မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 28 september 2011

မြစ်ဆုံစီမံကိန်း၊ဒဂုန်တာရာလေးနက်စွာကန့်ကွက်

ကိုပေါက် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၃၂ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ဧရာဝတီမြစ်ဖျားခံရာအရပ်ရှိမြစ်ဆုံဆည်စီမံကိန်းအား‘လေးနက်စွာ ကန့်ကွက်ကြောင်း’အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာက ငြိမ်းချမ်းရေး ပန်ကြားလွှာ အမှတ် ၃ ကို ထုတ်ပြန် လိုက်သည်။
တနင်္လာနေ့က ထုတ်ပြန်လိုက်သည့်အဆိုပါပန်ကြားလွှာတွင်ဧရာဝတီမြစ်ကြီးမှာလူ့ပယောဂများကြောင့် များစွာပျက်စီးနေပြီး မြစ်ဆုံဆည်စီမံကိန်းကြောင့်“မြန်မာ့ရဋ္ဌမြန်မာ့သဘာဝ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်သည် သာမကမြန်မာနှင့် အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်” ဟု ဖော်ပြပါရှိသည်။
ရှေးဦးမြန်မာများလက်ထက်ကတည်းကဧရာဝတီမှာပထဝီသဘာဝအရတည်ရှိနေခဲ့ခြင်းဖြစ်ပြီး မြန်မာတပြည်လုံးကပိုင်ဆိုင်ကြောင်း“ဧရာဝတီမြစ်ဆိုတာမြန်မာပြည်လို့ပေါ်တဲ့အချိန်ကစပြီးရှိတာ။ ရှည်လည်းရှည်တယ်။သိပ်ကြီးကျယ်တယ်လေ။တပြည်လုံးနဲ့ဆိုင်တယ်။တရုတ်နဲ့ဆိုင်တာမဟုတ်ဘူး”ဟု ဒဂုန်တာရာက မဇ္ဈိမကိုပြောသည်။
ယင်းအပြင်မြစ်ဆုံဆည်အရေးသည်ပြည်တွင်းစစ်အထိဦးတည်သွားနိုင်သဖြင့်စီမံကိန်းကို ရပ်ဆိုင်းထားပါရန် ကချင်လွတ်မြောက်ရေးအဖွဲ့KIOကတရုတ်သမ္မတဟူကျင်းတောင်ထံမတ်လ၁၆ရက်နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာရေးသားပေးပို့ခဲ့ဖူးပြီး အစိုးရနှင့်KIOအကြားတိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်းသြဂုတ်လ၁၁ရက်နေ့ကပန်ကြားချက်တစောင်ထုတ်ပြန်ပြီး ဧရာဝတီမြစ်ကြီး တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်နေကြောင်း “ငြိမ်းချမ်းရေးတရားနှင့် သဟဇာတ ဖြစ်ခြင်းကို မြတ်နိုးသူများအားလုံးတို့အားအာရှတိုက်၏အရေးအပါဆုံးမြစ်တခုဖြစ်သည့်ဧရာဝတီကို ခြိမ်းခြောက်နေသည့်အန္တရာယ်များအားကမ္ဘာတဝှမ်းမှသိရှိနားလည်ကြစေရန်ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြပါရန်” ဟု ဖော်ပြပါရှိသည်။
ထို့ပြင်“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊စီးပွားရေးဆိုင်ရာ၊အတတ်ပညာဆိုင်ရာနှင့်နိုင်ငံရေးဆိုင်ရာ ပြဿနာအားလုံးကိုကျွန်ုပ်တို့အားလုံးပူးပေါင်းခြင်းဖြင့်အောင်မြင်စွာဖြေရှင်းနိုင်ကြပါမည်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားထားသည်။
ဤမြစ်ဆုံစီမံကိန်းကြီးအားဆက်လုပ်မည်ဟု ပြောဆိုခဲ့သူ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းကမူ လွှတ်တော်နှင့် အစိုးရအဖွဲ့၏မူဝါဒအဆုံးအဖြတ်အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟုစက်တင်ဘာလ၁၇ ရက်နေ့ကကျင်းပခဲ့သော“ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ” အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုသွားခဲ့သည်။
သို့သော်ဤစီမံကိန်းအားဆက်လက်ဆောင်ရွက်ရန်သင့်မသင့်ကို လွှတ်တော်တခုတည်းဖြင့် ဆုံးဖြတ်မည်ဆိုပါကမျှတသည့်ဆုံးဖြတ်ချက်ဖြစ်မည်မဟုတ်ကြောင်း၂ဝ၁ဝရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီRNDPမှအထွေထွေအတွင်းတေရးမှူးဦးလှစောက “လွှတ်တော်တခုတည်းနဲ့ဆုံးဖြတ်မယ်ဆိုရင်မျှတမယ်လို့မထင်ဘူး။လွှတ်တော်မှာကြီးစိုးထားတာက ပါတီကြီး ဆိုတော့ အဲဒီပါတီကြီးမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တဦးချင်း လွတ်လပ်မှု အနေအထားကို ဘယ်လိုမှ အာမခံနိုင်တဲ့ အနေအထားမရှိဘူး”ဟုမဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ပြောဆိုထားသည်။
ဧရာဝတီ၏မြစ်ဆုံရေကာတာစီမံကိန်းကြီးကို‘အပြီးအပိုင်အနိုင်အထက်’ဆောက်လုပ်နေခြင်းအား ကန့်ကွက်မှုများအားဖြေရှင်းရန်မှာဝန်ကြီးတဦးတယောက်၏စကားဖြင့်ဆုံးဖြတ်၍မရကြောင်းလည်း ဒဂုန်တာရာက ဆိုသည်။
“စတည်တာကလည်း အရေးကြီးတယ်လေ။ ဘယ်သူ စတည်တာလဲ” ဟု ထောက်ပြ ပြောဆိုသွားသည်။
မြစ်ဆုံရေကာတာ စီမံကိန်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖ စစ်အစိုးရလက်ထက် ၂ဝဝ၉ ဒီဇင်ဘာလမှ စ၍ အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။ ထွက်ရှိမည့် ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ မှ၉ဝရာခိုင်နှုန်းကိုတရုတ်နိုင်ငံက ရရှိမည်ဖြစ်ပြီး အမှတ် ၁လျှပ်စစ် စွမ်းအင်ဝန်ကြီး ဌာနနှင့် တရုတ် China Power Investment Corporation –CPI တို့ အကျိုးတူ ဆောင်ရွက်နေခြင်း ဖြစ်သည်။



Geen opmerkingen: