်တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဖောက်မည်မဟုတ်ဟုယုံကြည်ကြောင်း မိတ္ထီလာခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီဝင်ဒေါ်မြင့်မြင့်အေးကဧရာဝတီသို့ ပြောသည်။
“လမ်းကြောင်းမှန်ပေါ်လာအောင်တီထွင်ကြံဆပြီးလုပ်နေတဲ့ဟာကိုကျမတို့ကထောက်ခံပြီးတော့အတိုင်း အတာတခုအထိ ပံ့ပိုးပေးသွားရမယ်” ဟု ဒေါ်မြင့်မြင့်အေးက ဆိုသည်။
ပြီးခဲ့သည့်၂လအတွင်းဒေါ်အောင်ဆန်းစုကြည်သည်သမ္မတဦးသိန်းစိန်၊အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့နှင့်တွေ့ဆုံစကားပြောခဲ့သည်။ဆွေးနွေးမှုအကြောင်းအရာအသေးစိတ်နှင့် သဘောတူညီချက်များကို နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတတွေ့ဆုံမှုနှင့်ပတ်သက်၍အစိုးရမီဒီယာများကထုတ်ပြန်ရာတွင်မတူ ကွဲလွဲချက်များကိုရှောင်ရှားပြီးတူညီချက်များကိုတိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်သွားမည် ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာအစိုးရက၂၀၁၄ခုနှစ်အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ရလိုသဖြင့်နိုင်ငံတကာဖိအားလျော့နည်းစေရန်ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူတချို့က ပြောဆိုနေကြသည်။

Geen opmerkingen: